Chapter 37

1.2K 156 0
                                    

အခန်း (၃၇) ကောင်းမှုနဲ့ မကောင်းမှု

"ဂါး~ ဂါး~"
"ဂါး~ ဂါး~"

နေ့လယ်ခင်း...

တောအုပ်ထဲမှာ ဘာငှက်မှ မရှိဘူး။

ပုစဉ်းရင်ကွဲသံတွေတော့ ကြားနေရတယ်။

ပုစဉ်းရင်ကွဲသံတွေက ငါးဖမ်းပိုက်ကွန်လိုပဲ ဘေးပတ်ပတ်လည်ကနေ ဆူညံနေကာ လူတွေကို အလယ်မှာ ပိတ်လှောင်ထားတယ်။

တောထဲမှာ ဆယ်ကျော်သက်လေးအချို့က တစ်ယောက်နဲ့ တစ်ယောက် မာန်ဖီရင်း ဆော့ကစားနေကြတယ်။

ကောင်လေးတစ်ယောက်က သစ်ပင်ပေါ်တက်ကာ သစ်ကိုင်းပေါ်ထိုင်လိုက်ပြီး အောက်ကိုငုံ့ကြည့်လိုက်တယ်။

အမြင့်မှာထိုင်နေရတော့ လေတိုက်သလိုပဲ။

လေက ကောင်လေးရဲ့ နဖူးက ဆံပင်တွေကို ဖယ်ရှားလိုက်ကာ အဝေးကကြည့်ရင် ပန်းပွင့်နေတာနဲ့ တူတဲ့ နီညိုရောင် အမာရွတ်ကို ပေါ်လွင်သွားစေတယ်။

ဆယ်ကျော်သက်လေးက သစ်ကိုင်းမှာထိုင်ရင်း အဝေးကို ငေးကြည့်နေတယ်။

လမ်းတစ်လမ်းကို မြင်ရတယ်၊ နေရောင်က လမ်းပေါ်ကျနေပြီးတော့ လမ်းပေါ်မှာ ဘယ်သူမှမရှိဘူး။

သူတွေးလိုက်တယ်၊ တကယ်လို့ အမေသာ သူ ဒီကို လမ်းပေါ်လာမဲ့သူကို ခြုံခိုပြီး ဓားပြတိုက်ဖို့ တခြားသူတွေနဲ့ ရောက်လာမှန်းသိရင် သူမက ပုဆိန်ဆွဲပြီး ပြေးလာလောက်တယ်။
ဒါပေမဲ့ သူက လမ်းသွားလမ်းလာတွေကို တကယ်တော့ ဓားပြမတိုက်ချင်ပါဘူး၊ သူက တုန်းဇီပါးစပ်က ပြောပြောနေတဲ့ အစ်ကိုကြီးဆိုသူကို တွေ့ဖို့စောင့်နေတာပါ။

တုန်းဇီက ပြောတယ် သူ့အစ်ကိုကြီးက ခံတပ်ရဲ့ စတုတ္ထမြောက် သခင်ဖြစ်ပြီး အရမ်းအားကြီးတယ်ပြောတယ်။

တကယ်လို့ သူတို့သာ ဒါကိုလုပ်နိုင်ရင် အစ်ကိုကြီးက တတိယသခင်ဖြစ်လာမှာ။ အဲဒီအခါကျရင် အစ်ကိုကြီးက အသားစား သေရည်သောက်ရတဲ့ ဘဝမျိုးမှာ နေနိုင်လိမ့်မယ်၊ ဒါက သူတို့ရဲ့ သစ္စာခံမှုပဲ။

သူတို့က 'သစ္စာတော်ခံ' တယ်ဆိုတာ ဘာပြောမှန်းမသိပါဘူး၊ အဲ့တာက သူတို့ကို အရေးပါအရာရောက်စေတယ်လို့ပဲ ထင်မိတာ။

"ငါတို့နဲ့ ပူးပေါင်းချင်တဲ့ ဘယ်သင့်တော်တဲ့သူမဆို သစ္စာခံရမယ်"

သူတို့က မင်း ရာဇဝတ်မှု မကျူးလွန်၊ သွေးမထွက်သရွေ့ မင်းကိုယုံကြည်မှာ မဟုတ်ဘူး။

မင်း သွေးထွက်သံယို ဖြစ်စေပြီးရင်တော့ ပြန်လမ်းမရှိတော့ဘူး။
အဖေကပြောတယ် မကောင်းမှုကို မလုပ်ရဘူးတဲ့၊ အနည်းဆုံးတော့ လူသိရှင်ကြားမလုပ်ရဘူး၊ အဲ့တာက အတုံးဆုံးနည်းလမ်းပဲ။

တကယ်လို့ လုပ်မယ်ဆိုရင်တောင် လွတ်လမ်းရှိတာ သေချာစေရမယ်။

အရှေ့က လမ်းက ကျဉ်းမြောင်းပြီး ကောက်ကွေ့လေတယ်၊ ရှေ့နဲ့ နောက်ကို လှမ်းမမြင်ရနိုင်ဘူး... ခြုံခိုပြီး ဓားပြတိုက်ဖို့ အကောင်းဆုံးနေရာပဲ...

......

နေခင်းနေရောင်ခြည်က ဝေါယာဉ်ပေါ်က မိန်းကလေးရဲ့ မျက်နှာပေါ်ကို နူးညံ့စွာ ကျရောက်နေတယ်။

ကုန်သည်လေးရဲ့ မျက်လုံးထဲမှာ လောဘရိပ်တွေ ဖြတ်သွားတယ်။

သူက နှိမ့်ချပြောဆိုမှု မပြုနိုင်ခင်မှာပဲ အော်လိုက်မိတယ်။ "အားယို့"

ကုန်သည်ရဲ့ မိန်းမက ပိုတောင် စိတ်မရှည်ဖြစ်နေတယ်။ ဘာလို့ဆို သူမခြင်းတောင်းထဲမှာ ကောင်မလေး ၂ ယောက်ကို တစ်ဖက်စီ ထည့်ထားရတယ်လေ။

တစ်ချက်ကြည့်လိုက်တော့ ဝေါယာဉ်ပေါ်မှာ အဘွားအိုတစ်ဦးထိုင်နေပြီး ပုတီးကို ကိုင်ထားကာ အသက်ရှိနေတဲ့ ဗုဒ္ဓပုံတော်နဲ့တောင် တူသေးတယ်။

ပုံမှန်ဆိုရင်တော့ လိမ်ခေါ်လာတာ သူမ ဖြစ်ပြီးတော့ သူက ကူသယ်ပေးရုံပဲ။

သူမက ခင်ပွန်းဖြစ်သူအပေါ် အလွန်ကြမ်းတမ်းပေမဲ့ လူအများရှေ့တွင်တော့ စကားသိပ်မပြောဘူး။

အရင်ကတော့ သူတို့ဒီလိုလူတွေနဲ့ တွေ့ရင် ဘာမှပြောဆိုခြင်းမရှိဘဲ ဒီတိုင်းဖြတ်သွားခဲ့ကြတယ်။ ဒီလိုဂုဏ်သရေရှိ လူတန်းစားတွေက သူတို့ကို လှည့်တောင်မကြည့်ဘူးလေ။

ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် သူ အော်ခဲ့တယ်။ သေချင်နေတာလား။

ရုတ်တရက် သူမရဲ့ ခြင်းတောင်းတစ်တောင်းက ကောင်းကောင်းပိတ်မနေဘဲ ဝတ်ရုံလက်တစ်ပိုင်း ပေါ်နေတာကို တွေ့လိုက်ရတယ်။ နဖူးပေါ်ကနေ ချွေးတွေကျလာတယ်။

ဈေးသည်ကလည်း ထိုဝတ်ရုံလက်ကို တွေ့လိုက်ပေမဲ့ သူ့မိန်းမရဲ့ တုန်နေတဲ့လက်ကို ဆွဲလိုက်ပြီး နာကျင်အောင် ဆိတ်လိုက်တယ်။

ထို့နောက် သူက ဝေါယာဉ်ပေါ်က လူတွေကို နှိမ့်ချစွာ ပြုံးပြကာ "ကျွန်တော်က ဒီနားက ဈေးသည်တစ်ယောက်ပါ။ ခရိုင်ထဲက ပစ္စည်းကောင်းတွေ သယ်ပြီး ရွာတွေမှာ လိုက်ရောင်းတယ်။ သခင်မတို့ လိုချင်တာများ တွေ့ကြလား။ ကျွန်တော့်မှာ အစုံရှိတယ်"

ဈေးသည်က ပါးပြင်မှာ မျက်ရည်တွေနဲ့ ပြောလိုက်တယ်။ သူ့မိန်းမကလည်း သူ့ဘေးမှာ ရိုကျိုးစွာ ရပ်နေခဲ့တယ်။

တစ်ချိန်တည်းမှာပဲ သူမ ခန္ဓာကိုယ်နဲ့ ခြင်းကို ကွယ်ထားတယ်။

ယောင်ကူးက ခြင်းတောင်းကို ရွံသလိုကြည့်လိုက်တယ်။ "ခရိုင်မြို့မှာ ဘာကောင်းတာ ရှိနိုင်မှာလဲ၊ အဲ့တာများ မင်းတို့မှာ အကုန်ရှိတယ်ပြောနေသေးတယ်"

အဘွားအိုကလည်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်တယ်။ လမ်းလယ်မှာ ရပ်နေရတာ အတော်ပူလေတယ်။

သူမ ဘုရားဝတ်ပြုဖို့ သွားရဦးမယ်။

ရုတ်တရက် 'ကလက်' ဆိုတဲ့ အသံထွက်လာတယ်။

ဈေးသည်ရဲ့ ခြင်းတောင်းအဖုံးက ပြုတ်ကျသွားတယ်။

အကုန်လုံးရဲ့ အကြည့်က အဲဒီကို ရောက်သွားကြတယ်။

ရှုပ်ပွနေတဲ့ အစမဲမဲတွေကြားထဲမှာ အံ့ဩဖို့ကောင်းစွာနဲ့ ဖြူဖြူဖွေးဖွေး ချစ်စရာကလေးငယ်တစ်ယောက်။

ကလေးလေးက လက်တွေကို ယမ်းကာ ချစ်စရာကောင်းနေခဲ့တယ်။

အမျိုးသမီးရဲ့ နဖူးကနေ ချွေးတွေ မြေကြီးပေါ်အထိ ကျလာတယ်။ သူမ ခုနက ဒီကလေးကို လည်ပင်းညစ်မသတ်ခဲ့တာ နောင်တရနေခဲ့တယ်။

ကျန်းမြန့်မြန့် မငိုရဲဘူး။

ဘာလို့ဆို ငိုလိုက်ရင် ကလေးကို လည်ပင်းညစ်လိုက်မှာစိုးလို့၊ ပြီးတော့ ငိုတာက လမ်းသွားလမ်းလာတွေကိုလည်း အနှောင့်အယှက်ဖြစ်စေလိမ့်မယ်။

သူမက အဖုံးကို ကန်ဖွင့်နိုင်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ရတယ်၊ ပြီးတော့ သူမ မိသားစုချစ်တဲ့ သူမရဲ့ ချစ်စရာအကောင်းဆုံးပုံစံကို လုပ်ပြခဲ့တယ်။

အိမ်မှာတော့ သူမ ဒီလိုလုပ်ပြရင် မမက သူမကို နမ်းလိမ်မယ်၊ အစ်ကိုကြီးက သူမခေါင်းကို ပုတ်ပေးလိမ့်မယ်၊ အမေက သူမကို ဗိုက်ဆာပြီလားမေးပြီး အဖေကတော့ သူမကို ချီလိမ့်မယ်။

အဖုံးကို ကန်ထုတ်လိုက်ပြီး သူမရဲ့ ကောင်းမွန်တဲ့ အမြင်အာရုံနဲ့ ဝေါယာဉ်ပေါ်က လူတွေကို ချက်ချင်း မှတ်မိသွားတယ်။

သူမက ရင်းနှီးနေတဲ့ မျက်နှာတွေကို တွေ့ရတာ စိတ်လှုပ်ရှားသွားတယ်။

ရင်းနှီးပြီးသားလူတွေက လူကုန်ကူးသမားတွေထက်တော့ ပိုကောင်းတာပဲမလား။ မမက တခြားခြင်းထဲမှာ ရှိနေတုန်းပဲ။ မိန်းမငယ်လေးတွေ အဖမ်းခံလာရတာ သေချာပေါက် မကောင်းတဲ့ကံကြမ္မာနဲ့ တွေ့ရတော့မှာ။

သည်အခိုက်အတန့်မှာ ဝေါယာဉ်ထဲက မိန်းကလေးက သူမကို နောက်ဆုံးမြင်ဖူးသည်ထက် ပိုလှတယ်လို့ သူမ ထင်မိတယ်။

သူမက ပန်းရောင်နဲ့ ကျောက်စိမ်းကနေ ထွင်းထုထားရုံသာမက၊ မြေကြီးပေါ် ဆင်းသက်လာတဲ့ နတ်သမီးလေး တစ်ပါး တူနေတယ်။

သူမလက်တွေ ယမ်းလိုက်ပြီး ဝူးဝါးအော်လိုက်တယ်။ "ယိယာ ယာယာ ယာ"

သေချာပေါက်ပဲ မိန်းမငယ်လေးက စကားပြောခဲ့တယ်။

"ဒါ ရှင်တို့ ကလေးလား။ အတော်ချစ်စရာကောင်းတာပဲ"

ဈေးသည်က သူ့ကိုယ်ပေါ်က နာကျင်မှုကို လျစ်လျူရှုပြီးတော့ ကလေးကို ချီကာ မိန်းမဖြစ်သူနဲ့ လမ်းဘေးမှာ ဒူးထောက်လိုက်တယ်။ "ကျွန်တော်တို့က ဆင်းရဲတော့ ကလေးကို ကြည့်ပေးမဲ့သူမရှိလိုပါ။ ဈေးလိုက်ရောင်းရင်း သူ့ကိုပါ ခေါ်လာရတာ။ တကယ်လို့ သခင်မက ကျွန်တော့်ကလေးကို နှစ်သက်တယ်ဆိုရင် ဒါ သူ့ရှေ့ ၈ ဘဝလောက်က ကံကောင်းမှုပါပဲ။ ကျွန်တော့်ကလေးကို သခင်မကို ပေးပါတယ်။ တကယ်လို့ သခင်မသာ ကျွေးထားနိုင်မယ်ဆိုရင် ကျွန်တော်တို့နဲ့အတူ လိုက်ပင်ပန်းရတာထက် ပိုသာမှာပါ"

ဈေးသည်က ပြောရင်းနဲ့ မျက်ရည်တွေ ကျလာတယ်။ သူ့မိန်းမကလည်း သူ့ဘေးမှာ ထိုင်ကန်တော့နေခဲ့တယ်။

တစ်ချိန်တည်းမှာပဲ သူ့ခန္ဓာကိုယ်နဲ့ ခြင်းတောင်းကို ကာထားလိုက်တယ်။

ကျန်းဝမ်က ဒီမြင်ကွင်းကို တွေ့တော့ လန့်သွားပြီး အဘွားဖြစ်သူကို ကြည့်လိုက်တယ်။

အဘွားအိုကလည်းး မျက်မှောင်ကြုတ်လိုက်တယ်။ "အခြေအမြစ်မသိတဲ့ ကလေးတစ်ယောက်ကို ငါတို့အိမ်တော်ထဲ ဘာလို့ခေါ်ရမှာလဲ။ သူတို့ကို ငွေစနည်းနည်းပေးပြီး သွားခိုင်းလိုက်တော့"

ကျန်းဝမ်က ငွေစ အစအနလေးတွေ ထုတ်ပြီး ပစ်ပေးလိုက်တယ်။ "ကျွန်မက ရှင်တို့ကလေး ချစ်စရာကောင်းတယ်လို့ပဲ ချီးကျူးတာပါ၊ ကလေးကို ခေါ်မသွားချင်ပါဘူး။ ကလေးဆိုတာ သူတို့မိဘနဲ့နေမှ ပျော်ရွှင်မှာပေါ့။ ဒီငွေစယူပြီး သူမကို စားကောင်းတာဝယ်ကျွေးလိုက်ပါ။ ကံကြုံလို့ ဆုံရတယ်ပဲ သဘောထားလိုက်ပေါ့"

ပြီးနောက် ဝေါယာဉ်က လိုက်ကာစကို ပြန်ချလိုက်တယ်။

အုပ်စုက ဆက်သွားခဲ့ကြတယ်။

ဈေးသည်နဲ့ သူ့မိန်းမတို့က ဝေါယာဉ်သွားခဲ့တဲ့အထိ ဒူးထောက်ကြည့်နေခဲ့ကြတယ်။
ဝေါယာဉ်က ဆက်သွားခဲ့တယ်။

အဘွားအိုက ရေရွတ်လိုက်တယ်။ "အော်မီတော်ဖော"

အစေခံအိုကြီး ယောင်ကူးကတော့ ရှေ့ပဲကြည့်နေပြီး စကားမကျွံခဲ့ဘူး။ သူမက လောကကြီးကို မြင်ဖူးပြီးတာမို့ တစ်ချက်ကြည့်ရုံနဲ့ အဲဒီဈေးသည်တွေက တစ်ခုခုပဲလို့ ပြောနိုင်တယ်၊ ပြီးတော့ ခြင်းတောင်းထဲက ဖျင်ကြမ်းစကိုလည်း သူမ မြင်ခဲ့တယ်လေ။

လမ်းကြိုလမ်းကြားပတ်သွားပြီး ငွေရှာတဲ့ ဈေးသည်တွေ၊ သူတို့အသက်ရှင်ဖို့ ဘာရာဇဝတ်မှုတွေ ကျူးလွန်ထားမှန်း ဘယ်သူသိနိုင်မလဲ။

ဈေးသည်နဲ့ သူ့မိန်းမတို့က အရပ်ကွာခြားပေမဲ့ သူတို့က ကိစ္စတွေကို သိုဝှက်ထားနိုင်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သဘောထားကိုတော့ မဖုံးကွယ်နိုင်ကြဘူး။ ဒီလို ကြမ်းတမ်းတဲ့လူတွေက မဆုံးနိုင်တဲ့ ဒုက္ခတွေကို သယ်လာလိမ်မယ်။

ယောင်ကူးက သခင်မကြီးရဲ့ စိတ်ကို မညစ်ညူးစေချင်ဘူး။ သူမက တစ်ခါတစ်ရံမှ အပြင်ထွက်တာလေ။

ဒါကြောင့် ဒီအခြေအနေကို ဖွင့်မပြောခဲ့ဘဲ ဝမ်သခင်မလေးကို သူမ လုပ်ချင်သလို ကောင်းမှုပြုခိုင်းလိုက်တယ်။

ဝေါယာဉ်ထဲမှာ ထိုင်ရင်း ကျန်းဝမ်က တစ်ခုခုမှားနေသလိုထင်မိပြီး ခုနကမြင်ကွင်းကို ပြန်တွေးနေမိတယ်။ ကလေးကို တွေ့ဖူးသလိုပဲ၊ သူမက စာဖတ်ရင် ၂ ခါ ၃ ခါလောက်နဲ့ မှတ်မိနိုင်တဲ့ မှတ်ဉာဏ်ကောင်းရှိတယ်လေ။

ဒါပေမဲ့ အဲ့ကလေးကို ဘယ်မှာမြင်ဖူးမှန်း သူမ မမှတ်မိဘူး။

ဘာပဲဖြစ်ဖြစ်ပါ၊ သူတို့ကို တစ်နပ်လောက် ကောင်းကောင်းစားဖို့ ငွေပေးခဲ့တာပဲ၊ ဒါဆို ကောင်းမှုတစ်ခု လုပ်လိုက်တာလို့ မှတ်ယူနိုင်တာပါပဲလေ။

ကျန်းဝမ်က သူမကူးရေးထားတဲ့ ဗုဒ္ဓကျန်းဂန်ကို ကိုင်ထားရင်း ချင်းယွင်ဘုရားကျောင်းကို ရောက်ဖို့ မျှော်လင့်နေမိတယ်။

ချင်းယွင်ဘုရားကျောင်း အနောက်ဖက်ခြံဝန်းရဲ့ ရှုခင်းက အလှဆုံးပဲ။

ဘုရားကျောင်းက တောင်ပေါ်မှာ တည်ရှိတာကြောင့် မြင်ကွင်းကျယ်ကာ ပန်းချီဆွဲဖို့ အကောင်းဆုံး မြင်ကွင်းကို ပေးစွမ်းတယ်။

...

ဝေါယာဉ်က အဝေးမှာ ကွယ်ပျောက်သွားတာကို ကြည့်ရင်း ဈေးသည်နဲ့ သူ့မိန်းမက ပျော်ရွှင်စွာနဲ့ မြေကြီးပေါ်က ငွေစတွေကို ကောက်လိုက်တယ်။

ဖုန်ပေနေပေမဲ့ မိန်းမဖြစ်သူက ပါးစပ်ထဲထည့်ကာ ကိုက်ကြည့်လိုက်တယ်၊ ငွေစပေါ်မှာ သွားရာထင်သွားတော့ ပျော်သွားတယ်။ "လောင်တ၊ တကယ်ကြီး ငွေအစစ်ပဲ။ ခုနကတော့ ငါဒီအသေးလေးကို ညှစ်သတ်ချင်နေတာ၊ သူမက ငါတို့ကို ကံကောင်းစေမယ်လို့ မထင်ထားဘူး"

ဈေးသည်ကလည်း ချွေးတွေရွှဲနေကာ ကလေးကို တောင်းထဲပြန်ထည့်ပြီး အုပ်ထားလိုက်တယ်။ "မြန်မြန် ငါ့နောက်ကျောကို တစ်ခုခုကိုက်သွားလား ကြည့်ပေးဦး။ နာလို့ သေတော့မယ်"

မိန်းမဖြစ်သူက အင်္ကျီကို လှန်ကြည့်လိုက်တော့ ဖူးယောင်ပြီး နီရဲယောင်ကိုင်းနေတဲ့ အဖုကြီး ၂ ဖုကို တွေ့လိုက်ရတယ်။ သို့ပေမဲ့ အင်္ကျီရော ဘောင်းဘီပါမကျန် ချွတ်ကြည့်တာတောင် ဘာကောင်ကိုက်သွားမှန်း ရှာလို့မတွေ့ဘူး။

"ငါတို့ ဒီမြို့က မြန်မြန်ထွက်သွားရမယ်။ မဟုတ်ရင် ရွာသားတွေလိုက်ရှာရင် ပြဿနာတက်လိမ့်မယ်" သူ့မိန်းမက သူ့ပခုံးပေါ်က ခြင်းတောင်းထဲကနေ ပစ္စည်းတချို့ကို သူမ ခြင်းတောင်းထဲ ခွဲလိုက်တယ်။

"သွားစို့"

ဝန်တချို့ ပေါ့သွားကာ ဈေးသည်က အံကြိတ်ပြီး သူ့ရဲ့ တုန်ယင်နေတဲ့ ခြေထောက်တွေပေါ် ရပ်နိုင်အောင် ကြိုးစားလိုက်တယ်။ ရှေ့ကို ဒယီးဒယိုင်ဆက်လျှောက်ရင်း သူ့မျက်နှာက ဖြူရော်နေတယ်။

"မြန်မြန်၊ ငါတို့ ဒီကောင်မလေးတွေကို ရောင်းပြီးရင် အိမ်မှာစောင့်နေတဲ့ ကွမ်အာဖို့ ဆေးဝယ်လို့ရပြီ"

နေပူကျဲတဲအောက်မှာ စုတ်ပြတ်နေတဲ့ လင်မယားက သူတို့ရဲ့ နေမကောင်းတဲ့ ကလေးအတွက် ဆေးဖိုးနဲ့ စားဝတ်နေရေးအတွက် သူတို့ရဲ့ ပခုံးပေါ်မှာ ဝန်အလေးကြီးကို သယ်ထားကြရတယ်။

ခြင်းတွေထဲမှာတော့ တခြားသူတွေရဲ့ ကလေးသုံးယောက်ပေါ့။

ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်Where stories live. Discover now