ဉယာဉ်ထဲရှိထမင်းဝိုင်းတွင်အကုန်စုံနေပြီ။ မင်းသား2နဲ့ရှန့်ယန်တို့လည်းပြန်ရောက်လာပြီ။
"ရှန့်ယန်ကော နင့်နှုတ်ခမ်းကပေါက်နေတယ်ဘယ်လိုဖြစ်တာလဲ"
ရုံအာရဲ့စကားကြောင့်ရှန့်ယန်သည်ကိုယ့်နှုတ်ခမ်းကိုယ်ပြန်ကိုင်ကြည့်လိုက်သည်။
"ချော်လဲတုန်းကထိသွားတာ"
"အော်"
တကယ်ကမင်းသား2ကိုက်လိုက်တာကြောင့်ဖြစ်သည်။
အကုန်ရောက်လာပြီး ယဲ့ပိုင်မင်နှင့်ပိုင်ကျင်းယွမ်သည် ထန်ချီရဲ့တပ်မှူးချုပ်ကိုကြိုးတုပ်ကာခေါ်လာသည်။ နောက်တစ်ယောက်လည်းပါသေးသည်။
ဟွမ်ကျွင့်ကျယ်သည်တပ်မှူးချုပ်ဘေးမှကြိုးဖြင့်တုပ်ခံထားရသောသူကိုကြည့်ကာ"သူကဘယ်သူလဲ"
"တာရှမိဘုရားခေါင်ချင်းရန်ရဲ့လူယုံ ဟုန်ယောင်ကိုရောက်နေတာတစ်လလောက်ရှိပြီ"
ယဲ့ပိုင်မင်ရဲ့စကားကြောင့် ချင်းရုံသည်ကြောင်အသွားသည်။
"အကိုယဲ့ ဒါ....ဒါဘာစကားလဲ အမေကဘာလို့သူလျှိုလွှတ်ထားတာလဲ သူ့ကိုရောဘာလို့ဖမ်းထားတာလဲ"
ရုံအာရဲ့အမေးကိုဘယ်သူမှမဖြေ။ ဟွမ်ကျွင့်ကျယ်သည် တပ်မှူးချုပ်နားကိုသွားကာ ထိုတပ်မှူးချုပ်ရဲ့ဒဏ်ရာတေွပေါ်ဆားရည်ကိုလောင်းချလိုက်သည်။ တပ်မှူးချုပ်မှာမချိမဆံ့ခံစားရသဖြင့် အသားကုန်အော်ဟစ်နေသည်။
"မင်းကိုအသက်ရှင်လျက်ထားတာအကြောင်းမဲ့မဟုတ်ဘူး ပြောစမ်း.... ဘယ်သူကသတင်းပေးတာလဲ "
တပ်မှူးချုပ်သည်ပါးစပ်မဟ။ ဒီတစ်ခါမှာတော့ဟွမ်ကျွင့်ကျယ်သည်ရေတစ်ခွက်ကိုယူလာသည်။ ထိုရေကိုတပ်မှူးချုပ်ရဲ့လက်ပေါ်ကိုလောင်းချလိုက်သည်နှင့်အက်စစ်ဖြင့်ပက်သကဲ့သို့ဒဏ်ရာများပေါ်ပေါက်လာသည်။
"အဆိပ်ကိုမင်းလည်းမိထားတယ် အဲ့အဆိပ်ကိုသုံးပြီးနည်းအမျိုးမျိုးနှိပ်စက်လို့ရတယ် သေတာထက်ဆိုးမယ်ဆိုရင်ရော"
ဟွမ်ကျွင့်ကျယ်သည်ဆေးရွက်တေွကိုမီးရှို့ထားသည့် သံဗန်းတစ်ခုကိုကိုင်ကာသူ့အနားတိုးလာချိန်တွင်တပ်မှူးချုပ်သည်ကြောက်လန့်ကာ
YOU ARE READING
White lotus
Fanfictionရေကန်ထဲမှာကြာပန်းဖြူအပြည့်နဲ့အရှေ့နန်းဆောင်ရဲ့အိမ်ရှေ့စံနဲ့သူ့ကြင်ယာတော်