Chapter 24

1.3K 185 0
                                    

အခန်း (၂၄)


စောင့်ဆိုင်းရတဲ့အချိန်က ခက်ခဲလေတယ်။

အဲတာက အဆုံးမဲ့ကြာနိုင်တယ်။

ဒါမှမဟုတ် တခဏလေးအတွင်းမှာပဲ ပြီးဆုံးသွားနိုင်တယ်။

တကယ်လို့ ပုံမှန်လူတွေအတွက် တစ်ညလုံးမအိပ်မနေ စက်ရုပ်လိုအလုပ်လုပ်နေရရင်တော့ အဆုံးမဲ့ရှည်ကြာနိုင်တယ်။

တစ်ကိုယ်လုံးက ကြွက်သားတွေက တောင့်တင်းနေတယ်။

ဒါပေမဲ့ လုံးဝဥဿုံ အာရုံစူးစိုက်မှုရှိပြီး မမျှော်လင့်ဖွယ်ဖြစ်ရပ်တွေကို စောင့်မျှော်နေရင်တော့ ဒီကြာရှည်တဲ့အချိန်ကို အာရုံစိုက်မိမှာတောင်မဟုတ်ဘူး။

အလုပ်ရှုပ်နေတာမှ ဆက်တိုက်ကို အလုပ်ရှုပ်နေတာ။

မင်းရဲ့ ဆက်တိုက်လုပ်ဆောင်နေမှုက တစ်ခုခုများ အသုံးဝင်မလားလို့ပေါ့၊ တစ်ခုခုများ ပြောင်းလဲနိုင်မလား။

အဆုံးသတ်နားရောက်လေလေ ပိုပြီး အားအင်မရှိလေပဲ။
ရေဇလုံကို တော်တော်များများ လဲပြီးသွားပြီ။

မိုးကုတ်စက်ဝိုင်းမှာလည်း မိုးသောက်မဲ့အလင်းရောင်က တဖြည်းဖြည်း ရောက်ရှိလာပြီ။

ဖယောင်းတိုင်မီးလည်း ငြိမ်းသွားလေပြီ။

ဒီအချိန်မှာ အခန်းက အမှောင်ထုထဲကျရောက်လို့နေတယ်။

ကျန်းယွီက ခုံအသေးလေးပေါ်မှာ သူ့ညီမလေးကို ချီထားရင်း ထိုင်နေတယ်၊ သူမက ပင်ပန်းနေသလို ကြောက်ရွံ့နေတယ်၊ ကြောက်ကြောက်လန့်လန့်နဲ့ တစ်ခဏလောက် ညီမလေးကို ဖက်ထားရင်း အိပ်ပျော်သွားခဲ့တယ်။

ကြားထဲမှာ ကျန်းမြန့်မြန့်လည်း မကြာခဏအိပ်ခဲ့တယ်။

ကလေးတစ်ယောက်က အားသိပ်မရှိဘူးလေ၊ ပြီးတော့ သူမက စမ်းရေတွေအကုန်လုံးကို တစ်ခါတည်း သုံးပစ်ခဲ့တာ၊ ထိုအရာက သူမအားအင်တွေကို ကုန်ဆုံးသွားစေတယ်။ သူမမျက်လုံးတွေကို နည်းနည်းလောက် ဖွင့်ကြည့်လိုက်ချိန်မှာ သူမအဖေနဲ့အမေက အစ်ကိုကြီးကို တစ်လှည့်စီရေပတ်တိုက်ပေးနေတုန်းပဲ။

ဒီအချိန်မှာပဲ...

ဖယောင်းတိုင်မီး ငြိမ်းသွားခဲ့တယ်။

အမှောင်ထုထဲမှာ...

ကျန်းချန်တျန်းက အလွန်အမင်းကို ကူကယ်ရာမဲ့နေခဲ့ပြီး အရမ်းလည်း နောင်တရနေခဲ့တယ်။

သူ့ရှေ့က အရာအားလုံးက မှောင်မဲနေခဲ့တယ်။

အမှောင်ထဲမှာ သူက အလင်းရောင်တစ်စလောက်တောင် ရှာမတွေ့ဘူး။

သူအအေးဓာတ်ကို ခံစားရတယ်၊ အရမ်းအေးတာပဲ။

သူ့သားခန္ဓာကိုယ်ကို စမ်းကြည့်လိုက်တော့ မပူတော့ပဲ အေးသွားသလိုပဲ။

သူထိန်းချုပ်ထားပေမဲ့လည်း ခပ်တိုးတိုးရှိုက်သံကို မထိန်းနိုင်ခဲ့ဘူး၊ တောရိုင်းကောင်ရဲ့ ငိုကြွေးသံလိုပဲ။

သူငယ်ငယ်လေးကတည်းက သူ့မွေးမိခင်က သူ့ကို မုန်းတီးနေတာ ခံစားမိတယ်။ သူ့မိခင်က လူတိုင်းအပေါ် ကရုဏာထားပေမဲ့ သူ့တစ်ယောက်တည်းအပေါ်မှာပဲ သူမရဲ့ရွံရှာမှုကို ကြိုးစားရင်တောင် ဖုံးကွယ်မထားနိုင်ခဲ့ဘူး။

သူ့ဖခင်ရှိနေစဉ်ကတော့ အဆင်ပြေသေးတယ်။ သူ့အဖေကွယ်လွန်သွားတော့ သူ့အမေသူ့ကိုကြည့်တဲ့ အကြည့်က လမ်းဘေးက သူဖုန်းစားကို ကြည့်တဲ့အကြည့်ထက်တောင် အေးစက်သေးတယ်။

အဲဒီအချိန်တုန်းကတော့ သူတွေးခဲ့တာ သူသေချာပေါက် အနာဂတ်မှာ ကလေးမယူဘူးလို့။ တကယ်လို့ ကလေးမွေးခဲ့ပြီး ဒီလိုစက်ဆုပ်မှုမျိုးနဲ့ ကြုံတွေ့စေရမယ်ဆိုရင် ဘာလုပ်မှာလဲ။

ဒါပေမဲ့ နောက်ကျတော့ သူအိမ်ကနေ နှင်ထုတ်ခံလိုက်ရတယ်၊ သူအိမ်ထောင်ပြုခဲ့တယ်၊ သူ ကလေးတွေရလာတယ်။

သူက အဆုံးစွန်သော ဆင်းရဲမွဲတေမှုနဲ့ ပင်ပန်းစွာနေရပေမဲ့ သူ့စိတ်နှလုံးကတော့ အေးချမ်းနေတယ်။

သူက ဒီမိသားစုအတွက် ဘာမဆိုလုပ်ဖို့ ဆန္ဒရှိတယ်။

လူသတ်ရမလား၊ မီးရှို့ရမလား။

ဒါပေမဲ့ သူ့ရဲ့ ဖုန်းအာကတော့ သေဆုံးသွားတယ်။

မနေ့ကတောင် သူနဲ့ စကားများနေခဲ့သေးတာ။ သူကအရမ်း မာန်တက်နေတာ။ သူ့ညီမလေးအတွက် ပန်းထိုးဖိနပ်လေး ဝယ်လာပေးတယ်။ သူကအရမ်းသိတတ်တယ်။ သူ့မှာ ဒဏ်ရာတွေအပြည့်နဲ့ပေမဲ့ တစ်ခါမှ အော်ညည်းမနေဘူး။ သူက သူက သူ့ကြောင့် နာကျင်ရတာ သေမတတ်ပဲ။

သူဒီလိုနာကျင်မှုမျိုးကို ခံစားခဲ့ရတာ။

ဒီလိုနာကျင်မှု။

ကျန်းချန်တျန်းက သူ့သားလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့တယ်။

မျက်ရည်တွေက အတားအဆီးမရှိ စီးကျလာတယ်။

သူ့တစ်ကိုယ်လုံး တုန်ယင်နေခဲ့တယ်။

သူငိုနေရင်း ခန္ဓာကိုယ်က တုန်လှုပ်နေခဲ့တယ်။ သူ့ရှေ့က အရာအားလုံးက မှောင်မဲနေတယ်။ နောက်တော့ သူရင်ခွင်တစ်ခုထဲ ပြိုလဲသွားတော့တယ်။

သူ့ဇနီးက သူ့ကို ဖက်ထားတယ်။

သူ့ကို ပြိုလဲမသွားစေဘူး။

ရိုးရှင်းတဲ့ ပုံစံနဲ့ ဒီအမျိုးသမီးက ဘယ်အချိန်ဖြစ်ဖြစ် အမြဲရှိနေတယ်။

ကျန်းချန်တျန်း အမြဲတမ်း အမှတ်ရနေမှာပါ၊ သူရေနစ်ပြီး သေခါနီး မြစ်ထဲကို ခုန်ချကာ သူ့ကို ကယ်ထုတ်ပြီး ကမ်းပေါ်ဆွဲတင်ကာ အိမ်ပြန်ခေါ်လာတာ သူမပေါ့။

သူမက အရပ်ရှည်ပြီး ထွားထွားကြိုင်းကြိုင်းနဲ့ သန်မာတယ်။

သူမရဲ့ပခုံးတွေက ကျယ်ပြီး မှီခိုလို့ရတယ်။

သူမက ချက်ပြုတ်နိုင်တယ်။

အရသာတော့ မကောင်းပေမဲ့ ဗိုက်ပြည့်စေတယ်လေ။

ကျန်းချန်တျန်းက သူမ သူ့ကို လက်ထပ်လိမ့်မယ်လို့ မထင်ခဲ့ဘူး။

ဒါပေမဲ့ ယခုအချိန်မှာတော့ သူ့ရဲ့ဇနီးကို ပွေ့ဖက်ထားရင်း သူမသည်လည်း တုန်ယင်နေတာကို သူခံစားမိတယ်။
သူမအသံက တုန်နေပေမဲ့ သူ့ရဲ့ကျောကို တည်ငြိမ်စွာပွတ်သပ်ပေးပြီး တည်တည်ငြိမ်ငြိမ်ပြောခဲ့တယ်။
"အဆင်ပြေသွားမှာပါ၊ ကိစ္စမရှိပါဘူး၊ ကျွန်မတို့မှာ အခေါင်းကောင်းကောင်းဝယ်ဖို့ ပိုက်ဆံရှိပါတယ်။ ဖုန်းအာက အရောင်တောက်တာ ကြိုက်တယ်။ ကျွန်မတို့ အရောင်လှတာလေး ဝယ်လို့ရတယ်လေ။ နောက်ဘဝမှာ၊ နောက်ဘဝမှာတော့ ကျွန်မတို့ သူ့ကို ချမ်းသာတဲ့မိသားစုက သခင်ငယ်လေးအဖြစ် ဝင်စားခိုင်းလိုက်မယ်၊ သူ အခုထက်ပိုကောင်းကောင်း နေရမှာပါ၊ အရမ်းကောင်းမှာပါ။ ရှန့်ကုန်း၊ အဆင်ပြေပါတယ်၊ အဆင်ပြေသွားမှာပါ"

"မဟုတ်ဘူး...." ကျန်းချန်တျန်းက ငိုကြွေးခဲ့တယ်။

ဘာလို့လဲ။

ကောင်းကင်ဘုံက ဘာလို့ မမျှတရတာလဲ။

ဖုန်းအာ ဘာအမှားများလုပ်မိလို့လဲ။ သူဘယ်သူ့ကိုမှ ဒုက္ခမပေးပါဘူး။ ပြည့်တန်ဆာတွေကလည်း သူ့ကို အကုန်လုံး နှစ်သက်ကြတယ်။ သူက လူတွေကို အမြဲပြုံးပြတယ်။ သူအားလုံးကို ပြုံးပြခဲ့တယ်...

တကယ်လို့ အကောင်းအဆိုးတွေကို ပြန်ခံစားရမယ်ဆိုရင် မကောင်းမှုတွေအားလုံး သူ့အပေါ်ပဲ ကျရောက်ပါစေလေ။

သူ့ကိုပဲ ပေးသေလိုက်၊ သူ့ကိုပဲ အရိုးအသား တစ်စဆီနဲ့ ကြောက်မက်ဖွယ်သေခြင်းမျိုး၊ မြှားတစ်ထောင်နဲ့ ထိုးဖောက်ပါစေ၊ သူ့နှလုံးသားကို ထိုးဖောက်သွားပါစေ။ သူ့ကလေးကိုတော့ မနာကျင်စေပါနဲ့၊ မလုပ်ပါနဲ့....

ကျန်းချန်တျန်းက အော်ဟစ်ငိုကြွေးကာ တုန်ယင်နေတယ်။

သူအရမ်းမုန်းတယ်၊ အမုန်းတရားတွေ များတယ်။

သူ့ရဲ့ဖုန်းအာ သေဆုံးသွားခဲ့ပြီ။ သူ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း ပြန်ပေးဆပ်စေချင်တယ်။ သူသတ်ပစ်ချင်တယ်။ သူ သူတို့ကို အဆတစ်ရာ တစ်ထောင်မက ပြန်ပြီးခံစားရစေချင်တယ်။

ဘာလို့ သူတို့ကျ အန္တရာယ်ကင်းကင်းနဲ့ ကောင်းကောင်းမွန်မွန် ဝတ်စားနေနိုင်ရတာလဲ။

ဘာလို့သူတို့ကျ ပုတီးကို လက်ကကိုင်ပြီး အသက်တစ်ချောင်းကို ပြစ်တင်ဝေဖန်နိုင်ရတာလဲ။

ဘာလို့ သူတို့ကျတော့ အစိုးရရုံးတော်မှာ ရာထူးမြင့်မြင့် ထိုင်နေနိုင်ရတာလဲ။

သူတို့ နိမ့်ကျသင့်တယ်၊ သူတို့ သေသင့်တယ်၊ သူ့လိုမျိုး အညစ်အကြေးထဲမှာ လူးလွန့်နေရသင့်တယ် ရုန်းကန်နေရသင့်တယ်။ သူတို့တွေကလည်း သူ့လိုမျိုး အမည်းစက်ထင်သင့်တယ်။

သူခံစားရတဲ့ ခါးသီးမှုကို သူတို့ကို ပိုပြီး ခံစားရစေချင်တယ်။ သူတို့ကို နောင်တကြီးစွာနဲ့ နေ့နေ့ညည နောင်တရနေစေချင်တယ်။

ကျန်းချန်တျန်းက အံတင်းတင်းကြိတ်ထားတာ သွေးထွက်လာတဲ့အထိပဲ။ သွေးအရသာက သူ့ပါးစပ်ထဲ ပျံ့နှံ့သွားခဲ့တယ်။

အဆုံးမှာတော့ မတောင့်ခံနိုင်တော့ဘဲ သွေးတစ်လုပ်စာလောက် ထွေးထုတ်လိုက်ရတယ်။

...

ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်Where stories live. Discover now