Chapter 15

1.7K 229 0
                                    

အခန်း (၁၅) သစ်ပင်စိုက်ခြင်း


ကောင်းကင်က ညအမှောင်ကန့်လန့်ကာကို ချလိုက်ပြီး မိုးရေစက်တွေကိုလည်း ရပ်တန့်လိုက်တယ်။ အိမ်ပြန်နေတဲ့ လူတွေက အမှောင်ထုကိုပဲဖြစ်ဖြစ် မိုးရေကိုပဲဖြစ်ဖြစ် ရင်ဆိုင်စရာမလိုတော့ပါဘူး။

ညစာအတွက် အမေက အသီးအရွက်ရိုင်း
စွပ်ပြုတ်နဲ့ အသားမပါတဲ့ ကျန်းမာရေးဟင်းရည်က လုံးဝကို သဘာဝကရပြီးတော့ ညစ်ညမ်းမှုတွေ မပါဝင်ဘူး။

အသည်းအဆီဖုံးတာ၊ သွေးတက်မှာတွေကို ဘာမှစိုးရိမ်စရာမလိုပေမဲ့ သွေးအားနည်းမှာနဲ့ ကမ်လစီယမ်ဓာတ် ချို့တဲ့မှာပဲ စိုးရတယ်။

ဒါပေမဲ့ အမေ့ရဲ့ မျိုးရိုးက အတော်သန်မာတဲ့ပုံပဲ။ အစ်ကိုကြီးကျန်းဖုန်းရော မမကျန်းယွီရောက ဒီကလူတွေထဲမှာတော့ သန်မာပြီး ထွားကြိုင်းတဲ့ ပုံစံရှိကြတယ်။

ဒီနေ့လာတဲ့ ကျန်းဝမ်နဲ့မတူညီစွာ သူမ မမက ကြော့ရှင်း သိမ်မွေ့တဲ့ အပြုအမူတွေတော့ မရှိဘူး။

အဖေကပဲ အနည်းငယ်ပိန်ပါးလေတယ်။ သူနဲ့ အမေက အမျိုးမှမတော်တာပဲလေ။ (ပြီးပြည့်စုံတဲ့ အတွေးအခေါ်ပဲ၊ ဟုတ်တယ်မလား)

ညနေစောင်းမှာ တစ်ခါတစ်ရံ ချောင်းဆိုးသံကြားရတတ်ပေမဲ့ အဖေကလည်း အဲ့လောက် မအိုသေးပါဘူး၊ သေချာပေါက် ၃၀တောင်မရှိသေးဘူး။ ဒီခေတ်ကာလမှာ လူတွေက စောစောအိမ်ထောင်ပြုကြတာဆိုတော့ ၂၀ ကျော်ထဲမှာပဲ ရှိလိမ့်ဦးမယ်။

အဖေ့ချောင်းဆိုးသံကို နားထောင်ရတာ သူငယ်ငယ်တုန်းက အအေးမိခဲ့ပြီးတော့ ကောင်းကောင်းပြန်မကောင်းတော့တဲ့ပုံပဲ။ သူ့အဆုတ်မှာ ပြဿနာအချို့ ရှိနေနိုင်တယ်။

တကယ်လို့ အဖေ့ရဲ့ ရုပ်ရည်ကြောင့်သာမဟုတ်ရင် ပိန်ပါးနေပြီးတော့ တစ်ချိန်လုံးချောင်းဆိုးနေတဲ့ သူတစ်ယောက်က ခါးကိုင်းကာ အားနည်းတဲ့ပုံပေါ်မှာဖြစ်တယ်။

အစ်ကိုကြီး ပြောလို့ပြီးသွားတော့ အစ်မရဲ့ငိုသံက အိမ်ထဲကနေ ထွက်လာတယ်။

ခြံထဲမှာ ဝေ့တိုက်သွားတဲ့လေက အဖေ့ကို ချောင်းဆိုးလိုက်စေတယ်။

အဖေ့လက်ထဲမှာ ချီထားခံရတဲ့ ကျန်းမြန့်မြန့်က သူ့ရင်ဘတ် ပြင်းထန်စွာ လှုပ်ခါသွားတာကို ခံစားလိုက်ရတယ်။

သူက ချောင်းဆိုးတာကို ထိန်းထားချင်ပေမဲ့ အဲ့တာက ပိုပြီးဆိုးသွားစေတယ်။

အဖေက သူ့မျက်နှာကို တစ်ဖက်လှည့်လိုက်ပြီး သူမကို ရှောင်လိုက်တယ်။
ထို့နောက် အဖေက ကျန်းမြန့်မြန့်ကို သူမအစ်ကိုကြီးလက်ထဲ ထည့်ပေးလိုက်တယ်။

တစ်ဖက်မှာထိုင်နေတဲ့အဖေက ထိန်းချုပ်မှုကင်းမဲ့စွာ ချောင်းတွေတအားဆိုးနေတာကို မြင်လိုက်ရတယ်။

“အဟွတ်, အဟွတ်, အဟွတ်, အဟွတ်, အဟွတ်, အဟွတ်”

သူ့ရဲ့ ဖျော့တော့တဲ့မျက်နှာက နီလာတယ်။

ဆံပင်ရှည်တွေက ပြန့်ကျနေပြီးတော့ ချောမောတဲ့မျက်နှာက အနည်းငယ်နီမြန်းကာ ချောင်းဆိုးတာကြောင့် မျက်ဝန်းမှာ မျက်ရည်စတချို့နဲ့ စိုစွတ်နေခဲ့တယ်။ ထိုင်ခုံပုလေးမှာထိုင်နေတာကိုက ပန်းချီကားတစ်ချပ်လိုပဲ ကြော့ရှင်းမှုကို ပေးစွမ်းတယ်။

ကျန်းမြန့်မြန့်က နည်းနည်းတော့ မှင်တက်မိသွားတယ်။

ဒါပေမဲ့ သူမရဲ့အတွေးတွေကို သူမ အစ်မပစ်ထုတ်လိုက်တဲ့ အထုပ်က ဖျက်ဆီးသွားခဲ့တယ်။

ကျန်းယွီက ဒေါသထွက်၊ စိုးရိမ်နေကာ ဝမ်းနည်းနေခဲ့တယ်။

သူမက တုံးအတဲ့ သူမကိုယ်သူမ စိတ်တိုနေခဲ့တယ်။

သူမမိသားစုကို ခိုးတယ်လို့ မှားယွင်းစွာ အစွပ်စွဲခံရတာကြောင့် စိုးရိမ်ကြောင့်ကြနေခဲ့တယ်။

သူမအစ်ကိုကြီးရဲ့ ဒဏ်ရာတွေနဲ့ ကျန်းဝမ်ရဲ့လုပ်ရပ်ကြောင့် ဝမ်းနည်းနေတယ်။

အထုပ်က မြေကြီးပေါ်ကို ပစ်ခံလိုက်ရပြီး ပြန့်ကျဲသွားခဲ့တယ်။

သွေးပေနေတဲ့ လှပစွာပန်းထိုးထားတဲ့ ဖိနပ်တစ်ရန်။

တောက်ပတဲ့ ပန်းရိုက်အဆင်နဲ့ မှေးမှိန်နေတဲ့ အဝတ်တွေ။

လေထုက မွှေးရနံ့တွေနဲ့ သင်းပျံ့သွားတယ်။
ကျန်းယွီရဲ့နှာခေါင်းလေးက ဒေါသနဲ့ ငိုထားတာကြောင့် ရဲရဲနီနေခဲ့တယ်။

ကျန်းဖုန်းက ပက်လက်ကုလားထိုင်မှာ သူ့ညီမလေးကို ချီပြီး ထိုင်နေခဲ့တယ်။

သူ့လက်ထဲက ကျန်းမြန့်မြန့်ကတော့ မြေကြီးပေါ်က အဝတ်တွေကို ကြောင်ကြည့်နေကာ အသံမထွက်ရဲဘူး။ ဒီအချိန်မှာ သူမရဲ့ထင်မြင်ချက်ကို ပြောသင့်တဲ့အချိန်မဟုတ်ဘူးလေ။

အမေချင်လော့ရှားက ထွက်လာပြီး သူမလက်ကိုမြှောက်ကာ လက်ဖဝါးက လေကိုဖြတ်သွားတယ်။

ကျန်းယွီက အမေ,သူမကို ရိုက်တော့မယ်လို့ ထင်ပြီး ထွက်မပြေးဘဲ ခေါင်းမာစွာနဲ့ မျက်လုံးတွေ မှိတ်ထားလိုက်ကာ အရိုက်ခံဖို့ စောင့်နေတယ်။

သူမက အရင်ဘယ်တုန်းကမှ အရိုက်မခံဖူးပေမဲ့ အစ်ကိုကြီးကတော့ အမေရိုက်တာခံခဲ့ဖူးတယ်။

ချင်လော့ရှားက လက်လှမ်းကာ အထုပ်ကိုကောက်ယူလိုက်ပြီး ဘေးမှာချထားလိုက်တယ်။

ကျန်းဖုန်းက မဲ့ရွဲ့ကာ သူ့ညီမကျန်းယွီကို ပြောလိုက်တယ်။ “ကျန်းရှောင်ယွီ၊ နင်ရူးနေတာလား။ သူမလာပို့တယ်ဆိုမှတော့ ဒါငါတို့ဟာဖြစ်သွားပြီပဲ။ လွှင့်ပစ်ပြီး ဖျက်ဆီးရအောင်က နှမြောဖို့ကောင်းတယ်။ အဲဒီအစ၊ လီ... ဘာပဲဖြစ်ဖြစ် အဲဒီညီအစ်မ အကြိုက်ဆုံးတွေပဲ၊ သူတို့ ပိုက်ဆံအတော်ပေးလိမ့်မယ်။ ငါလည်း ဒဏ်ရာရထားတာဆိုတော့ ငါ,အားဖြည့်ဖို့ အရသာရှိတာတချို့ ဝယ်စားရမယ်၊ မဟုတ်ရင် အရိုက်ခံခဲ့ရတာ အလကားပဲ”

ကျန်းယွီက အရိုက်မခံရပေမဲ့ ပိုပြီးကျယ်လောင်စွာ အော်ငိုခဲ့တယ်။

ညစာစားချိန်မှာလည်း သူမက ခေါင်းငုံ့ထားကာ တစ်ချက်တစ်ချက် ပခုံးလေးတွေ လှုပ်လှုပ်သွားတယ်။

သူမက တကယ်ပဲ ဝမ်းနည်းနေတာ။ အဲဒီဖိနပ်တွေက လှပပေမဲ့ သူမတစ်ခါပဲစီးရသေးတယ်။ သူမခြေထောက်တွေက သွေးထွက်လာတယ်။

နေ့လယ်တုန်းက သူမခပ်ကြာကြာလေး စီးခဲ့သင့်တာ။ အလကား ဘာမှမဟုတ်ဘဲ သွေးထွက်လိုက်ရတာ နှမြောဖို့ကောင်းတယ်။

ကျန်းဖုန်းရဲ့ခေါင်းက ဆေးတွေက အနည်းငယ်ခြောက်သွေ့သွားပြီး သူက အဝတ်စတစ်စနဲ့ ပတ်ထားလိုက်တယ်။

ကျန်းမြန့်မြန့်က တွက်ကြည့်ရတာတော့... အဲ့တာကလည်း သူမအနှီးပဲ။

မဖြစ်သေးပါဘူး၊ အနှီးတစ်ခု လိုနေရင် သူမလဲဖို့ အချိန်ကျ လောက်ရောလောက်ပါ့မလား။

သူမ ကိုယ်တုံးလုံး မနေချင်ပါဘူးနော်။

တစ်မိသားစုလုံး ထမင်းစားပွဲမှာ ထိုင်လိုက်ကြတယ်။

ကောင်းလိုက်တာ။

အစ်ကိုကြီးရဲ့ ခေါင်းက သွေးထွက်နေပြီး အစ်မရဲ့ခြေထောက်ကလည်း သွေးစို့နေတာကလွဲရင်ပေါ့။

ကျန်းမြန့်မြန့်က မှော်ဝင်စမ်းရေကို သူမမိသားစုကို တိုက်ချင်ပေမဲ့ ကလေးတစ်ယောက်အနေနဲ့ သူမရဲ့လုပ်နိုင်စွမ်းက အကန့်အသတ်ရှိတယ်။ ပြီးတော့ အမေက သူမကို မတော်တဆ ပြုတ်ကျသွားမှာစိုးလို့ထင် အိုးနားခေါ်သွားမှာမဟုတ်ဘူး။

တစ်မိသားစုလုံး ညစာစားလိုက်ကြတယ်။

ဘာမှမကျန်တော့ဘူး။

ပန်းကန်ဆေးရတာက ရိုးရှင်းပါတယ်။

ရေနဲ့ ဆေးလိုက်ရုံပဲ။

အကုန်လုံး စားပြီးသွားပြီဆိုတော့ အခုက ကျန်းမြန့်မြန့် အလှည့်ပေါ့။

ကျန်းမြန့်မြန့်က သူမအမေကို ကိုင်ထားပြီး အငမ်းမရ စို့လိုက်တယ်။

သူမအမေက တစ်နေကုန်လုံး အပြင်ထွက်နေတာမို့ သူမဗိုက်ဆာမှာ ကြောက်နေခဲ့တာ။ သူမရဲ့ စားခွက်က သူမရှေ့မှာရှိမနေတော့ အရမ်းကို စိတ်မလုံမခြုံခံစားရတယ်။

ကလေးနို့တိုက်ပြီးတော့ ချင်လော့ရှားက သူမ ယူလာတဲ့အပင်ကို စိုက်ဖို့ပြင်ခဲ့တယ်။

ကျန်းမြန့်မြန့်က သူမအစ်ကိုကြီးလက်ထဲ ပြန်ရောက်သွားခဲ့တယ်။

သူမအစ်ကိုကြီးက ဒီနေ့ ဒဏ်ရာရလာပြီးတော့ အလုပ်လုပ်စရာမလိုလို့ ဖြစ်မယ်။ သူက ကလေးချီရတဲ့ သက်သက်သာသာအလုပ်ကို တာဝန်ယူခဲ့တယ်။
အစောကငိုနေခဲ့တဲ့ ကျန်းယွီကတော့ အံ့ဩဖို့ကောင်းစွာ တိတ်ဆိတ်နေခဲ့ပြီး တစ်ချိန်လုံး အသံမထွက်ခဲ့ဘူး။

အခုတော့ သူမက နာခံစွာနဲ့ အမေ့ကို ကိရိယာတွေ ယူပေးနေခဲ့တယ်။

သူမအစ်ကိုကြီးကတော့ သူမကို လက်တစ်ဖက်ကချီထားပြီးတော့ နောက်တစ်ဖက်နဲ့ အပင်ပေါ်က အသီးနီနီလေးတွေကို မခူးဘဲမနေနိုင်ဘူး။

သူက တစ်လုံးခူးလိုက်ပြီး ပါးစပ်ထဲထည့်လိုက်တယ်။

ကျန်းမြန့်မြန့်က သူမအစ်ကိုကြီးစားတာမြင်ပြီး သူမလည်း လိုချင်ခဲ့တယ်။

သူမလက်လှမ်းကာ “ယာ ယာ ယာ”ဆိုပြိး အသံလုပ်လိုက်တယ်။

ပါးစပ်လေးဟကာ စားချင်နေခဲ့တယ်။

ဒါပေမဲ့ သူမအစ်ကိုကြီး ဝါးလိုက်ပြီး မျက်မှောင်ကြုတ်ကာ ထွေးထုတ်လိုက်တာကို မြင်လိုက်ရတယ်။ “ဖွီ ဖွီ ဖွီ”

သူက မျိုတောင်မချနိုင်ပဲ ထွေးထုတ်လိုက်ရတယ်။

အဲ့တာက ခါးပြီး အချဉ်အရသာ ပြင်းလွန်းတယ်။

ဒါဘာကြီးလဲ?

ကျန်းချင်တျန်းက သူ့သားအကြီးဆုံးကိုကြည့်ကာ ခေါင်းခါမိလိုက်တယ်။
“အားယွီ၊ အနီရောင်အသီးတွေကို လာကူခူးပေးပါဦး၊ အစိမ်းတွေကိုတော့ ချန်ထားလိုက်”

သူမအဖေက ကူဖို့ခေါ်တော့ သူမ မြန်မြန်ဆန်ဆန်ပဲ လုပ်လိုက်တယ်။

သူမက ကျန်းဝမ်ရဲ့ပစ္စည်းတွေယူလိုက်ပြီး ပြဿနာဖြစ်စေခဲ့ကာ သူမအစ်ကိုကြီးကို နာကျင်စေခဲ့တာကြောင့် အပြစ်ရှိသလိုခံစားနေရတယ်။

ဒီဘက်မှာ အသီးနီတွေ တစ်ဇလုံခူးပြီးသွားတော့ ကျွင်းကလည်း တူးပြီးသွားပြီ။

ကျန်းမြန့်မြန့်က သူမအမေကျွင်းတူးနေတာကို ကြည့်ရတာ နှစ်သက်လေတယ်။ အဲ့တာက သူမအတွက် စိတ်ဖိစီးမှုကို လျော့စေတယ်လေ။

သူမအမေကလည်း ကျွင်းတူးရာမှာ အလိုလိုကို ကျွမ်းနေတာ၊ မြန်ဆန်ပြီး သွက်လက်တဲ့ လှုပ်ရှားမှုတွေနဲ့ ကြီးမားပြီး ဝိုင်းဝန်းတဲ့တွင်းကို တူးလိုက်တယ်။

ကျွင်းတူးပြီးသွားတော့ အမေက သစ်ပင်ကြီးကို သယ်လာကာ ကျွင်းထဲကို အမြစ်ကနေ အရင်ထည့်လိုက်တယ်။

သူမအဖေက ကူပြီး မြေဖို့ပေးခဲ့တယ်။

မမကျန်းယွီကလည်း ကူခဲ့ပြီးတော့ မြေဖို့ကာ တက်ဖိပေးခဲ့တယ်။

အစ်ကိုကြီးကလည်း မြေကြီးကို တက်နင်းပေးခဲ့တယ်။

တစ်မိသားစုလုံးအတူတူ အရင်က အကြိမ်ရေများစွာ လုပ်ဖူးခဲ့သလို ကျွမ်းကျွမ်းကျင်ကျင် မြန်မြန်ဆန်ဆန်နဲ့ မြေပြန်ဖို့လိုက်တယ်။
အဲ့ဒီနောက်...

ကျန်းမြန့်မြန့်က သူမလည်း ပါဝင်ချင်ကြောင်း “ယာ ယာ ယာ”လို့ ပြောခဲ့တယ်။

သူမလည်း တစ်မိသားစုလုံးနဲ့ သစ်ပင်အတူတူ စိုက်ချင်ခဲ့တယ်။

ဒါပေမဲ့ ဘယ်သူမှ သူမဆိုလိုချင်တာကို နားမလည်ခဲ့ကြပါဘူး။

သူမခေါ်သံကြားတော့ အစ်ကိုကြီးက အရင်ဆုံး သူမတင်ပါးလေးကို ပုတ်ကြည့်လိုက်ပြီး ခြောက်သွေ့နေတာကို တွေ့လိုက်ရတော့ အမေဖြစ်သူ ချင်လော့ရှားကို လှည့်ကြည့်လိုက်တယ်။

“သမီးအခုပဲ စားထားတာကို ဗိုက်မဆာလောက်သေးပါဘူး” ချင်လော့ရှားက ပြောလိုက်တယ်။

ကျန်းမြန့်မြန့်က တက်ကြွစွာနဲ့ လက်ဟန်ခြေဟန်တွေ ဝူးဝူးဝါးဝါးတွေ ပြောခဲ့တယ်။

နောက်ဆုံးမျာတော့ အံ့အားသင့်ဖွယ်ကောင်းစွာနဲ့ သူမဆိုလိုတာကို အဖေက နားလည်ခဲ့တယ်။

သူက သူမကိုလက်ထဲချီကာ ဆောင့်ကြောင့်ထိုင်လိုက်တယ်။

ကျန်းမြန့်မြန့်က ဘေးနားက မြေကြီးတစ်ဆုပ်စာကို ယူလိုက်တယ်။ သူမလက်သီးဆုပ်ကြားထဲကနေ ကျကုန်တာကြောင့် လက်တစ်ဆုပ်စာဆိုပေမဲ့ တကယ်တမ်းတော့ မြေကြီး တစ်မှုန်စာလေးပါပဲ။
ဒါပေမဲ့ သူမက အားစိုက်ပြီး ပစ်ထည့်လိုက်တာ မြေကြီးက သစ်မြစ်တွေဆီ ရောက်သွားလားတော့ ဘယ်သူမှမသိနိင်ဘူး။ ဘာပဲဖြစ်ဖြစ် သူမလက်တွေကတော့ အဖေ့မျက်နှာကို မတော်တဆ သွားရိုက်မိခဲ့တယ်။

အဖေ့ရဲ့ မျက်နှာချောချောပေါ် မြေကြီးတွေ ပေသွားခဲ့တယ်။

ကျန်းချင်တျန်းက စိတ်မဆိုးပဲ သူ့သမီးလေးကိုတောင် နမ်းခဲ့သေးတယ်။

“ငါ့ရဲ့ အသည်းအသက်လေးက အတော်ဆုံးပဲ”

ကျန်းချင်တျန်းက သူ့သမီးကို လေပေါ် မြှောက်တင်ခဲ့တယ်။

ကျန်းမြန့််မြန့်က သူမဖခင်ရဲ့ခေါင်းပေါ်မှာ ချီထားခံရပြီး အခုမှစိုက်ထားတဲ့ သစ်ပင်က မိသားစုပေါ်ကို အရိပ်မိုးပေးနေတယ်။ အပင်က ထီးကြီးလိုမျိုး အကြီးကြီးပဲ။

သူမက မထိန်းနိုင်စွာ တခစ်ခစ်ရယ်မောခဲ့တယ်။



ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်Where stories live. Discover now