အချိန်တစ်ခုကြာပြီးနောက်ဟွမ်ကျွင့်ကျယ်သည်ထိုအခန်းမှပြန်ထွက်လာသည်။
ရှကျစ်ကွမ်းနှင့်စစ်ထူရှေ့သို့နှစ်ယောက်လုံးရောက်လာပြီး ပိုက်ဆံထုပ်နှစ်ထုပ်ကိုအသီးသီးကိုင်ဆောင်လာကြသည်။
နန်းဆောင်ကိုတူတူပြန်လာကြပီး"မင်းကဒါလည်းတတ်တာပဲလား"
ရှကျစ်ကွမ်းရဲ့ထူးထူးဆန်းဆန်းအကြည့်ကိုဟွမ်ကျွင့်ကျယ်သည်လှောင်ရယ်ကာ"အင်း နောက်ထပ်တတ်တာတေွအများကြီးပဲနောက်မှတဖြည်းဖြည်းသိလာလိမ့်မယ်"
"မင်းဘာလို့အဲ့အထူးခန်းမှာဆော့ချင်နေရတာလဲ"
"သူတို့ကမာကျောက်ဆော့နေတာလေ ငါကအဲ့တာကိုကျွမ်းတယ် ပိုက်ဆံပိုရှာလို့ရတယ်လေ နောက်ပီးအထူးခန်းဆိုတော့ဘာတေွရှိလဲစူးစမ်းချင်လို့"
"အော် ဘာတေွရှိလဲ "
"ကောင်ချောလေးတေွရော အရမ်းလှတဲ့မိန်းမလှလေးတေွရောရှိတယ်"
ရှကျစ်ကွမ်းသည်မျက်နှာတစ်ချက်မဲ့သွားကာစကားဆက်မပြောတော့ချေ။
အနောက်ခြံဝန်းကိုပြန်ရောက်ပြီးနောက်အသီးသီးသူတို့အိမ်ထဲသို့ဝင်သွားကြသည်။
ဟွမ်ကျွင့်ကျယ်သည်ပိုက်ဆံနှစ်ထုပ်ကိုချလိုက်ကာယွင်ချီလည်းချလိုက်သည်။ ထိုလေးထုပ်မှတစ်ထုပ်ကိုယွင်ချီကိုပေးကာ"နန်းတွင်းထဲမှာလည်းနန်းတွင်းသူတေွကြားတချို့လောင်းကစားတေွကအရမ်းနာမည်ကြီးတယ်ကြားတယ် သေချာဆော့ခဲ့ ပိုက်ဆံလျော့သွားတာမမြင်ချင်ဘူးတိုးလာတာပဲမြင်ချင်တယ် နေ့လည်ထမင်းစားချိန်မတိုင်ခင်ပြန်လာခဲ့"
ယွင်ချီသည်ခေါင်းတစ်ချက်ငြိမ့်ကာထွက်သွားတော့သည်။
ဟွမ်ကျွင့်ကျယ်သည်ယွင်ချီထွက်သွားပြီးနောက်ပိုက်ဆံအိတ်တေွကိုမှောက်ချကာ ဒဂ်ါးတေွကိုခွဲထုတ်နေသည်။နေ့လည်ခင်းယွင်ချီပြန်လာချိန်တွင်လက်ထဲတွင် ဒဂ်ါးထုတ်သုံးထုပ်ကိုမြင်လိုက်သည်။
"တော်တယ်"
"မင်းသား "
"ပြော"
"ဒီညမင်းသား3က ဆောင်ကြာမြိုင်ကိုသွားမယ်လို့ကြားခဲ့တယ်။ "
YOU ARE READING
White lotus
Fanfictionရေကန်ထဲမှာကြာပန်းဖြူအပြည့်နဲ့အရှေ့နန်းဆောင်ရဲ့အိမ်ရှေ့စံနဲ့သူ့ကြင်ယာတော်