ဝေါယာဉ်သည်တာရှနန်းတော်ရှေ့တွက်ရပ်လိုက်ပီး
"မင်းသမီး ဆင်းလာခဲ့ပါ။"
ဟွမ်ကျွင့်ကျယ်သည်ယွင်ချီ့လက်ကိုကိုင်ကာဝေါယာဉ်ပေါ်မှဆင်းလာခဲ့သည်။
"မင်းကြီးရဲ့နန်းဆောင်ကိုသွားကြရအောင် "
"ကောင်းပါပြီ"
မင်းသား2ကိုပြန်ဖြေလိုက်ပြီး အနားတစ်ဝိုက်သို့မျက်လုံးကစားလိုက်ပီးမင်းသား3ကိုရှာလိုက်သည်။ သို့သော်အရိပ်ယောင်တောင်မတေွ့ရချေ။
မင်းသား2နှင့်အတူနန်းတော်ထဲသို့လျှောက်လာရင်းဧကရာဇ်နန်းေဆာင်ရှေ့သို့ရောက်လာခဲ့သည်။
"မင်းကြီး ဟွမ်တိုင်းပြည်ရဲ့မင်းသမီးရောက်လာပါပီ"
"ဝင်လာခဲ့ပါ"
မင်းကြီးရဲ့စကားသံအဆုံးနန်းဆောင်တံခါးကိုဖွင့်ကာအရင်ဝင်ရန်မင်းသား2မှလက်ဟန်ပြသည်။
"ရောက်လာပီလားမင်းသမီး"
ဟွမ်ကျွင့်ကျယ်သည်ဉီးညွှတ်ကာနှုတ်ဆက်ပီး
"ကျန်းမာအသက်ရှည်ပါစေမင်းကြီး
ကျွန်မကဟွမ်မင်းကြီးရဲ့သမီးတော် မင်းသမီး3 ဟွမ်ကျွင့်ကျယ်ပါ။ ""ကောင်းပါပြီ ထပါထပါ လမ်းခရီးတစ်လျှောက်လုံးပင်ပန်းခဲ့ရောပေါ့ အနားယူဖို့်စီစဉ်ပေးလိုက်မယ်နောက်ရက်ကျမှသေချာလေးတေွ့ကြတာပေါ့ အထိန်းတော် မင်းသမီးဟွမ်နေဖို့်
အနောက်ခြံဝန်းကိုလိုက်ပို့လိုက်ပါ"မင်းသား2သည်ဟွမ်ကျွင့်ကျယ်ကိုကြည့်ပီးမင်းကြီးကိုပြန်ကြည့်ကာ
"အနောက်ခြံဝန်းမှာမင်းသား3နေတာပါ။ အခုလိုမင်းသမီးကိုပါနေခိုင်းလိုက်ရင် လူအများပြောစရာဖြစ်မှာစိုးလို့ပါ"
"ဘာများဖြစ်မှာလဲ အနောက်ခြံဝန်းကအကျယ်ကြီး ကျစ်ကွမ်းနဲ့သူ့နောက်လိုက်ပဲနေတာ အနောက်ခြံဝန်းမှာအိမ်သုံးလုံးတောင်ရှိတာ မင်းသမီးဟွမ်အတွက်နေစရာရှိပါတယ်။ နောက်ပီးလူပျိုလေးနဲ့ မိန်းမပျိုလေးသက်သက်စီနေတာပဲဟာဘယ်သူကဘာများပြောနိုင်မှာလဲ"
မင်းကြီးဟွမ်သည်အစေခံမလေးတေွဘက်လှည့်ကာသတိပေးတဲ့အကြည့်များဖြင့်ကြည့်လိုက်ပြီး ထိုအကြည့်မှာ*ပြောတဲ့သူကိုအရှင်မထားဘူး*ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တာကြောင့် နန်းတွင်းသူလေးတေွမှာခေါင်းကိုငုံ့ကာအနောက်သို့ဆုတ်သွားတော့သည်။
![](https://img.wattpad.com/cover/365687474-288-k779315.jpg)
YOU ARE READING
White lotus
Fanficရေကန်ထဲမှာကြာပန်းဖြူအပြည့်နဲ့အရှေ့နန်းဆောင်ရဲ့အိမ်ရှေ့စံနဲ့သူ့ကြင်ယာတော်