စစ်ပွဲကြီးပြီးဆုံး၍မြို့ထဲကိုဝင်လိုက်သည်နှင့်ထန်ချီရဲ့အမြှောက်ပစ်ဒဏ်ကြောင့်ထိခိုက်ထားသည့်မြို့ထဲမှအခြေနေကိုကြည့်ကာ စိတ်မကောင်းဖြစ်မိသည်။ အတန်တန်ကာကွယ်သော်လည်းထိခိုက်ခဲ့သည်။
ဟွမ်ကျွင့်ကျယ်သည်အရန်စစ်တပ်ဘက်သို့လှည့်ကာ"စစ်တိုက်ထွက်ထားတဲ့စစ်သည်တေွကိုအနားယူခိုင်းလိုက်မယ် မင်းတို့အရန်စစ်တပ်ကတော့ ဒဏ်ရာရပီးအိမ်ကိုဆုံးရှုံးခဲ့ရတဲ့ပြည်သူတေွကိုအသင့်ဆောက်ထားတဲ့ စခန်းကိုခေါ်သွားလိုက်
ပြီးတော့အိမ်အပျက်အစီးတေွကိုရှင်းလင်းထား ပြီးတော့အပြင်ဘက်ကစစ်မြေပြင်ကိုရှင်း""သခင်လေး အပြင်ကသေနေတဲ့ထန်ချီစစ်သားတေွကိုဘယ်လိုလုပ်မလဲ"
"မီးရှို့လိုက်သေနေတဲ့သူတေွရောမသေမရှင်တေွရောအကုန်မီးရှို့ပစ်လိုက်"
ဟွမ်ကျွင့်ကျယ်သည်ပြတ်ပြတ်သားသားပြောကာထွက်သွားတော့သည်။ တရားသူကြီးမင်းပိုင်ရဲ့ခြံဝန်းထဲရောက်သည်နှင့်အခန်းဆီသို့တန်းသွားလိုက်သည်။
"ယွင်ချီ မင်းသမီးနဲ့ရှန့်နင်ကိုအပြင်ပြန်ထုတ်ပေးလိုက် ပီးတော့ဆေးကုသဖို့်အတွက်ကူညီခိုင်းလိုက်"
"ကောင်းပါပြီ"
ဟွမ်ကျွင့်ကျယ်သည်အခန်းထဲရောက်သည်နှင့်စစ်ဝတ်တန်ဆာများကိုချွတ်ကာ ရေချိုးကန်ထဲသို့ဝင်ထိုင်လိုက်သည်။ မျက်လုံးကိုမှိတ်ကာရေချိုးကန်ဘောင်ပေါ်ခေါင်းတင်ကာအိပ်နေလိုက်သည်။
တစ်ဖက်တွင်တော့ရှကျစ်ကွမ်းသည် ဒဏ်ရာရစစ်သည်များကိုဆေးကုသခန်းသို့ခေါ်ဆောင်ပေးရာတွင်ကူညီနေသည်။ခနနေတော့ယွင်ချီနှင့်အတူရုံအာနှင့်ရှန်နင်တို့ရောက်လာသည်။
"ရုံအာ မင်းဘာလာလုပ်တာလဲ "
"ဒဏ်ရာရနေတဲ့သူတေွကိုလာကူညီတာ"
"ဒီနေရာတခုလုံးကသွေးညှီန့ံတေွနဲ့ပြည့်နေတာမင်းလုပ်နိုင်လို့လား"
"လုပ်နိုင်တယ် ရအောင်လုပ်မယ် စစ်တိုက်တာကိုမကူညီနိုင်တောင် တစ်ဖက်တစ်လှမ်းကနေကူညီမယ်"
![](https://img.wattpad.com/cover/365687474-288-k779315.jpg)
YOU ARE READING
White lotus
Fanfictionရေကန်ထဲမှာကြာပန်းဖြူအပြည့်နဲ့အရှေ့နန်းဆောင်ရဲ့အိမ်ရှေ့စံနဲ့သူ့ကြင်ယာတော်