Part-28

132 16 1
                                    

"ကျယ်ကျဲထတော့"

မိုးတောင်မလင်းသေးခင်ကတည်းကတံခါးခေါက်ပြီးလူကိုလာနှိုးနေသောရုံအာ

"ရုံအာ.... မနက်မိုးလင်းခါစပဲရှိသေးတယ်"

ဟွမ်ကျွင့်ကျယ်သည် အိပ်ချင်မူးတူးနဲ့အနည်းငယ်အော်ပြောလိုက်သည်။

"ကျယ်ကျဲကလည်းမနေ့ကရေနစ်ထားတော့နေမကောင်းဘူးလားလို့လာသတင်းမေးတာကို"

"သတင်းမေးရင်နေ့လည်လောက်မှလာလေ သွား ခြံထဲမှာစောင့်နေ ရေချိုးပြီးထွက်လာခဲ့မယ် "

"ကောင်းပါပြီရှင့်မနက်စာအတွက်ဆန်ပြုတ်သွားပြင်ထားလိုက်မယ်နော်"

"အင်း...အင်းလုပ်ချင်တာလုပ်သွား"

ရုံအာအခန်းထဲမှထွက်သွားပြီးနောက် ဟွမ်ကျွင့်ကျယ်သည်ရေချိုးရန်ပြင်ဆင်သည်။

"ယွင်ချီရေချိုးကန်ထဲကဆေးရွက်တေွကဘာလဲ"

"မင်းသား3လာပို့ပေးထားတာပါ မနေ့ကရေကန်ထဲကျသွားလို့ နေမကောင်းဖြစ်မှာစိုးလို့သမားတော်ကိုဆေးရွက်တွေနဲ့ဆေးတွေပြင်ဆင်ခိုင်းထားတာ"

"အင်း..ဒါနဲ့ရှန့်နင်ကိုရောသတိပေးပြီးပြီလား"

"ပေးပြီးပါပြီ "

"ငါရှာခိုင်းထားတဲ့လူနဲ့ဆေးရော "

"အဆင်သင့်ပါပဲ"

"ကောင်းပြီ ဝတ်ဖို့အတွက်ထုတ်ထားပေးပြီးရုံအာနဲ့အတူလိုအပ်တာသွားလုပ်ပေးလိုက်"

"ဟုတ်ကဲ့"

ရေချိုးပြီးနောက်ပြန်ထွက်လာသည့်အခါအခန်းထဲတွင်ဆန်ပြုတ်နှင့်ကြက်ကြော်ပန်းကန်ရှေ့ထိုင်စောင့်နေသည့်ရုံအာကိုတေွ့ရသည်။

"ယွင်ချီပဲနေခဲ့အကုန်အပြင်မှာစောင့်နေ"

မင်းသမီးရုံအာရဲ့စကားအဆုံးယွင်ချီမှလွဲ၍ကျန်တဲ့အစေခံတွေအကုန်အပြင်ထွက်သွားကြသည်။

"ကော...ဒီမှာကြက်ကြော်နဲ့ဆန်ပြုတ်"

"အဲ့လောက်ထိမလိုပါဘူးငါကလွယ်လွယ်နေမကောင်းမဖြစ်ပါဘူး"

"သိပါတယ်ရော် ဒါမယ့်ဟန်ဆောင်ကာမူပိုရမယ်လေ"

"အင်းပါ"

White lotus Where stories live. Discover now