Chapter 6

2.3K 268 1
                                    

အပိုင်း (၆) တစ်နေ့တည်းမှာပဲ အမုန်းတရားကို လက်စားချေချင်တဲ့ အမေ

“မြေဝါရောင်၊ မြက်စိမ်းတွေနဲ့ အိမ်ကသမီးလေးက ဝဝကစ်ကစ်၊ ဝဝကစ်....”

အမေ့ရဲ့ ညင်သာတဲ့ သံရှည်သီချင်းကိုနားထောင်ရင်း ဘာမှမဖြစ်သလိုမျိုး ကျန်းမြန့်မြန့်က အိပ်ပျော်သွားပြန်တယ်။

သူမပြန်နိုးလာတော့ မှောင်နေလေပြီ။ ထုံးစံအတိုင်း သစ်သားဇလုံလေးထဲ ရောက်နေပြန်တယ်။

နည်းနည်းလည်း ဗိုက်ဆာနေတာကြောင့် သူမလက်တွေကို ပါးစပ်ဆီလှမ်းလိုက်ကာ လက်ချောင်းတွေကို စုပ်ယူလိုက်တယ်။ အဲဒီမှာ စမ်းရေရှိပြီးတော့ အနည်းငယ်လည်း ငံလေတယ်....

တစ်ခဏလောက် စုပ်လိုက်ပြီးတော သူမ အင်အင်းပါချင်လာပြန်ကာ မျက်နှာလေးရဲလာပြန်တယ်။ သူမက အရင်ဆုံး သတိပေးတဲ့အနေနဲ့ ငိုချင်ခဲ့ပေမဲ့ အားယူလိုက်ချိန်မှာ သူမလည်ချောင်းနဲ့ တင်ပါးတို့က တစ်ချိန်တည်းမှာပဲ ထွက်သွားခဲ့တယ်.... ဖြစ်စဉ်က အရမ်းချောမွေ့လွန်းတယ်။

“ဝါး ဝါး ဝါး“

သူမအီးပေါက်သံကို ငိုသံနဲ့ ဖုံးကွယ်လိုက်တယ်။

သူ့ရှေ့မှာရှိနေတဲ့ အစ်မဖြစ်သူကျန်းယွီက နှာခေါင်းကိုပိတ်ထားလိုက်ပြီး ပြောခဲ့တယ်။ "ကလေးတွေရဲ့ အင်အင်းက မနံဘူးဆို။ ဘာလို့ ငါ့ညီမလေးရဲ့ အင်အင်းကျတော့ အဲ့လောက် နံစော်နေရတာလဲ”

ရွံပေမဲ့လည်း သူမအနှီးကို မြန်မြန်လဲပေးလိုက်တယ်။

ကျန်းမြန့်မြန့်က အပြစ်ကင်းတဲ့ပုံလေးနဲ့ သူမသည်လည်း အနံ့ကြောင့် အနည်းငယ်မူးဝေနေခဲ့တယ်။

သူမခြေထောက်တွေ အမြှောက်ခံလိုက်ရတာကို ကျန်းမြန့်မြန့်ခံစားလိုက်ရတယ်။ မမက အရမ်းဂရုတစိုက်ရှိတယ်။ မေမေ့ထက်တောင် ညင်ညင်သာသာ သုတ်ပေးသေးတယ်။

သန့်ရှင်းပြီးတော့ သူမတင်ပါးမှာ ကပ်စီးမနေတော့တာကြောင့် သန့်ရှင်းအောင် သုတ်ပြီးတဲ့ပုံပဲ။

လတ်လတ်ဆတ်ဆတ် သန့်ရှင်းပေးခံထားရတဲ့ မြန့်မြန့်လေးက သူမလက်ချောင်းလေးတွေကို စုပ်လိုက်ပြန်တယ်။ သူမလက်ချောင်းတွေက ဒီတစ်ခေါက် ပိုငံနေသလိုပဲ? ဝေါ့

နောက်ဆုံးတော့ အမေရောက်လာခဲ့တယ်။ သူမစားစရာကို ကျေကျေနပ်နပ်စားလိုက်တယ်။ ဒီနေ့စားစရာက ပိုများလာတယ် (အင်အင်းလည်း ပိုပါလာတယ်လေ) စားပြီးသွားတော့ စိတ်ပျော်သွားတာကြောင့် ရယ်မောလိုက်သေးတယ်။

သူမရဲ့ မျက်နှာထားကို မထိန်းနိုင်ခဲ့ဘူး။ ရူးရူးနှမ်းနှမ်းလေး ပြုံးနေခဲ့တယ်။

ဒီကနေ့ သူမအပြင်ထွက်ပြီးတော့ လောကကြီးကိုကြည့်လာရတာကြောင့် အခု သူမနည်းနည်း တက်ကြွနေတယ်။ သူမမိဘတွေဆီက အတင်းပြောတာတွေကို ထပ်နားထောင်ချင်နေသေးတယ်။ ပျောက်ဆုံးသွားတဲ့ ဆေးဝါးပစ္စည်းတွေကိစ္စက နောက်ပိုင်းဘယ်လိုဖြစ်သွားတာလဲ? သူမစောင့်ရင်းစောင့်ရင်းနဲ့ ဘာမှမကြားလိုက်ရဘဲ အိပ်ပျော်သွားခဲ့တယ်။

နောက်ထပ်တစ်ပုံလောက် ပါလိုက်ပြန်ပြီးတော့ ချောချောမွေ့မွေ့နဲ့ နောက်ထပ်တစ်ရက်က ကုန်ဆုံးသွားပြန်တယ်။

မနက်စောစောမှာ တစ်စုံတစ်ယောက်က တံခါးလာခေါက်ခဲ့တယ်။

“ဖုန်းရဲ့အမေရေ အိမ်မှာရှိနေလား”

အသီးအရွက်ရိုင်းတွေ တစ်ပုံကြီးကို သယ်လာတဲ့ မိန်းမတစ်ယောက်က တံခါးမှာရပ်နေတယ်။

အမေကလည်း သူမကိုချီလိုက်ပြီးတော့ တံခါးမှာ သွားမှီလိုက်တယ်။

အမေ့လက်မောင်းကြားမှာ ကျန်းမြန့်မြန့်ကလည်း သက်သောင့်သက်သာရှိမယ့် အနေအထားကို ရှာလိုက်တယ်။

“နင်ကြားပြီးပြီလား။ မနေ့ညက အဒေါ် ၆ က ည အိမ်သာထသွားရင်းနဲ့ ခြေထောက်ကျိုးသွားတယ်တဲ့။ ဘယ်အိမ်က ဆော့တဲ့ကလေးက လမ်းလယ်ခေါင်မှာ ကျင်းလာတူးထားတယ်မသိပါဘူးဟယ်”

ထို့နောက် ကျန်းမြန့်မြန့်က သူမအမေက အံ့ဩတကြီးမေးလိုက်တာကို ကြားလိုက်ရတယ်။ “သူတို့မိသားစုက အညစ်အကြေးအိုးတွေအကုန်လုံးကို စန္ဒကူးသားနဲ့ လုပ်ထားတယ်လို့ ပြောတာမဟုတ်ဘူးလား။ ဘာလို့ အပြင်ထွက်ပြီး အိမ်သာသွားစရာလိုသေးတာတုန်း”

“ဘယ်သူသိမှာလဲ။ အထူးဆန်းဆုံးက အဒေါ် ၆ သွားတဲ့ အိမ်သာက သူတို့မိသားစုက အိမ်သာမဟုတ်ဘဲနဲ့ လောင်လျို့တို့အိမ်က အိမ်သာကိုတဲ့။ ထူးဆန်းတယ်မထင်ဘူးလား”
ထို့နောက် အမေ့မျက်နှာဝိုင်းဝိုင်းက ပိုပြီး အသက်ဝင်လာတယ်။ သူမ မျက်လုံးတွေ ဝိုင်းသွားပြီး တိုးတိုးလေး မေးလိုက်တယ်။ "ဘာတွေဖြစ်နေတာလဲ။ ယောင်းမရေ အသေးစိတ်ပြောပါဦး။ ငါ့မှာအချိန်တွေအများကြီးရှိနေတယ်....”

“အားချွေ့အမေက တစ်ယောက်ယောက်ဆီက ကြားလာတာတော့ စီရင်စုမြို့တော်က သခင်ကြီးအိမ်မှာ အစေခံလုပ်မယ်ဆိုရင် ငွေစရှစ်ဆယ်ပေးတာတဲ့။ အဒေါ် ၆ က ငွေဆယ်စပဲပေးခဲ့ပြီးတော့ ငွေစ ၇၀ ကို ဖျောင်ထားချင်တာလေ။ သူက သွားပြီးပွဲရှာခဲ့တာ။ နင်လည်း ချွေ့အမေရဲ့ပါးစပ်ကို သိပါတယ်။ အယုတ္တအနတ္တတွေဆဲပြီးတော့ အဒေါ် ၆ အိမ်မှာ တစ်နေ့ခင်းလုံး ပြဿနာရှာခဲ့တယ်လေ။ အကျိုးဆက်ကတော့ ညကျတော့ အဒေါ် ၆ က ခြေကျိုးသွားရော။ အဲ့တာကြောင့်မို့ အဒေါ် ၆ က သူမကို လူတွေကို သယ်ခိုင်းပြီးတော့ ချွေ့အမေအိမ်မှာ ပြဿနာသွားရှာရော….”

ကျန်းမြန့်မြန့်ကိုယ်လုံးလေးက သူ့အမေ ခေါင်းညိတ်တဲ့အတိုင်း လိုက်ယမ်းနေလေတယ်။

သားအမိနှစ်ယောက် အတင်းပြောတာကို စိတ်ဝင်တစား နားထောင်နေကြတယ်။

ကျန်းမြန့်မြန့်က လုံလုံလောက်လောက် နားထောင်ပြီးသွားတော့ ဗိုက်ဆာလာတာကြောင့် နို့သောက်ဖို့ စပြီး အော်ဟစ်တော့တယ်။

၂ ရက်လောက် ဗိုက်ပြည့်အောင် သောက်ခဲ့ရပြီးတော့ သူမဟာ အားရှိလာသလို ခံစားရတယ်။

“ဒီကလေး ဒီလောက် အကျယ်ကြီးငိုနေတာ သူ့ကိုအရင် နို့တိုက်လိုက်ပါဦး။ ငါလည်း အိမ်ကို ဟင်းချက်ဖို့ ပြန်ရင်းနဲ့ အသီးအရွက်ခူးပြီး ဝင်လာတာ” အတင်းပြောပြီးသွားတော့ အဲ့အန်တီလည်း စိတ်ကျေနပ်စွာ ပြန်သွားခဲ့တယ်။

ကျန်းမြန့်မြန့်ကလည်း ပါးစပ်တပြင်ပြင်နဲ့ စားဖို့ပြင်နေခဲ့တယ်။
…….

မိသားစုစုံတဲ့ ညချမ်းဝယ်။

လူအားလုံးက ဒီနေ့ရဲ့ အတင်းအဖျင်းကို ကြားပြီးသွားကြပြီ။

ညစာစားနေရင်း အစ်မကျန်းယွီက ပျော်ရွှင်စွာနဲ့ ပြောလိုက်တယ်။ "အားချွေ့အမေက စီရင်စုက သခင်ကြီးက ငွေစရှစ်ဆယ်ပေးတာလို့ မရမကပြောပြီး ပြဿနာရှာတာ။ သူမက အဒေါ် ၆ ကို ကျန်တဲ့ ငွေစ ၇၀ ပေးဖို့ တောင်းခဲ့တာ။ အဒေါ် ၆ ကလည်း မရှိဘူးပြောတယ်။ ပိုက်ဆံကိစ္စကြောင့် အမေချွေ့က အားချွေ့ကို စီရင်စုဆီ မပို့တော့ဘူးလို့ ပြောတယ်”

အစ်ကိုကြီးကျန်းဖုန်းက သိချင်သွားပြီး မေးလိုက်တယ်။ "အဲ့တာက ငွေစ ၅၀ ပဲ မဟုတ်ဘူးလား? ငွေစ ၈၀ ဆို အဒေါ် ၆ သေသွားလိမ့်မယ်”

ကျန်းမြန့်မြန့်ကလည်း ဝင်မပြောဘဲ မနေနိုင်ခဲ့ဘူး “ယိယား ယိယား ရှစ်ဆယ် ရှစ်ဆယ်” (အမေပြောလိုက်တာ၊ အမေကပြောလိုက်တာ ရှစ်ဆယ်၊ ရှစ်ဆယ်လို့)

“ဘယ်သူက ဂရုစိုက်မှာလဲ။ မကောင်းတာလုပ်လို့ မကောင်းတာဖြစ်တာပဲ။ အဲ့တွင်းကို ဘယ်သူတူးတူး သမီးကြားတာတော့ အဒေါ် ၆ ရဲ့ခြေထောက်ကျိုးသွားတာ အတော် အခြေနေဆိုးတယ်တဲ့။ ရက် ၁၀၀ လောက် လှဲနေရင်တောင် ကောင်းမှာမဟုတ်ဘူးတဲ့။ သူနောက်တစ်ခါ အပြင်ထွက်ပြီး လူတွေကို ဒုက္ခပေးနိုင်သေးလား ကြည်ကြသေးတာပေါ့” ကျန်းယွီက အသီးအရွက်ခါးခါး စွတ်ပြုတ်ကို သောက်နေရပေမဲ့ ချိုတယ်လို့ ထင်နေမိတယ်။

ကျန်းမြန့်မြန့်ကလည်း ဝင်ပြောလိုက်ပြန်တယ်။ "ယိယား ယိယား တူး တူး တူး” (အမေတူးထားတာ အမေတူးထားတာ တူး တူး တူး)
အဲဒီနောက် သူမမျက်နှာလေးကို အစ်ကိုကြီးဆီကနေ အဖျစ်ခံလီုက်ရတယ်။

“အမေ ညီမလေးက ကျွန်တော်တို့စကားတွေကို နားလည်နေတယ်လို့ ကျွန်တော် ဘာလို့ ထင်နေရတာလဲ။ သူလည်း စကားလိုက်ပြောနေသလိုပဲ”

“မင်း အားလျှော့ထားစမ်း။ သူက ဘာနားလည်ဦးမှာလဲ။ မင်းတို့အားလုံး ပျော်နေတော့ သူလည်း လိုက်ပျော်နေရုံပါ” ချင်လော့ရှားက မြန့်မြန့်လေးကို စွတ်ပြုတ်တစ်ဇွန်းတိုက်ရင်း ပြောလိုက်တယ်။

ခါးလိုက်တာ! ရက်ခ်!

ကျန်းမြန့်မြန့်လေး တစ်မျက်နှာလုံး ရှုံ့မဲ့သွားလေတယ်။ အရသာလည်း မကောင်းဘူး။ နှုတ်ခမ်းလေး ထော်လာပြီးတော့ ငိုတော့မလိုပဲ။

အမေက နောက်တစ်ဇွန်း ထပ်တိုက်လိုက်ပြန်တယ်။ သူမပါးစပ်ကို စေ့ပိတ်ထားကာ ဖွင့်ပေးဖို့ ငြင်းဆန်ခဲ့တယ်။
သောက်မကောင်းဘူး။ တော်ပါပြီ။

ဒါကိုမြင်တော့ ချင်လော့ရှားနဲ့ ကျန်းချန်တျန်းတို့က ရယ်မောခဲ့ကြတယ်။

ဒီကလေးက အရမ်းသိတာပဲ။

ညဉ့်နက်တော့…

ကျန်းမြန့်မြန့်က သူမအမေပြောတာကို အိပ်ချင်မူးတူးနဲ့ ကြားလိုက်တယ်။ "ယောက်ျားရေ၊ အဲ့ကျင်းကို ကျွန်မတူးထားတယ်လို့ တစ်ယောက်ယောက်ကများ သံသယဝင်မယ်လို့ ထင်လား”

“မထင်ပါဘူး၊ အဒေါ် ၆ က အရင်ကတည်းက ဘယ်သူ့ကိုမှ ဂရုမစိုက်တာ။ သူ့ကို လူတော်တော်များများက မနှစ်သက်ကြဘူးလေ။ တကယ်လို့ သူမသာ လောင်လျို့အိမ်ကို မသွားရင် သူ့ခြေထောက်လည်း ကျိုးမှာမဟုတ်ဘူး။ သူ့အပြစ်နဲ့သူပဲ။ အိပ်တော့လေ”

ကျန်းမြန့်မြန်က စိတ်ချလက်ချ အိပ်ပျော်သွားပြီးတော့ မကြာခင်မှာပဲ ဟောက်သံတိုးတိုး ထွက်ပေါ်လာတယ်။

သူမအိမ်မက်ထဲမှာတော့ ကျင်းတူးနေတုန်းပဲ။ တူး တူး တူး ….


ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်Where stories live. Discover now