Part-11

150 21 3
                                    

မနက်တွင်ဟွမ်ကျွင့်ကျယ်သည်ရှကျစ်ကွမ်းအိမ်တော်သို့သွားရန်ပြင်ဆင်နေချိန်တွင် ယွင်ချီရောက်လာပီး ရှကျစ်ကွမ်းသည်မနက်မိုးသောက်ကတည်းက ညီလာခံသို့သွားကြောင်းပြောလာသည်။
ဟွမ်ကျွင့်ကျယ်သည် ယွင်ချီ့ကိုငါးတစ်ကောင်ဖမ်းလာခိုင်းခဲ့သည်။
ခဏနေတော့တံခါးခေါက်သံကြောင့်ယွင်ချီပြန်လာသည်ထင်သောကြောင့်တံခါးသွားဖွင့်သောအခါ ယွင်ချီ့အစား မင်းသမီး ရှချင်းရုံကိုတေွ့လိုက်ရသည်။

"မင်းသမီး ကျမဆီကိုဘာလာလုပ်တာလဲ"

"အထဲပေးမဝင်တော့ဘူးလား"

"ကြွပါ ကြွပါ"

ဟွမ်ကျွင့်ကျယ်သည်တံခါးမှဖယ်ပေးလိုက်ပီး မင်းသမီးရှချင်းရုံသည်အခန်းတွင်းဝင်လာသည်။ သူ့အစေခံမလေးတေွနှင့်အခြားအစေခံတေွကိုတော့အပြင်ဘက်မှာပဲရပ်နေဖို့ပြောလိုက်သည်။

"ကျဲကျဲ မင်းသမီးလို့မခေါ်ပါနဲ့ ရုံအာလို့ခေါ်ပါဆို"

"ကောင်းပါပြီ ရုံအာကဘာလာလုပ်တာလဲ"

"ကျဲကျဲဆီလာလည်တာလေ မရဘူးလား"

"ရပါတယ်ရှင်"

စားပွဲပေါ်တွင်ပျ့ံနေသည့်ဆေးရွက်နှင့်ဆေးထောင်းသည်ကြိတ်ဆုံကိုတေွ့တော့ရုံအာသည်ထူးဆန်းစွာလိုက်ကြည့်ပီး

"ဒါကဆေးတေွမလားဘာလုပ်မလို့လဲကျဲကျဲ"

"ကျဲကျဲက ဆေးပညာသင်ဖူးတယ်လေ ဒါကဟွမ်တိုင်းပြည်နဲ့ ဟုန်ယောင်ရဲ့အနောက်ဘက်က တောင်ပေါ်ကခူးလာတဲ့အရွက်တေွ ဒါတေွကိုကြိတ်စရာရှိတာကြိတ် အရည်ညှစ်စရာရှိတာညှစ်ပီး ဆေးဖော်ထားမလို့ လိုအပ်ရင်ချက်ချင်းသုံးလို့ရတယ်လေ တချို့ဆေးတေွက မျက်စိကိုစပ်စေတာတို့ အသားကိုမနေနိုင်အောင်ယားယံစေတာတို့ဖြစ်စေတယ် အဲ့တာဆောင်ထားရင်အခြားသူလာအနိုင်ကျင့်ရင်ခဏလောက်တော့ပြေးဖို့အချိန်ရတယ်လေ"

"ကျဲကျဲကတော်လိုက်တာ ဒါနဲ့ဟုန်ယောင်လို့ကြားလိုက်တယ် ဟုန်ယောင်စီရင်စုကိုပြောတာလား"

"အင်း ကျဲရဲ့မယ်တော်က ဟုန်ယောင်စီရင်စုကတရားသူကြီးဟောင်းရဲ့သမီးလေ ငယ်ငယ်ကဟုန်ယောင်မှာခဏနေဖူးတယ်"

White lotus Where stories live. Discover now