အပိုင်း (၁)
နွေနှောင်း နေ့လယ်ခင်းအချိန်တွင် တိုက်လေက ပူပြင်းသည်။
ပုစဉ်းရင်ကွဲများနှင့် ဖားများကလည်း ဆူညံနေကြသည်။
ကျန်းမြန့်မြန့်က ကောင်းကောင်းအိပ်ပျော်နေခဲ့ပြီး အနည်းငယ်ဗိုက်ဆာတာကြောင့် နိုးလာခဲ့တယ်။
သူမမျက်လုံးဖွင့်လိုက်တော့ မျက်နှာဝိုင်းဝိုင်းနဲ့အမျိုးသမီးတစ်ဦးက သူမကို ပြုံးပြနေခဲ့တာကို တွေ့လိုက်ရတယ်။
“ကလေးလေးနိုးလာပြီ၊ ဗိုက်ဆာနေပြီလားဟင်”
မျက်နှာကြီးကြီးနဲ့အမျိုးသမီးက သူမကိုချီလိုက်ပြီးတော့ သူ့အင်္ကျီသူ ကျွမ်းကျင်စွာလှန်လိုက်တယ်။
သူမကလည်း သူမပါးစပ်ကိုအလိုအလျောက်ဖွင့်လိုက်ကာ ခပ်ပြင်းပြင်းစုပ်လိုက်တော့တယ်။
ဖြစ်စဉ်က ချောမွေ့နေပြီး သူတို့နှစ်ယောက်က ကောင်းကောင်း ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြတယ်။
ကျန်းမြန့်မြန့်က နို့စို့နေရင်း သူမဘာသာတွေးမိလိုက်တယ်။
သူမဒီခန္ဓာကိုယ်ထဲကို ထူးဆန်းစွာ ကူးပြောင်းလာတာ ယခုဆို တစ်လရှိပြီ။ အစကတော့ သူမဘာကိုမှ ကောင်းကောင်းမမြင်နိုင်ခဲ့ဘူး။ ကလေးရဲ့မျက်လုံးတွေက ကောင်းကောင်းအလုပ်မလုပ်သေးတာကြောင့် အရာအားလုံးက မှုန်ဝါးနေခဲ့တယ်လေ။
နောက်တော့ သူမအမြင်အာရုံက တိုးတက်သလိုရှိလာခဲ့ပြီး သူမ စိတ်ပျက်မှုကိုခံစားလိုက်ရတော့တယ်။
ဒီဟာက အရမ်းကိုမှ သာမန်ဆန်တဲ့ မိသားစုတစ်စုပဲ။ အိမ်ကရိုးရိုးရှင်းရှင်း၊ ကျောက်ကုတင်နဲ့ အခြေခံစိုက်ပျိုးရေးကိရိယာတချို့သာ ရှိလေတယ်....
ဒီကူးပြောင်းမှုနဲ့ပတ်သက်ပြီးတော့ သူမရဲ့ ကံတရားက နည်းနည်းတော့ သာမန်ဆန်တယ်။
ကံကောင်းတာက ဒီခန္ဓာကိုယ်ရဲ့ မိခင်က အလွန်သိမ်မွေ့ပြီး သူမကို လုံခြုံမှုပေးစွမ်းနိုင်တယ်လေ။
အလွန်ကြီးမားတဲ့မျက်နှာနဲ့ သူမရဲ့ သွင်ပြင်ကရိုးရှင်းလှတယ်၊ ဒါမှမဟုတ် ဒါက သူမ နို့စို့နေချိန် မော့ကြည့်နေရတဲ့ ကျန်းမြန့်မြန့်ရဲ့ မြင်ကွင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
YOU ARE READING
ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်
Romanceဗီလိန်မိသားစုထဲ မွေးဖွားလာတယ် Description ကျန်းမြန့်မြန့်တစ်ယောက် အချိန်ခရီးသွားခဲ့တယ်။ သူမဖခင်က နက်နဲတဲ့ ပညာရှိမျက်နှာမျိုးရှိပေမဲ့ နှလုံးသားကတော့ ကောက်ကျစ်လေတယ်။ သူမမိခင်ကတော့ ကြင်နာတတ်တဲ့ ဗုဒ္ဓမျက်နှာမျိုးပေမဲ့ ရက်စက်တဲ့စိတ်ထားရှိပေတယ်။ သူမရဲ့အစ်...