ဟွမ်ကျွင့်ကျယ်သည်လက်နှစ်ဖက်ဖြင့်ရှကျစ်ကွမ်းရဲ့ပါးနှစ်ဖက်ကိုကိုင်ကာ ပါး၊နှာဖူး၊နှာခေါင်းရောပါနမ်းလိုက်သည်။
ယွင်ချီနဲ့စစ်ထူမှာပါးစပ်အဟောင်းသား
ရှကျစ်ကွမ်းမှာတော့ဟွမ်ကျွင့်ကျယ်ကိုချီလျက်နေရာတွင်တောင့်တောင့်ကြီးဖြစ်နေသည်။
အသိဝင်လာမှဟွမ်ကျွင့်ကျယ်ကိုချီကာထွက်သွားသည်။ အနောက်ခြံဝန်းကိုရောက်သောအခါရှကျစ်ကွမ်းသည်ဟွမ်ကျွင့်ကျယ်ကိုချီကာဟွမ်ကျွင့်ကျယ်တို့အိမ်ထဲဝင်သွားပြီးအိပ်ရာပေါ်တွင်ချပေးလိုက်သည်။
မတ်တပ်ရပ်လျက်နှုတ်ခမ်းကိုစိုက်ကြည့်နေမိသည်။စွာတေးလန်ရဲ့နှုတ်ခမ်းလေးကအဲ့လောက်အိမယ်မထင်မိ။
ထို့နောက်သူ့အိမ်သို့ပြန်သွားတော့သည်။မနက်တွင်မူးနောက်နေသောခေါင်းကိုမနည်းထောင်ကာအိပ်ရာမှထလိုက်ရသည်။
"မင်းသားနိုးပီလား ဒီမှာအမူးပြေဖို်အတွက်ပျားရည်ပူပူလေး"
ဟွမ်ကျွင့်ကျယ်သည်ရှည်လျားသောလက်များဖြင့်ခွက်ကိုယူကာ
"ရှကျစ်ကွမ်းရော"
"သူ့အိမ်တော်မှာရှိပါတယ်။ "
"ရေချိုးဖို့ပြင်ပေး ပီးရင်သွားတေွ့ရအောင်"
ယွင်ချီသည်ကြောင်အအဖြင့်ရပ်ကြည့်နေသောကြောင့်
"မနေ့ညက.....အဲ့ဟာ...ငါအကုန်မှတ်မိနေတယ်"
"အဲ့တာကိုသွားရှင်းဖို့လား"
"စကားမများနဲ့ဟိုရောက်ရင်သိမှာပဲကိုသူအပြင်မသွားခင်ငါသွားတေွ့ရမယ် ပြင်ဆင်ပေး"
"ကောင်းပါပြီ"
ဟွမ်ကျွင့်ကျယ်သည်ရေချိုးပြီးနောက်အစိမ်းနုရောင်ဝတ်စုံလေးကိုဝတ်ကာဆံပင်ကိုတစ်ဝက်ကိုထုံးထားပီးတစ်ဝက်ကိုချထားသည်။
ထို့နောက်ရှကျစ်ကွမ်းရဲ့အိမ်တော်သို့ထွက်ခွာသွားသည်။
တံခါးတစ်ချက်ခေါက်ပီးနောက်စစ်ထူသည်တံခါးကိုဖွင့်လာသည်။"မင်းသား3ရှိလား မင်းသမီးကတေွ့ချင်လို့တဲ့"
ယွင်ချီရဲ့စကားအဆုံးရှကျစ်ကွမ်းရဲ့
ြသရှလှတဲ့အသံထွက်ပေါ်လာတယ်။
အိမ်တော်အတွင်းသို့်ဝင်ပီးသည့်နောက် ယွင်ချီသည်အပြင်ဘက်ကိုကြည့်ကာမည်သူမှမရှိတာသေချာမှတံခါးကိုပိတ်လိုက်သည်။
ဟွမ်ကျွင့်ကျယ်သည် ဒဂ်ါးပြားအထုပ်ကြီးနှစ်ထုပ်ကိုစားပွဲပေါ်သို့ချလိုက်သည်။ ထို့နောက်သက်သက်စီခွဲကာသွန်မှောက်ချလိုက်သည်။ ကျလာသည့် ဒဂ်ါးပြားများသည် အမှတ်တမဲ့ကြည့်လျှင်တစ်ပုံစံတည်းထင်ရသည်။ သို့သော်အမှန်စင်စစ်ကွဲပြားသည်။

YOU ARE READING
White lotus
Fanfictionရေကန်ထဲမှာကြာပန်းဖြူအပြည့်နဲ့အရှေ့နန်းဆောင်ရဲ့အိမ်ရှေ့စံနဲ့သူ့ကြင်ယာတော်