Chapter 53

1.1K 162 2
                                    

အခန်း (၅၃) ပထမဆုံး ခွဲခွာခြင်း


ဒီကနေ့ အိမ်မှာ ဧည့်သည်လာမယ်ဆိုတာကို ကျန်းဝမ်သိတယ်။

သူမ နည်းနည်း ယောက်ယက်ခတ်နေတယ်။

ကျန်းမိသားစုက ဧည့်လက်မခံရတာ နှစ်ပေါင်းများစွာကြာပြီ။

ဒီမနက် ထုံးစံအတိုင်း သူမ စောစောထကာ ကျမ်းစာရွက်ဖတ်လိုက်မှ စိတ်ငြိမ်သွားခဲ့တယ်။

အရင်ရက်က သူမအစ်ကိုရဲ့ အစောင့်ဖြစ်သူက ဆိုးဝါးစွာ သေဆုံးသွားခဲ့ကာ အိမ်တော်တစ်ခုလုံး တိမ်မဲတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်။

အဘွားအိုက ဝူလျိုမှာ ဒီလိုအကျင့်ဆိုးရှိတာကို ဒေါသထွက်နေခဲ့တယ်၊ ကျန်းရုန်ကို အကျင့်ကူးသွားစေနိုင်တယ်လေ။

ပြီးတော့လည်း သေဆုံးရတဲ့ အကြောင်းအရင်းဟာ ရှက်ဖွယ်အတိဖြစ်တာကြောင့် ဂုဏ်သရေရှိ ဧည့်သည်တွေရှေ့မှာ သူတို့ကို အရှက်ရစေနိုင်တယ်။

ကျန်းဝမ်ကတော့ သနားစိတ်ဝင်ကာ ထိုသူ့ကို နှုတ်ဆက်တဲ့အနေနဲ့ ဒီမနက် သေဆုံးသွားသူကို နောက်ဘဝကူးနိုင်ဖို့ ကျမ်းဂန်တွေရွတ်ဖတ်ပေးခဲ့တယ်။

ဒီလောကကြီးရဲ့ ပကာသနများဟာ အဝါရောင် ဖုန်မှုန့် လက်တစ်ဆုပ်စာမျှသာပါပဲ။

ကျမ်းဂန်ရွတ်ဖတ်ပြီးချိန်မှာ သူမ အစေခံလေး မိုက်ဇီက သူမကို အဝတ်ကူဝတ် ဖြီးလိမ်းပြင်ဆင်ပေးခဲ့တယ်။

မိုက်ဇီက ကျန်းဝမ်ရဲ့ ရှည်လျား အုံထူပြီး လှပတဲ့ ပိတုန်းရောင် ဆံပင်တွေကို ဂရုတစိုက် ညင်သာစွာ ဖြီးပေးခဲ့တယ်။

"သခင်မလေးကတော့ နေ့တိုင်း ပိုပိုလှလာတော့တာပါပဲ။ ကျွန်မတော့ သခင်မလေးလောက် လှတဲ့သူမျိုး မတွေ့ဖူးပေါင်။ သခင်မလေးက လောကမှာ အလှဆုံးဖြစ်ရမယ်" မိုက်ဇီက တက်ကြွတဲ့ ဟန်ပန်တဲ့ မှတ်ချက်ပြုလိုက်တယ်။

ကျန်းဝမ် ပြုံးလိုက်တယ်။ ဒါက သူတို့နေတဲ့နေရာက တောကျတာကြောင့်ပါပဲ။ ပြီးတော့ အလှဆုံးဆိုတာက ကောင်းတဲ့အရာ ဖြစ်ချင်မှဖြစ်မှာ။ ယုံတမ်းတွေအရတော့ လက်ရှိဧကရာဇ်ရဲ့ တစ်ဦးတည်းသော ညီမဖြစ်သူ မင်းသမီးဟွေ့ယွင်က အင်မတန် လှပတယ်လို့ဆိုတယ်။ ဒါပေမဲ့ သူမမျက်နှာကို ပြင်းထန်စွာ မီးလောင်သွားပြီးနောက် ဘယ်သူနဲ့မှ မတွေ့တော့ဘဲ ရသေ့လိုပဲ နေခဲ့တော့တယ်။
ဖြီးလိမ်းပြင်ဆင်ပြီးသွားတော့ ကျန်းဝမ်က အဘွားဖြစ်သူကို ဂါရဝပြုဖို့ သွားလိုက်တယ်။

ဒီနေ့တော့ မိသားစုဝင်အကုန်လုံး စုံနေကြတယ်။

သူမ အဖေ၊ အမေနဲ့ အစ်ကိုလည်း ရှိနေကြတယ်။

သူမ ရောက်လာတာ နောက်ကျသွားတယ်။

မိသားစုက မနက်စာ စားပြီးတော့ ပလုတ်ကျင်းပြီးသွားချိန်မှာပဲ ဧည့်သည်တွေက ရောက်ရှိလာတယ်။

တကယ်တမ်း လာလည်တာက လူငယ်လေးနှစ်ယောက်ပဲ ဖြစ်တာကြောင့် တစ်မိသားစုလုံး စုံနေဖို့ မလိုအပ်ဘူးရယ်။

သို့ပေမဲ့လည်း ကျန်းမိသားစုက အာဏာရှိအသိုင်းအဝိုင်းကနေ ဝေးကွာတာ ကြာခဲ့ပြီဖြစ်တာကြောင့် သူတို့ရဲ့ တောနယ်က နေထိုင်မှုဘဝမှာ စိတ်လှုပ်ရှားစရာရယ်လို့ မရှိဘူး။ ဒါကြောင့် တစ်မိသားစုလုံးက ခမ်းခမ်းနားနားနဲ့ ကြိုဆိုခဲ့ကြတာ။

မုန့်ရှောက်ရှားနဲ့ ဟယ့်ချန်၊ ဆွေမျိုးကြီး မိသားစုတွေက သခင်လေးနှစ်ယောက်ဖြစ်ပြီး သူတို့ကိုယ်သူတို့ ဣန္ဒြေရှိ ကြော့ရှင်းစွာ ပြုမူနေထိုင်ကြတယ်။ သူတို့တကယ်တမ်း အံ့အားသင့်သွားပေမဲ့ မထုတ်ဖော် မပြသခဲ့ဘူး။

ကျန်းအိမ်တော်က ကျယ်ဝန်းပြီး လင်းထင်းတယ်။ အဖိုးတန်ပစ္စည်းတွေနဲ့ အလှမဆင်ထားပေမဲ့ ရှေးဟောင်းစင်တွေပေါ်က ကြွေပန်းအိုးတွေနဲ့ နံရံပေါ်က ပန်းချီတွေက မိသားစုရဲ့ နောက်ခံကို ပြသနေတယ်။

ချောမောကာ အကျင့်သိက္ခာရှိတဲ့ လူငယ်လေးနှစ်ယောက်ကိုတွေ့တော့ ကျန်းဟွိုက်ရှန်းက သူတို့ရဲ့ အားမာန်အပြည့်နဲ့ မြင့်မြတ်တဲ့ ဟန်ပန်ကြောင့် သဘောကျနေတယ်။

သူကိုယ်တိုင်လည်း စာတတ်ပေတတ် အမျိုးကောင်းသားဖြစ်တာကြောင့် သူတို့နဲ့ စကားပြောလို့ ကောင်းခဲ့တယ်။

ထက်မြက်တဲ့ လူငယ်လေးနှစ်ယောက်ကို ကြည့်ပြီးတော့ သူ့သားကို ပိုလို့တောင် စိတ်ပျက်သွားခဲ့တယ်။ သက်တူရွယ်တူဖြစ်ပေမဲ့ သူတို့က ဝေးလံစွာ ခရီးထွက်ခဲ့ပြီး ကိစ္စတွေကို ကိုယ်တိုင် ကိုင်တွယ်နိုင်နေပြီ၊ သူ့သားကတော့ ခရိုင်ကျောင်းက သင်ကြားရေးကိုတောင်မှ မပြီးသေးဘူး၊ အမြဲတမ်း မတွေးတော မဆင်ခြင်တတ်ဘူး။

ကျန်းဝမ်လည်း ဧည့်သည်ကြိုတဲ့နေရာမှာ ပါဝင်ပြီးတော့ သူမမျက်နှာက နည်းနည်းရှက်သွေးဖြာသွားတယ်။ အဲ့ဒါက မသင့်လျော်ဘူးဆိုတာ သိပေမဲ့လည်း သူမအဘွားက လူတွေနဲ့ တွေ့ရမယ်လို့ ပြောခဲ့တယ်၊ ပြီးတော့ ဒီတောနယ်မှာ သတ်မှတ်ချက် များများစားစား မရှိဘူးလေ။

သူမ ချက်ချင်းပဲ မျက်နှာလေးထောင့်နဲ့ လူငယ်လေးကို သတိထားမိသွားပြီး တစ်ခဏလောက် တုံ့ဆိုင်းသွားတယ်။

ထို့နောက် သူမက နောက်လူငယ်လေးကို ကြည့်လိုက်တယ်။ ဓားလို မျက်ခုံး၊ တောက်ပတဲ့ မျက်လုံး၊ နှာတံ မြင့်မြင့်နဲ့ နှုတ်ခမ်းပါးပါး၊ တန်ဖိုးကြီး ဝတ်ရုံနဲ့ ဦးထုပ်ကို ဝတ်ဆင်ထားက သူက ချောမောကာ ကြော့မော့နေတယ်။

"ဝမ်အာ သခင်လေးနှစ်ယောက်ကို နှုတ်ဆက်ပါတယ်" ကျန်းဝမ်က ဦးညွှတ်ရင်း ယဉ်ကျေးစွာ ပြောလိုက်တယ်။

ကျန်းရုန်လည်း ဦးညွှတ်ခဲ့တယ်၊ ဒါပေမဲ့ သူက အရင်နေ့က သူ့အစောင့်ရဲ့ ဆိုးရွားစွာသေဆုံးမှုကြောင့် ကောင်းကောင်း မအိပ်နိုင်ခဲ့ကာ မျက်လုံးအောက်မှာ မဲနေခဲ့တယ်။

နယ်ဘက်မှာ နေတာ ကြာပြီဖြစ်တာကြောင့် သူက ဒီနေရာလေးမှာ ဗိုလ်ကျနေပြီဖြစ်ပေမဲ့ မြို့တော်ကလာတဲ့ မိသားစုကြီးနဲ့ ဆုံတွေ့တဲ့အခါ နည်းနည်းတော့ တန့်နေတယ်။

ကျန်းရုန်ကလည်း တကယ်တော့ အဲ့လောက်ကြည့်ရမဆိုးပါဘူး၊ အရပ်မြင့်ကာ ခပ်ပြည့်ပြည့်ကိုယ်လုံးနဲ့ ဒီခေတ်မှာတော့ ကြည့်ကောင်းတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူ့ရဲ့ ဟန်ပန်က ပိုပြီး အားနည်းလေတယ်။

မုန့်ရှောက်ရှားနဲ့ ဟယ့်ချန်တို့က ထူးဆန်းနေတယ်။

ကျန်းမိသားစုရဲ့ သားကြီးက သမားရိုးကျပုံစံနဲ့ ကျန်းဝမ်ကတော့ ထူးခြားတဲ့ ပင်ကိုယ်ဟန်ရှိတယ်။ အဖိုးထိုက်တဲ့ သစ်ခွပန်းလိုပဲ အခန်းအပြည့်လူတွေရဲ့ အကြည့်ကို ဖမ်းစားနိုင်တယ်။

သူမရဲ့ ဝတ်စုံက အသစ်မဟုတ်ပေမဲ့ ကွက်တိကျနေတယ်။ သူမရဲ့ ဆံပင်ထုံးဖွဲ့မှုကလည်း ရိုးရှင်းပြီးတော့ နက်မှောင်တဲ့ ဆံနွယ်တွေက ပခုံးစွန်းကနေ ကျနေတယ်။ သူမ မရယ်မပြုံးခင်ကတည်းက ပါးချိုင့်လေးတွေ ခပ်ရေးရေး မြင်ရကာ ကောင်းမွန်ပြီး စည်းလုံးတဲ့ မိသားစုမှာ ပျိုးထောင်ခံခဲ့ရကြောင်း ဖော်ပြနေတယ်။

ကြော့ရှင်းစွာ မတ်တတ်ရပ်နေကာ မိုးစိုပြီးစ လက်ဆက်တဲ့ ကြာပန်းလေးလိုပဲ။

ဟယ့်ချန်က သူ့ကို "အစ်ကိုဟယ့်" လို့ အခေါ်ခံလိုက်ရတဲ့အခါ ပိုပြီး ပျာယာခတ်သွားကာ သူ့မျက်နှာက နီလာတာကို ခံစားလိုက်ရတယ်။ သူက ဘာမှမသိနားမလည်တဲ့ လူငယ်လေး မဟုတ်တော့ပါဘူး၊ မိသားစုထဲမှာ ညီအစ်မတွေ အများကြီးနဲ့ တော်ဝင်မိန်းမပျိုတွေ အများကြီးကိုလည်း တွေ့ဖူးပြီးသား။ ဒါပေမဲ့ အကြောင်းအရင်း တချို့ကြောင့် သူ့ရှေ့က မိန်းမပျိုလေးကို ထူးခြားစွာ လှပကာ သာမန်နဲ့မတူဘဲ အလင်းတွေဖြာထွက်နေသလို ထင်လိုက်တယ်။

မုန့်ရှောက်ရှားလည်း နည်းနည်းတော့ ထူးဆန်းနေတယ်။ ညီမကျန်းဝမ်ရဲ့ ဟန်အမူအရာက သူ့အကြိုက်မဟုတ်ဘူး၊ ဘာလို့ဆို သူက ဆွေမျိုးကြီး မိန်းမပျိုတွေရဲ့ တောင့်တင်းကာ သိမ်မွေ့တဲ့ ဟန်ပန်ကို မနှစ်ခြိုက်ပေမဲ့ သူမကိုတော့ ပြောမတတ်အောင် ရင်းနှီးနေသလိုပဲ။

ငယ်ရွယ်တဲ့ သူတွေအနေနဲ့ သူတို့က လက်ဆောင်ပစ္စည်းတွေ ယူလာကာ နေ့လယ်စာ စားဖို့ ဖိတ်ကြားခံလိုက်ရတယ်။

တစ်ချိန်လုံးက စိတ်ကျေနပ်စရာကောင်းခဲ့ပါတယ်။

ကျန်းကတော်အဘွားအိုက ဗုဒ္ဓစာပေတွေကို နှစ်ခြိုက်ကာ နွေးထွေးပြီး ကြင်နာတဲ့ သဘောရှိတယ်။ အသ်ကအရွယ်ကြီးပေမဲ့ သူမရဲ့ အလှအပတချို့တော့ မြင်နိုင်သေးတယ်။

ကျန်းလူကြီးမင်းကတော့ ကြားထားတဲ့အတိုင်း ရုံးတော်နဲ့ ဝေးကွာနေပေမဲ့ လက်ရှိအကြောင်းအရာတွေမှာ အကျွမ်းတဝင်ရှိတယ်။ သူ့ရဲ့ မြင့်မြတ်ပြီး အမြင်ကျယ်မှုက လူငယ်လေးနှစ်ဦးကို အထင်ကြီးစေခဲ့တယ်။

ဒါ့ထက်ပိုပြီး သူ့ရဲ့ သိုင်းပညာကလည်း တော်တယ်၊ သူက မုန့်ရှောက်ရှားနဲ့ အိမ်တော်ရဲ့ လေ့ကျင့်ကွင်းမှာ အားပါးတရ ပြိုင်ဆိုင်ခဲ့ကာ တက်ကြွနေတယ်။

ပိုပြီး သက်သောင့်သက်သာရှိလာတော့ ကျန်းရုန်က ပိုစကားများလာတယ်၊ အစားအသောက်အကြောင်းတွေ ပျော်စရာရွှင်စရာအကြောင်းတွေမှာ အတော်ဗဟုသုတရှိလေတယ်။ ဒါပေမဲ့ သူ့ကြည့်ရတာ ဖခင်ကို ကြောက်နေရပြီးတော့ သူရှိနေချိန်မှာ လွတ်လွတ်လပ်လပ် မပြောခဲ့ဘူး။

ကျန်းဝမ်ကတော့ လူငယ်လေးနှစ်ယောက်စလုံးကို အထင်ကြီးသွားစေတယ်။

တောနယ်မှာ နေရပေမဲ့ သူမရဲ့အလှက ကြာပန်းလေးလို လင်းလပ်ကာ တကယ့်ကို တောက်ပလေတယ်။

အံ့ဩဖို့ကောင်းစွာ သူမရဲ့ စကားပြောဆိုပုံက ညက်ညောကာ အတွေးပါပြီး သူမရဲ့ သာမန်ထက်ပိုတဲ့ ဗဟုသုတကို ဖော်ပြနေတယ်၊ မသွေးရသေးတဲ့ ကျောက်မျက်ရတနာလို ယခုမှ စပြီးတောက်ပလာသလို သူတို့ကို အံ့ဩဘနန်းဖြစ်စေတယ်။

နေ့လယ်စာက များပြားတယ်။ မြို့တော်မှာလို ရှားပါးထူးဆန်းတာတွေ မပါဝင်ပေမဲ့ အရမ်း အရသာရှိကာ မုန့်မျိုးစုံ၊ ဒေသထွက်တွေနဲ့ အသားရော အသီးအရွက်ရော ပါဝင်တယ်။ တကယ်တော့ ဒါဟာ သူတို့ ဒီအတောအတွင်း စားခဲ့သမျှထဲမှာ အကောင်းဆုံးပါပဲ။

ကျန်းမိသားစုရဲ့ အစေခံတွေ အခိုင်းအစေတွေက ကောင်းကောင်းလေ့ကျင့်ပေးထားခံရကာ စနစ်ကျတယ်။

အိမ်ရှင်ရော ဧည့်သည်ရော ကျေနပ်ခဲ့ကြတယ်။

နှုတ်ဆက်ပြီးတော့ လူငယ်လေးနှစ်ယောက်လုံးက ပြန်သွားဖို့ တွန့်ဆုတ်မှုကို ခံစားလိုက်ရတယ်။

ပြန်သွားပြီးတော့မှသာ သူတို့က ကျန်းမိသားစုမှာ သူတို့ တစ်နေကုန် မတွေ့ခဲ့တဲ့ သားအငယ်တစ်ယောက် ရှိနေသေးတာကို သတိရသွားတယ်။

အတွင်းဝန်ကျန်းရဲ့ သားငယ်က ယခု ဧကရာဇ်ရဲ့ သားအရင်းတွေထက်တောင် နှစ်သက်ရပြီး ဘယ်သွားသွား သူ့အနားမှာ ခေါ်သွားတဲ့ တူတော်ဖြစ်သူ ဆက်ခံသူဟန်နဲ့ အသက်အတူတူပဲ ဖြစ်လောက်တယ်။

ဟယ့်ချန်က သူ့လက်အောက်ငယ်သားတွေကို အကျိုးအကြောင်း တိုးတိုးတိတ်တိတ် စုံစမ်းခိုင်းလိုက်တယ်။

ကျန်းမိသားစုရဲ့ သားငယ်ဟာ တကယ်တော့ အဘွားအိုက မိသားစုကနေ 'ကျင့်ဝတ်မသိ လေးစားမှုမရှိ' ဆိုပြီး နှင်ထုတ်ခံလိုက်ရတာကို သူတို့ သိလိုက်ရတယ်။

ဒါက ကြီးလေးလွန်းတဲ့ အပြစ်ပဲ။
(ကွန်ဖြူးရှပ် : ငါဘယ်တုန်းကမှ မပြောဖူးဘူးနော်)

မိသားစုကြီးက မျိုးဆက်တွေအနေနဲ့ သူတို့က တစ်ပါးသူရဲ့ ပုဂ္ဂိုလ်ရေးမှာ ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ သူတို့က ကျန်းမိသားစုဆီ သွားလည်ခဲ့ကြပြီးတော့ ကျန်းကတော်ဟောင်း၊ ကျန်းလူကြီးမင်းနဲ့ ညီမကျန်းဝမ်တို့အပေါ် အမြင်ကောင်းရှိလေတယ်။

ကျန်းရုန်ကလည်း မထူးချွန်ပေမဲ့ မကောင်းတဲ့စိတ်ထားတော့ မရှိဘူး၊ သာမန် သခင်လေးလိုပါပဲ။

အိမ်တော်သခင်မကလည်း စကားနည်းပေမဲ့ ဟယ့်ချန်က သူမနဲ့ ဆွေမျိုးဝေးတော်ကာ သူမကို 'အဒေါ်' လို့ ခေါ်ရတယ်။ သူမက လှပပြီး တည့်တိုးဆန်တယ်။

ခဏတာ အလည်သွားကာ သိပ်တော့ အကဲမခတ်နိုင်ပေမဲ့ သူတို့ရဲ့ ပဏာမအမြင်ကတော့ ကျန်းမိသားစု သားငယ်က ကျန်းကတော်ဟောင်းကို ဆုံးဖြတ်ချက်ပြတ်သားစေဖို့ အတော်ဆိုးဝါးတဲ့ လုပ်ရပ်ကျူးလွန်ခဲ့ပုံပဲ၊ မဟုတ်ရင် လူကြီးမင်းကျန်းက သဘောတူခဲ့မှာ မဟုတ်ဘူး။

လူငယ်လေးနှစ်ယောက်က ဒီမြို့မှာ ရက်အနည်းငယ်လောက် ထပ်နေဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

သို့ပေမဲ့ သူတို့ရဲ့ မိသားစုအစောင့်တွေက မင်ခရိုင်ကို ရောက်လာပြီး သူတို့ကို အလောတကြီး ပြန်ဖို့ တိုက်တွန်းခဲ့ကြတယ်၊ ကြည့်ရတာ အခြေအနေတွေက မတည်ငြိမ်ဘူးထင်တယ်။

ပူပြင်းတဲ့ ရာသီဥတု၊ မိုးခေါင်ရေရှားမှုနဲ့ သဘာဝဘေးအန္တရာယ်တွေက နယ်စပ်ပြည်နယ်တွေကို လှုပ်ခတ်သွားပြီးတော့ ပုန်ကန်သူတွေဟာ လူအများအပြားကို ဆန့်ကျင်ဖို့ လှုံ့ဆော်ခဲ့ကြတယ်။

ဒါကြောင့် မိသားစုနှစ်ခုစလုံးက သူတို့ကို အမြန်ပြန်လာဖို့ သတင်းပို့ခဲ့ကြတာ။

သူတို့ရဲ့ ခရီးလမ်းက အခုမှ စတင်ခဲ့ပြီး လောကတစ်ခွင်ကို အတူတူသွားလာဖို့ သဘောတူထားတာ။

သူတို့က အနည်းငယ်တော့ စိတ်ပျက်သွားကြတယ်။

မုန့်ရှောက်ရှားက အကြံပေးလိုက်တယ်။ "ငါတို့ ဒီနေ့လည် ဘာလို့ အစ်ကိုကျန်းဖုန်းဆီ သွားမလည်ကြတာလဲ၊ တကယ်လို့ သူ ငါတို့နဲ့ လိုက်ချင်မလားလို့ မေးလိုက်မယ်"

ဟယ့်ချန်က တစ်ကြိမ်သာ တွေ့ဆုံခဲ့ပေမဲ့ ကျန်းမိသားစုကနေ ထွက်မသွားချင်တဲ့ ပြောမပြတတ်တဲ့ တွန့်ဆုတ်မှုမျိုး ရှိနေတယ်။ သူက ညီမကျန်းဝမ်နဲ့ သူနဲ့ ပြောစရာမလိုတဲ့ ဆက်နွယ်မှုမျိုး ရှိနေသလို၊ သူမက လူတွေ တစ်ခန်းလုံး ခြားထားလည်း သူ့ကို မပြောဘဲ နားလည်နေသလို ခံစားချက်မျိုး ရနေတယ်။

မုန့်ရှောက်ရှားကလည်း ညီမကျန်းဝမ်က အတော်လေး ဗဟုသုတပြည့်စုံပြီး သူ့သဘောထားနဲ့ ကိုက်ညီတယ်လို့ ထင်ခဲ့တယ်။

သို့ပေမဲ့ သူက အရင်တွေ့ခဲ့တဲ့ လူငယ်လေးကျန်းဖုန်းကို ပိုပြီး အမြင်ကောင်းရှိနေတယ်။

သူက တစ်ယောက်ယောက်လွှတ်ပြီး စုံစမ်းခိုင်းလိုက်တော့ ကျန်းဖုန်းက ဒီနေ့ အိမ်မှာပဲ ရှိနေပြီး အပြင်မထွက်တာကို သိလိုက်ရတယ်။

ဒါကြောင့် နှစ်ယောက်သား အစောင့်တွေ ခေါ်ပြီး မြင်းစီးကာ ကျန်းဖုန်းတို့နေတဲ့ ရွာကို သွားခဲ့ကြတယ်။

တောင်တက်လမ်းက ကွေ့ကောက်ပြီး ကျဉ်းမြောင်းတယ်။

မြင်းတွေက မြန်မြန်မသွားနိုင်ဘူး။

ခဏလောက်နားပြီးတော့ အဝေးကရွာကို လှမ်းမြင်လိုက်ရတယ်၊ အိမ်ခြေတွေ ပြန့်ကျဲနေကာ ကြက်သံ ခွေးသံတွေနဲ့ ခြောက်ကပ်ပြီး မရင်းနှီးသလိုပဲ။

ရွာအဝင်ဝမှာ သစ်ပင်ကြီးတစ်ပင် ရှိတယ်။

သစ်ပင်ရိပ်အောက်မှာ အဘိုးအိုတစ်ဦး နားနေတယ်။

လမ်းမေးပြီးတော့ သူတို့ဟာ တောင်ပေါ်ဆက်တက်ခဲ့ကြတယ်။

နေက အနောက်ဘက်ကို စောင်းသွားပြီ။

တစ်ယောက်ယောက်ရဲ့အိမ်ကို သွားလည်ဖို့ အချိန်ကောင်းတော့ မဟုတ်ဘူး။

မညီညာတဲ့လမ်းက ဟယ့်ချန်ကို စိတ်မရှည်ဖြစ်စေတယ်။

ရုတ်တရက်...

"ခစ်ခစ်၊ ခစ်ခစ်"
"ခစ်ခစ်၊ ခစ်ခစ်"

ရယ်မောသံ ကြားရတယ်။

ကြည်လင်ပြီး အသံချိုကာ တံစက်မြိတ်အောက်က သံစုံခေါင်းလောင်းလေးတွေ မြည်နေသလိုပဲ။

ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်Where stories live. Discover now