Chapter 18

1.6K 195 0
                                    

အခန်း (၁၈)


တောင်ပေါ်က ငှက်ကလေးများက တကျွီကျွီအော်မြည်နေကြတယ်။

ရေကလည်း တသွင်သွင်စီးနေတယ်။

ချင်လော့ရှာက သူမခင်ပွန်းမယုံကြည်မှာ သေချာနေခဲ့တယ်။

ထို့ကြောင့် တောင်ပေါ်ကရေစီးနေတဲ့ စမ်းချောင်းဆီကို တောဝက်ကိုသယ်သွားခဲ့လိုက်တယ်။

သူမက အကြံကောင်းရခဲ့တယ်။

တောဝက်ကို အောက်ချလိုက်တယ်။

တောဝက်အရှင်က ကြောက်စရာကောင်းပေမဲ့ သေသွားတော့ သိပ်ပြီး မကြောက်တော့ဘူး။

ချင်လော့ရှားက တောဝက်ကို ရေနားမှာ အမဲဖျက်ခဲ့တယ်။

သူမရဲ့လှံက အသားလှီးဓားဖြစ်သွားတယ်။

ဒီကနေ့မှ ဒီလှံရှည်က ဘယ်လောက်အသုံးဝင်လဲဆိုတာ သူမ သိသွားတာ။

အဲ့တာက ဖြုတ်လို့လည်းရတယ်၊ လှံတံကို အပိုင်း ၃ ပိုင်း ခွဲလိုက်လို့ရတယ်။
တစ်ပိုင်းကိုယူပြီး လှံဦးမှာတပ်လိုက်ရင် ဓားမြှောင်လို သုံးလို့ရပြီးတော့ အသားလှီးဖို့ အလွန်ကိုအဆင်ပြေလေတယ်။

ချင်လော့ရှားက သေသပ်မြန်ဆန်စွာ လုပ်ကိုင်ခဲ့တယ်။

ပထမဆုံး တောဝက်ခေါင်းကို ဖြတ်လိုက်တယ်။

အရိုးများတဲ့နေရာရောက်တော့ ဆက်နေတဲ့အကြောတွေကို သူမအားသုံးပြီး ဖြတ်လိုက်ရတယ်။

နေ့လယ်ခင်းမှာ နေက စောင်းလာတယ်။

တောင်ပေါ်ကစမ်းချောင်း ပေါ်ကို ဖြာကျနေပြီး ရေစီးကြောင်းက ရောင်စုံပုလဲစေ့လိုက်ကာလေးလိုပဲ ပုလဲလုံးလေးတွေက တစ်လုံးချင်း ကျဆင်းနေတယ်။

ရောင်စုံပုလဲလုံးလေးတွေက နက်ရှိုင်းတဲ့ရေကန်ထဲကို ကျဆင်းသွားပြီးတော့ လှိုင်းထသွားတယ်။

ရေကန်ဘေးမှာတော့ ခပ်ပြည့်ပြည့်ရင်သား၊ ခြေတံရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ အမျိုးသမီးတစ်ဦး မတ်တတ်ရပ်နေတယ်။ သူမရဲ့နောက်ကျောက ကျစ်လျစ်နေပြီးတော့ တင်ပါးတွေကလည်း အတော်တန် လုံးဝန်းတယ်။

သူမဟာ သဘာဝကျကျနဲ့ကို ဆွဲဆောင်မှုရှိတယ်။

မြို့တော်မှာ နှစ်သက်ကြတဲ့ မိုးမခပင်လို အားနည်းပြီး ညင်သာတဲ့လေညင်းလို အလှတရားမဟုတ်ဘဲ အရပ်ရှည်ကာ လုံးကြီးပေါက်လှ အရိုင်းဆန်တဲ့ အလှတရားမျိုးပဲ။

သူမက ဆံပင်က သွေးတွေကိုသုတ်လိုက်ပြီး မော့ကြည့်လိုက်တယ်။

တောင်ပေါ်စမ်းချောင်းလေးဘေးမှာ ရပ်နေရင်း ရေကိုမျက်နှာမူထားကာ လေတိုက်ထဲမှာ စိတ်အေးလက်အေးနေနေပုံပဲ။

သူမခြေထောက်နားက တောဝက်အသားတုံးတွေသာမရှိခဲ့ရင် ဒီမြင်ကွင်းက အလွန်လှပတဲ့ မိန်းမပျိုလေးရဲ့ ပန်းချီကားတစ်ချပ်နဲ့တောင် တင်စားလို့ရတယ်။

လန်းသွားအောင် လုပ်ပြီးတော့ ချင်လော့ရှားက ခုတ်ထစ်ထားတဲ့ တောဝက်သားတွေကို သစ်ရွက်ကြီးကြီးရှာပြီး ထုပ်လိုက်ကာ ခြင်းထဲထည့်လိုက်တယ်။ အပေါ်ကနေ မြက်နဲ့ဖုံးပြီးသွားတော့မှ အိမ်ပြန်သယ်လာခဲ့တယ်။

တောင်အောက်ဆင်းလာရင်းနဲ့ သူမမိသားစုက မကြာခင် အသားစွပ်ပြုတ်သောက်ပြီး အသားစားရတော့မှာကို တွေးကြည့်ရင်း ချင်လော့ရှားက မျက်နှာပေါ်မှာ အပြုံးလေးဖြစ်ထွန်းသွားတယ်။

သူမခြေလှမ်းတွေကို မြန်လိုက်ပြီး အသာအယာပြေးလိုက်တယ်။

...

ကျနေက အနောက်ဘက်ရောက်နေပြီ။

သွားလာနေတဲ့သူတွေကို အိမ်ပြန်ဖို့လောဆော်နေသလိုမျိုး ငှက်တွေက ဆူညံစွာ အော်မြည်နေကြတယ်။

ကျန်းမြန့်မြန့်ရဲ့ အိပ်နေတဲ့မျက်နှာလေးက ပြားအောင်အဖိခံထားရတယ်။

ကျန်းယွီက အလုပ်လုပ်နေရင်းနဲ့ သူ့ညီမကို လှမ်းကြည့်လိုက်တယ်။
သူ့ညီမလေးက ဂွမ်းလုံးလေးလိုပဲ၊ နူးညံ့ပြီး ပွေ့ပိုက်ထားချင်စရာလေး။

အိပ်နေရင်းနဲ့ တိုးတိုးလေးဟောက်နေကာ အရမ်းကို လိမ္မာလွန်းလှတယ်။

သူမက ဆန်မှုန့်စားတာက သူ့ညီမကို ဖြူဖွေးပြီး လှပလာစေတယ်လို့ပြောတာ လိမ်နေတာမဟုတ်ပါဘူး။

အခုသူ့ညီမလေးက မွေးစကနဲ့ တခြားစီပဲ။

အဲဒီတုန်းက သူမက ကြွက်ကလေးလိုပဲ မဲနေတာ။

အခုတော့ နှင်းလိုဖြူဖွေးပြီး နှာခေါင်းချွန်ချွန်၊ ပန်းဆီရောင် နှုတ်ခမ်းလေးနဲ့ မျက်တောင်အရှည်ကြီးနဲ့။ အိပ်နေတာကြောင့် မျက်လုံးမှိတ်ထားရင် သူမရဲ့ မျက်တောင်ကော့ကြီးတွေက သိပ်တော့မထူလာသေးဘူး။ သူမဆံပင်တွေကတော့ မဲနက်လာပြီ။

သူမက သူတို့အဖေရဲ့ အသေးစားဗားရှင်းလေးနဲ့ ပိုပိုတူလာတယ်။

သူမ ကြည့်လေလေ သူမ ပိုရင်နာလေလေပဲ။

သူမက အာရုံပျံ့လွင့်နေတာကြောင့် ကျန်းယွီက သူမလက်ဖဝါးကို အပ်နဲ့မတော်တဆ ထိုးမိခဲ့ကာ သွေးထွက်လာတယ်။

သူမက ပါးစပ်ထဲ မြန်မြန်စုပ်လိုက်တယ်။ ထွက်လာတဲ့သွေးကို အလကားဖြစ်သွားမှာစိုးလို့လေ။

ကျန်းယွီက မနေ့က လာလည်ခဲ့တဲ့ ကျန်းဝမ်အကြောင်းကို တွေးနေမိတယ်။
ကျန်းဝမ်နဲ့ဆုံလိုက်တိုင်း ကံမကောင်းတာတွေချည်းဖြစ်လာတယ်။ အရင်တစ်ခါက အမေမီးဖွားဖို့ ခက်ခဲနေတုန်းက သူမသွားပြီး ကောက်နှံတချို့ ချေးချင်ခဲ့တာ ကျန်းဝမ်နဲ့တွေ့တယ်လေ။ ကျန်းဝမ်က သူမယူလာပေးမယ်ပြောပေမဲ့ အဆုံးမှာတော့ ဘာကောက်နှံမှ မပေးခဲ့ဘူး။ ကျန်းဝမ်တောင်မှ မူးလဲသွားပြီးတော့ ကျန်းယွီက အဲဒီအတွက် မတရားအရိုက်ခံခဲ့ရတယ်။

ဒီတစ်ကြိမ်ကလည်း အဲ့ဒီလိုပဲ။ ကျန်းဝမ်က သူမဘာသာ ပစ္စည်းတွေလာပေးခဲ့ပေမဲ့ အစ်ကိုကြီးကတော့ အရိုက်ခံရလို့ သေမလိုပဲ။

သူမ ဉာဏ်အဲ့လောက်မကောင်းပေမဲ့ အချက် ၂ ချက်တော့ သတိထားမိခဲ့တယ်။

ပထမအချက်၊ ကျန်းဝမ်နဲ့ဆုံရင် ကံဆိုးမှုနဲ့ ပြဿနာတွေပဲ ယူဆောင်လာပေးလိမ့်မယ်။

ဒုတိယကတော့ သူမက ကျန်းဝမ်တားတဲ့အရာတွေကို လုပ်လိုက်တာက အမှန်ကန်ဆုံးဖြစ်လိမ့်မယ်လို့ ထင်တယ်။

ကျန်းယွီက သူမလက်ကို စုပ်နေရင်းနဲ့ မြို့မှာသွားပြီး အစေခံလုပ်ဖို့ သူမဘာလုပ်နိုင်မလဲ စဉ်းစားနေမိတယ်။ သူမအရင်ဆုံး အဝတ်သစ်တစ်စုံတော့ လိုမှာပဲ ဟုတ်တယ်မလား။ သူမကြားတာ ပိုက်ဆံရှိတဲ့အိမ်က အစေခံတွေအားလုံး ကောင်းကောင်းမွန်မွန် ဝတ်စားကြတယ်တဲ့။

ဖိနပ်အသစ်တွေလိုမလိုတော့ မသေချာဘူး။ သူမက အစေခံသွားလုပ်မှာလေ။ ကြည့်ပျော်ရှုပျော်လောက်ဆို တော်ရောပေါ့။

သူမယခင်က တခြားသူတွေကို အလုပ်အကျွေးမပြုဖူးဘူး။ သခင်ကြီးလျူအိမ်မှာတုန်းက သူမက အိမ်အလုပ်နဲ့ ဟိုနားဒီနား ခိုင်းတာတွေပဲ ကူပေးရတာ၊ သခင်တွေနား မနီးကပ်ဖူးဘူး။

သူမကြားတာ အဲဒီသခင်လေးက သူစိတ်ဖောက်ရင် လူတွေကိုရိုက်တယ်တဲ့။ သူမသာပြန်လုပ်မိခဲ့ရင် သခင်ငယ်လေးကို သေအောင်ရိုက်လိုက်မိမှာ စိုးရိမ်ရတယ်။

တကယ်လို့ လူအားမမျှရင်လည်း သူမက အရိုက်ခံရဦးမှာ၊ ကျန်းအိမ်တော်ကို သွားတိုင်းလိုပေါ့၊ တစ်ယောက်တည်းဆို အမြဲအရိုက်ခံရတယ်။

ပြီးတော့လည်း သူမ ဘယ်တုန်းကမှ အိမ်နဲ့မခွဲဖူးတာကြောင့် ကြောက်ရွံ့နေမိတယ်။

ထားလိုက်ပါတော့။ ကျန်းဝမ်ကို ပုန်ကန်ချင်တာနဲ့ပဲ ရူးကြောင်ကြောင်တွေ မလုပ်သင့်ဘူး။

မြင်ကွင်းတစ်ခုက သူမစိတ်ထဲ ရုတ်တရက် ဖြတ်ပြေးသွားတယ်။ တစ်နေ့မှာ သူမက အကောင်းစား ပိုးဖဲတွေ ဝတ်ဆင်ထားပြီး ရွှေလုံးလေးတွေနဲ့ ပန်းထိုးဖိနပ်လေးစီး၊ သူမဆံပင်မှာ ရွှေဆံထိုးတွေ တလက်လက်နဲ့ လူ ၈ ယောက် မ,တဲ့ ဝေါယာဉ်ကြီးမှာထိုင်ကာ လမ်းမတွေမှာ လှည့်လည်နေခဲ့တယ်။

ဒီမြင်ကွင်းကို စိတ်ကူးယဉ်မိတော့ ကိုယ့်စိတ်ကူးကိုယ် မရယ်ဘဲ မနေနိုင်ခဲ့ဘူး။

ကျန်းမြန့်မန့်က နိုးလာပြီး သူ့မမက ကိုယ့်လက်ချောင်းကိုယ်စုပ်ကာ တစ်ခဏမျက်မှောင်ကြုတ်လိုက်၊ နောက်ကျ ရူးသလိုလိုရယ်လိုက်နဲ့ လက်ချောင်းတွေကိုတော့ စုပ်နေတုန်းပဲ... သူမက ထိတ်လန့်သွားတယ်၊ သူ့မမမှာများ စိတ်စွမ်းအားတစ်မျိုးမျိုး နိုးထလာတာလား။

သူမလည်း မသိလိုက်ခင်မှာဘဲ သူမလက်ချောင်းတွေကို  လိုက်စုပ်မိသွားတယ်။ အမှန်တိုင်းပြောရရင်တော့ သူမကိုယ်ပိုင်တံတွေးတွေ ပေနေတဲ့လက်ချောင်းကို စုပ်ရတာ တော်တော်တော့ မသန့်ရှင်းဘူး။

တကယ်လို့ သူမသာ မတ်တတ်ရပ်နိုင်ရင် သူမလက်မစုပ်ခင် ၈ ခါလောက် လက်သွားဆေးခဲ့မှာ။

အဲဒီအချိန်မှာပဲ ခြံပြင်ကနေ ရင်းနှီးနေတဲ့ ခြေသံကို ကြားလိုက်ရတယ်။

လေးလံပြီး တစ်လှမ်းချင်း အရမ်းတည်ငြိမ်တယ်။

အဲ့တာအမေပြန်လာတာပဲ ဖြစ်ရမယ်။

ကျန်းမြန့်မြန့်က ကြောင့်ကြစွာနဲ့ အော်လိုက်တယ်။ “ယိယာ ယာယာ”

နို့စို့ချင်တယ်။ နို့...

သေချာပေါက်ပဲ တစ်ခဏလောက်ကြာတော့ တံခါးခေါက်သံကြားရတယ်။ ဒီနေ့အိမ်မှာ ကျန်းယွီနဲ့ ညီမလေးပဲ ရှိကြတာဆိုတော့ သူမက ခြံတံခါးခတ်ထားခဲ့တာ။

သူမက အပြင်ကနေ အမေ့အသံကြားတော့ တံခါးပြေးဖွင့်လိုက်တယ်။

ချင်လော့ရှားကျောပေါ်က ခြင်းတောင်းက မြက်အပြည့်နဲ့ လျှံထွက်နေခဲ့တယ်။

အဲ့တာက မလေးသင့်ပေမဲ့ ချလိုက်တော့ လေးလံတဲ့ ခပ်အုပ်အုပ်အသံ မြည်သွားခဲ့တယ်။

ကျန်းမြန့်မြန့်က ပိုပြီးကျယ်လောင်စွာ ငိုခဲ့တယ်။

နို့စို့ရဖို့ သေမတတ်ဖြစ်နေပြီ သူမသမီးငိုသံကြားတော့ ချင်လော့ရှားရဲ့ ရင်သားတွေကလည်း ပြည့်တင်းလာပေမဲ့ သူမသည်းခံပြီးတော့ နို့မတိုက်ခင် မြန်မြန် အဝတ်လဲသန့်စင်လိုက်တယ်။

ကျန်းမြန့်မြန့်က သူမရဲ့ စားစရာပန်းကန်လုံးကို ဖက်ထားကာ သူမရဲ့ဗိုက်လေးပြည့်တဲ့အထိ မဆင်မခြင် စို့လိုက်တယ်။ ပြီးနောက်မှ သူမစဉ်းစားဖို့ အားရှိတော့တယ်။

ရုတ်တရက် သူမက ဒီနေ့နို့က သွေးနံ့တချို့ရောနေတာကို တွေ့ရှိလိုက်ရတယ်။ တော်တော်ပြင်းထန်တဲ့ သွေးနံ့ပဲ။

အမေဘာလုပ်ခဲ့တာလဲ။

အမဲလိုက်ရင်တောင်မှ ဒီလောက်ပြင်းတဲ့ သွေးနံ့ကျန်ခဲ့မှာ မဟုတ်ဘူး။

အမေ့ဆီကအနံ့က မှုခင်းသိပ္ပံဌာနက သူမရဲ့စီနီယာတစ်ယောက်လိုပဲ။ တစ်ရက်မှာ သူတို့နဲ့ ထမင်းလာစားခဲ့ပြီးတော့ သူမကအခုလေးတင်
လတ်လတ်ဆတ်ဆတ် အလောင်းတစ်ခုကို ခွဲစိတ်လို့ပြီးတာလို့ ပြောခဲ့တယ်...

ကျန်းမြန်မြန့်က အမေခြံဝမှာ ချထားခဲ့တဲ့ ခြင်းတောင်းကို လှမ်းကြည့်လိုက်တယ်။ လတ်ဆတ်တဲ့သွေးတွေက ဖြည်းညင်းစွာ စီးကျနေလေတယ်။


ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်Where stories live. Discover now