Chapter 5

2.6K 273 0
                                    

အပိုင်း (၅) အပြင်သို့ ပထမဆုံး လမ်းလျှောက်ထွက်ကြခြင်း

ကောင်းကင်က ယခုမှစပြီး လင်းလာခဲ့တယ်။

မီးခိုးခေါင်းတိုင်များကနေ မီးခိုးငွေ့လေးတွေက တလူလူထွက်နေတယ်။

ကျန်းမြန့်မြန့်က သူမရဲ့ အနှီးကိုလဲပေးခံလိုက်ပြီးနောက် သူမရဲ့အနောက်ပိုင်းလေးက ခြောက်ခြောက်သွေ့သွေ့ သပ်သပ်ရပ်ရပ်နဲ့ သူမအမေရဲ့ လက်ထဲမှာ ပွေ့ပိုက်ထားခံရတယ်။ သူမအမေရဲ့ ပြည့်ဖြိုးတဲ့ ရင်သားကို ကိုင်ပြီးတော့ စိတ်အားထက်သန်စွာ စုပ်ယူနေခဲ့တယ်။

အဲ့တာက သူမစိတ်ထင်သက်သက် မဟုတ်လောက်ဘူး။ သူမအမေ့ဆီက နို့စို့လိုက်တော့ ဒီမနက်နို့က ပိုပြီးတော့ ချိုကာ အရင်ကထက်ပိုပျစ်နေသလိုပဲ။ အရင်ကလို နှစ်ခါလောက်စို့လိုက်တာနဲ့ ကုန်သွားမဲ့အစား ဆက်တိုက်ထွက်နေခဲ့တယ်။ သူမဗိုက်ဝသွားပြီး ကျေနပ်စွာ လေတက်လိုက်ပြီးတော့မှ သူမရဲ့ အစာစားခြင်းကို အဆုံးသတ်လိုက်တယ်။

တစ်လကျော်လောက်ကြာပြီးတော့မှ နောက်ဆုံးမှာ နို့ဝဝစို့လိုက်ရတာကြောင့် ကျန်းမြန့်မြန့်က အခုမှအသက်ရှင်သွားသလို ခံစားလိုက်ရတယ်။

နောက်တစ်ခါကျရင်တော့ သူမအနှီးကိုမစိုခင် စငိုနိုင်ဖို့ရာပဲ မျှော်လင့်မိပါတယ်....

နို့သောက်လို့ပြီးတော့ သူက စမ်းရေလေးကို လက်လှမ်းလိုက်ကာ ဆော့နေလိုက်တယ်။ သူ့ရဲ့ရေထွက်ပေါက်ကနေ အမြဲတမ်း ပန်းကန်လုံးလေးတစ်လုံးစာ ဒါမှမဟုတ် ခွက်လေးတစ်ခွက်စာလောက်ပဲ ထွက်နေပြီးတော့ သူမကုန်အောင်သောက်လိုက်ရင်း အောက်ဆုံးအလွှာပါးလေးကနေ ဖြေးဖြေးချင်းပြန်ပြန်ပြည့်လာတာကို ကြည့်နေလိုက်တယ်။

စမ်းရေကို သောက်ရတာ သူမရဲ့ အနံ့ခံအာရုံက အနည်းငယ်ပိုပြီး စူးရှလာသလိုခံစားလိုက်ရတယ်။

သူမရဲ့ ကိုယ်ပိုင် လတ်ဆတ်တဲ့ နို့ရနံ့လေးနဲ့ အင်းအင်းအနံ့ကိုပါ ရလိုက်တယ်....

ချင်လော့ရှားက သူမရဲ့ကလေးမလေး လက်မောင်းတွေကို ဝှေ့ယမ်းနေတာကိုကြည့်ရင်း အပြုံးလေးကို မဖုံးမဖိနိုင်ခဲ့ဘူး။

သူမက အံ့အားသင့်စရာကောင်းစွာ သူမခြေထောက်ပေါ်သူမ တည်တည်ငြိမ်ငြိမ်ရပ်နိုင်နေတယ်။ ကလေးမမွေးခင်က သွက်လက်ထိတ်ခတ်မှုတွေကို ပြန်ရလာတဲ့အတိုင်းပဲ။

ထားပါလေ။ ရွာက အမျိုးသမီးတွေက မနုနယ်ကြပါဘူး။ သူမက တစ်လလောက် အနားယူပြီးပါပြီလေ။

သူမက သေချာပေါက် အလုပ်ကြိုးစားတဲ့သူဖြစ်လေတယ်။ မနက်အစောကတည်းက အိမ်ကို သန့်ရှင်းပြီးသွားပြီ။ ချောင်ကြိုချောင်ကြားမကျန် သန့်ရှင်းရေးလုပ်ထားပြီးတော့ ခြံထဲက ထင်းတွေကိုပါ တစ်ခါတည်း အကုန်လုံး ခွဲလိုက်တယ်။

ထင်းတွေခွဲပြီးသွားတော့ သူမဟာ ထင်းပုံကြီးကိုကြည့်ပြီး ကြက်သေသေသွားတယ်။

သူမ အားတွေရှိလာသလိုပဲ။ နည်းနည်းလေးမှ မောဟိုက်မနေဘူး။ သူမ အနားကောင်းကောင်း ယူလိုက်ရတဲ့ပုံပဲ။

သူမရဲ့အိမ်အလုပ်တွေ ပြီးသွားတော့ ချင်လော့ရှားက မနက်ကလုပ်ထားတဲ့ စွပ်ပြုတ်နဲ့ ပေါင်မုန့်ခြောက်တစ်ပိုင်းကို စားကာ အဝတ်နဲ့ သူ့သမီးကို ရင်ဘတ်မှာ သိုင်းပိုးလိုက်ပြီး အပြင်ထွက်ခဲ့တယ်။

ဒီဟာက ကျန်းမြန့်မြန့်ရဲ့ ပထမဆုံးအကြိမ် အိမ်ကနေ ထွက်ခွာခြင်းဖြစ်တာကြောင့် သူမဟာ အနည်းငယ် စိတ်လှုပ်ရှားနေတယ်။ သူမဟာ အသက်ပြင်းပြင်းရှူသွင်းလိုက်တော့ မျိုးစုံသော အညစ်အကြေးတွေကို စုပြုံထားတဲ့ အနံ့ကိုရလိုက်တယ်...
ထားပါတော့။ သူမအသက်အောင့်ဖို့ နောက်ကျသွားခဲ့ပြီပဲ။ ကျန်းမြန့်မြန့်က သူမခေါင်းကို အမေရဲ့ရင်ခွင်ထဲမှာပဲ နှစ်ထားနိုင်တော့တယ်။

တစ်ခဏလောက် လမ်းလျှောက်လာပြီးတော့ သူတို့က လူတွေနဲ့ စတွေ့လာရတယ်။ ကြည့်ရတာ သူတို့အိမ်က ရွာလယ်မှာမဟုတ်ဘဲ အတော်လေး ချောင်ကျတဲပုံပဲ။

သူမအမေက လမ်းတစ်လျှောက် လူတွေကို နှုတ်ဆက်ခဲ့တယ်။ သူတို့က သူမကို “ချင်ရှီ"၊ “ရှောင်ချင်"၊ “ယောင်းမလော့ရှား"၊ “ကျန်းမိသားစုက ယောင်းမ"၊ “ဖုန်းရဲ့ အမေ” စသည်ဖြင့်ခေါ်ကြတာကို ကြားရတာ သူမအမေက အတော်လူသိများတယ်လို့ ခံစားလိုက်ရတယ်။

လူထူထပ်တဲ့နေရာတွေမှာတော့ အညစ်အကြေးနံ့တွေက အနည်းငယ်လျော့ပါးသွားတာမို့ ကျန်းမြန့်မြန့်က စူးစူးစမ်းစမ်း လှည့်ပတ်ကြည့်လိုက်ကာ သူမရဲ့ မျက်လုံးရွဲကြီးတွေက ဟိုဟိုဒီဒီလျှောက်ကြည့်နေခဲ့တယ်။

အဘွားအိုတစ်ယောက်က သူမခြေထောက်ကို လှမ်းထိလိုက်ကာ သူမရဲ့ပေါင်လေးကို ကိုင်ထားလိုက်တယ်။

ကျန်းမြန့်မြန့်က လန့်သွားတယ်။ အဘွားအိုရဲ့မျက်နှာက ပါးရေတွေတွန့်နေပြီးတော့ အနည်းငယ်ကြောက်ဖို့ကောင်းပေမဲ့ သူမရဲ့မျက်လုံးတွေကတော့ ကြင်နာပုံရတယ်။

အဘွားအိုက ကျန်းမြန့်မြန့်ရဲ့ခြေထောက်လေးတွေကို အသာအယာဆွဲဆိတ်လိုက်ပြီး ပြောခဲ့တယ်။ “ကျန်းမာပြီး သန်စွမ်းတယ်၊ ကောင်းချီးခံရတဲ့ ကလေးပဲ”

ချင်လော့ရှားက သူ့သမီးကို ပြုံးပြီးပြောလိုက်တယ်။ “ဒါသမီးရဲ့ အဘွားလေးလေ၊ အဘွားလေးက သမီးကို ကံကောင်းတယ်လို့ပြောတော့ တကယ်ပဲ ကံကောင်းတာဖြစ်ရမယ်”

ကျန်းမြန့်မြန့်က သူမပါးစပ်ကိုဖွင့်ပြီး ဗလုံးဗထွေးပြောလိုက်ကာ သူမရဲ့ ခြေတွေလက်တွေကို ကန်ထုတ်နေတယ်။
သူမဘယ်လိုလှကြောင်း တစ်ခွန်းမှမပါဘူးပဲ။ သူမရုပ်ဆိုးနေလို့များလား။

ချင်မိသားစုက မီးတွင်းထဲကထွက်ပြီးတော့ ပထမဆုံးအကြိမ် ကလေးကို အပြင်ခေါ်လာတာဖြစ်တယ်။ မနေ့ကတင်ပဲ အောင်သွယ်ဖြစ်တဲ့ အဒေါ် ၆ က ကျန်းမိသားစုက ကလေးမလေးကို ကောင်းကောင်းမပျိုးထောင်နိုင်ဘူးလို့ ပြောသွားတာ။ သူမက ပိန်မဲခြောက်နေပြီးတော့ ကြွက်ပိန်လေးနဲ့ တူတယ်တဲ့။ ဒီအရာက လူအများရဲ့ စူးစမ်းချင်စိတ်ကို ဖြစ်ပေါ်စေပြီး သူတို့က ကြည့်ဖို့ဝိုင်းလာကြတယ်။

အပိုးထဲက ကလေးမလေးကို သေချာကြည့်လိုက်တော့ သူမက တကယ်ပဲ အသားမဲပြီး ပိန်နေပေမဲ့ ဒီလိုခေတ်အခါမျိုးမှာ ဝဖြိုးတဲ့ကလေးဆိုတာ ရှားပါးတယ်လေ။ အသားမဲပြီး ပိန်နေတယ်ဆိုတာ ထုံးစံပဲ။ ကလေးမလေးက သွက်လက်ပုံရပြီး ငိုလည်း မငို၊ ဂျီလည်း မကျ၊ တော်တော်လေးလိမ္မာတာကြောင့် လူများကို စိတ်ဝင်စားစေတယ်။

အစကတော့ အဒေါ်ချွေ့က သူမသမီး အားချွေ့တစ်ယောက် စီရင်စုမြို့တော်မှာသွားပြီးတော့ သက်သောင့်သက်သာဘဝကို ရတော့မယ်လို့ကြွားနေတာ။ သို့ပေမဲ့ အားလုံးရဲ့အာရုံက ကလေးဆီကို ကူးပြောင်းသွားခဲ့တယ်။

အဒေါ်ချွေ့ကလည်း တစ်ချက်လောက် မကြည့်ဘဲမနေနိုင်ခဲ့ဘူး။

အထင်အမြင်သေးတဲ့အသံနဲ့ သူမက ပြောလိုက်တယ်။ "မဲပြီး ပိန်နေတာကိုများ ဘာတွေကြည့်ကောင်းနေလို့လဲ”

“ကျစ် ကျစ်၊ အဒေါ် ၆ ပြောတာလည်း ဟုတ်ပါတယ်လေ။ ဒီကလေးကြည့်ရတာ ပျိုးထောင်ဖို့ ခက်မဲ့ပုံပဲ။ ဖုန်းရဲ့အမေ နင်ပဲ ကောင်းကောင်းစားပြီး ဝဖြိုးနေပေမဲ့ ကလေးဖို့လည်း ဘာမှချန်မထားပါလား။ ကလေးက အရမ်းပိန်လှီနေတာပဲ။ အကယ်၍များ စီရင်စုမြို့တော်က သခင်ကြီးသား နင့်သမီး ယွီကျဲကို သတိထားမိသွားပြီး ဆေးဝါးတချို့ပေးခဲ့ရင် အနည်းဆုံးတော့ သူမအားနည်းနည်းပိုရှိလာတာပေါ့”

ပြောနေရင်းနဲ့ အဒေါ်ချွေ့က သူမရဲ့ခေါင်းပေါ်က ငွေဆံထိုးအသစ်ကို သာမန်ကာလျှံကာ ထိလိုက်သေးတယ်။

အဲ့တာက အဆွဲလေးနှစ်ခုပါတဲ့ ငွေဆံထိုးလေးလေ၊ ရွာထဲမှာတော့ အထင်ကြီးနိုင်လောက်တဲ့ ပိုင်ဆိုင်မှုပဲ။

အဒေါ်ချွေ့က တစ်ရွာလုံးမှာ ချင်မိသားစုကို မကြိုက်ဆုံးပဲ။ သူတို့က သေးငယ်တဲ့ပြဿနာလေးတွေရှိခဲ့ဖူးပြီး သူမဟာ မကြာခဏ သူမသမီးအားချွေ့ကို ကျန်းယွီကျဲနဲ့ နှိုင်းယှဉ်ပြီး ကြွားဝါတတ်တယ်။ သူမက ယွီကျဲကိုကျတော့ ပျင်းရိပြီး လောဘကြီးကာ ဆန့်ကျင်ဘက်အနေနဲ့ သူမသမီးကတော့ အလုပ်ကြိုးစားပြီး ချွေတာတတ်တဲ့အကြည့်ရှိတယ်လို ပြောတတ်တယ်။

“ရှင့်ရဲ့ ငွေဆံထိုးကြည့်ရတာ လှလိုက်တာ အဒေါ်ချွေ့။ ပိုက်ဆံတော်တော်ပေးရမှပဲ။” သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက ရယ်မောလိုက်ပြီး စကားလမ်းကြောင်းလွှဲဖို့ ကြိုးစားလိုက်တယ်။

ကျန်းမြန့်မြန့်က သူမရှေ့က အမျိုးသမီးကို စပ်စုလိုက်တယ်။ ဒါက အဒေါ်ချွေ့ပဲ၊ သူမအမေ ခြေထောက်ရိုက်ချိုးချင်နေတဲ့ တစ်ယောက်ပေါ့။ သူ့စကားတွေက တကယ်ကိုပဲ နားဝင်ဆိုးလှတယ်။

ကြည့်ရတာ သူမမျက်နှာပေါ် မျက်နှာချေလိမ်းထားတာက မညီတဲ့ပုံပဲ။ ပါးရိုးတွေက သိသာနေကာ အသားဖြူပေမဲ့ အသားအရည်က သိပ်မကောင်းနေသလိုပဲ။

ကျန်းမြန့်မြန့်က သူမအမေရဲ့ မျက်နှာဝိုင်းဝိုင်းက ပိုကြည့်ကောင်းတယ်လို့ ထင်မိတယ်။

ချက်ချင်းပဲ ကျန်းမြန့်မြန့်က ခေါင်းမော့လိုက်ကာ သူမအမေ့ရင်ခွင်ထဲ ဝင်တိုးလိုက်တယ်။

“ဒါက ဘာမှမဟုတ်သေးပါဘူး။ အဒေါ် ၆ က ပြောလိုက်တယ် အနာဂတ်မှာ ငါ့ရဲ့အားချွေ့သာ စီရင်စုမြို့တော်မှာ နေနိုင်ရင် အဲ့ဒီက ငွေဆံထိုးတွေက ပိုတောင်လှဦးမှာ။ မြို့တော်မှာ သခင်ကြီးရဲ့အိမ်က ခြံဝန်း ၄ ခုတောင်ရှိတာ နင်တို့သိလား။ သူတို့ရဲ့ အစေခံခြံဝန်းကတောင် ငါတို့အိမ်တွေထက် ကြီးသေးတယ်။ အို့... ဖုန်းရဲ့အမေ... ငါကြားတာ အဒေါ် ၆ က နင့်အိမ်ကို လာလည်ပေမဲ့ နင့်သမီးယွီကျဲကို လှတယ်မထင်လို့ဆို။ သူကပြောတယ် ယွီကျဲက သွက်လက်ပြီး လုပ်နိုင်ကိုင်နိုင်တဲ့ ငါတို့အားချွေ့လိုမျိုး ဆွဲဆောင်မှုမရှိဘူးတဲ့။”

ဒီတစ်ခေါက်မှာတော့ ချင်လော့ရှားက ဒေါသမထွက်ခဲ့ဘူး။ အဲဒီအစား သူ့လက်ထဲက ကလေးကိုပဲ အသာအယာ လှုပ်ယမ်းပေးပြီး ရယ်မောလိုက်တယ်။ “ဟုတ်ပါ့၊ အဒေါ် ၆ က ငွေစရှစ်ဆယ်တောင် ပေးမယ်ပြောခဲ့ပေမဲ့ ကံမကောင်းတာက ငါရဲ့ယွီကျဲက နည်းနည်းထုံအတယ်လေ”

ခုနလေးတင်မှ မာန်တက်စွာကြွားဝါနေတဲ့ အဒေါ်ချွေ့က ရုတ်တရက် မျက်နှာမဲသွားခဲ့တယ်။ ငွေစရှစ်ဆယ်? အဲ့ဒီမိန်းမအိုကြီးက ငွေစတစ်ဆယ်ပဲ သူ့ကိုပေးခဲ့တာလေ။ သူက ငွေစ ၇၀ တောင် အရှက်မရှိယူသွားတယ်ပေါ့ - မယုံနိုင်စရာပဲ။

အဒေါ်ချွေ့က ချက်ချင်းပဲ သူ့မျက်နှာထားကိုပြောင်းလိုက်တယ်။ ကြွားဖို့တောင်မေ့သွားပြီးတော့ အဒေါ် ၆ ရဲ့အိမ်ကို တစ်ဟုန်ထိုးသွားခဲ့တယ်။

ဒီစာရင်းကို ရှင်းရမယ်။

လူအုပ်က ပွဲကြည့်ဖို့ လိုက်သွားကြတယ်။

ကျန်းမြန့်မြန့်ကို ချီထားတဲ့ ချင်လော့ရှားကတော့ သူအိမ်ပြန်ပြီး ချက်ပြုတ်ဖို့လိုတယ်လို့ ပြောသွားခဲ့တယ်။
ဘာပွဲမှကြည့်စရာမရှိတော့တာကြောင့် ကျန်းမြန့်မြန့်က သူ့အမေလက်ထဲမှာ စပြီးအိပ်ငိုက်လာတော့တယ်။

အိပ်ချင်မူးတူးနဲ့ သူ့အမေလမ်းလျှောက်နေတာကို ခံစားလိုက်ရတယ်။ အဲ့တာက ကျောင်းကို ဘတ်စ်ကားနဲ့သွားရသလိုပဲ၊ ဖြေးဖြေးချင်း လွှဲယမ်းပေးနေတာ သူနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့အထိပဲ။

သူပြန်နိုးလာတော့ သူ့အမေကျောပေါ်ရောက်နေတာကို တွေ့လိုက်ရတယ်။

မေမေမြန့်က သူမကျောပေါ်မှာ အဝတ်စတစ်ခုနဲ့ချည်နှောင်ပြီး ပိုးထားကာ ကလေးကျောပိုးတွေထက် ပိုအထင်ကြီးစရာကောင်းပြီးတော့ ခိုင်ခံ့တယ်။

သူမရဲ့လှုပ်ရှားမှုတွေက ယခုအချိန်မှာ အနည်းငယ်ပြင်းထန်တာကြောင့် မြန့်မြန့်ကိုနိုးလာစေတယ်။

ထို့နောက် သူမကျောပေါ်က မြန့်မြန့်က အင်အင်းပါချင်တဲ့ ခံစားချက်မျိုးဖြစ်လာကာ စပြီးအော်ငိုတော့တယ်။

သူမရဲ့ငိုသံက မေမေမြန့်ကို လန့်သွားစေတယ်။

ချင်လော့ရှားက ကလေးကို အလျင်အမြန်အောက်ချလိုက်တယ်။ ကျောကော့ပြီး မျက်နှာလေးနီလာတာကို ကြည့်ရတာ သူမအင်အင်းပါချင်နေတဲ့ပုံပဲ။

ဒီကလေးက ပြုစုရတာ အရမ်းလွယ်ကူတယ်။ ချင်လော့ရှားက သူမခြေထောက်လေးတွေကို မ,ပေးလိုက်ပြီးတော့ အင်းပါဖို့ ချော့လိုက်တယ်။

“အင်း အင်း ကလေးလေးရေ ပါလိုက်ပါတော့ အင်း အင်း....”

ပါပြီးသွားတော့ ကျန်းမြန့်မြန့်က သက်သာသွားက ပိုပြီး နိုးကြားလာတယ်။ ထို့နောက် သူမဟာ မေမေမြန့်ကျောပေါ်မှာ ပြန်သယ်ခံလိုက်ရပြီးတော့ ဆက်ပြီးလှုပ်ယမ်းနေခဲ့တော့တယ်။

မေမေမြန့်က အိမ်ပြန်သွားတယ်လို့ သူမထင်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ သူမက လယ်စိုက်နေတာပဲ။
အရမ်း ကြိုးစားတာပဲ။
မေမေမြန့်တစ်ယောက် တူးဆွနေတာကို ကြည့်ရတာ စိတ်အပန်းပြေစေပြီးတော့ ကျန်းမြန့်မြန့်ကလည်း မနေနိုင်ဘဲနဲ့ သူမရဲ့ ဝူးဝူးဝါးဝါးအသံလေးနဲ့ အဖော်လုပ်ပေးလိုက်တယ်။ "ခြံလေးထဲမှာ တူးနေတာ .... တူး တူး...”

သူမသမီးလေးရဲ့ ဝူးဝါးစကားသံကိုကြားတော့ ချင်လော့ရှားတူးတာက ပိုပြီးတော့တောင်မြန်လာတယ်။

မားမားမြန့်က ကြီးမားပြီး နက်တဲ့တွင်းကြီးတစ်တွင်းကို တူးနေတာကိုတွေ့လိုက်တော့?

တအားနက်တာပဲ။ သူဒီလောက်အနက်ကြီးထဲ.... လူကိုများ စိုက်မလို့ စီစဉ်နေတာလား??

အဲဒီနောက် မားမားမြန့်က မြေပြင်ညီလိုမျိုးဖြစ်အောင်၊ ဘေးပတ်ဝန်းကျင်ကနေ မကွဲပြားအောင်လို့ အပေါ်ကနေ မြက်ခြောက်တွေနဲ့ အမျိးမျိုးသောပြာတွေ အုပ်လိုက်တာကို တွေ့လိုက်ရတယ်။

ကျန်းမြန့်မြန့်က ဘေးပတ်လည်ကို ကြည့်လိုက်ပေမဲ့ သူမခေါင်းရဲ့လှုပ်ရှားမှုနဲ့ မြင်ကွင်းတွေက ကန့်သတ်ခြင်းခံထားရလေတယ်။

ဒီလိုလှည့်ကြည့်လိုက်တာက တကယ်လို့များ သူမယခုလေးတင်ပါထားတဲ့ အင်အင်းနံ့သာမရခဲ့ရင် မားမားမြန့်တစ်ယောက် တွင်းကြီးတူးထားတဲ့နေရာကို သူမ မှတ်မိမှာမဟုတ်ဘူး။

တွင်းတူးပြီးတော့ မားမားမြန့်က သူမကိုချီပြီး ပြန်သွားခဲ့တယ်။

လမ်းတစ်လျှောက်မှာ အပင်တွေနဲ့ ဝင်ခါနီးနေလုံးကြီးကို မြင်ခဲ့ရတယ်။

မားမားမြန့် သီချင်းညည်းလာတာကို နားထောင်ရင်းနဲ့ “မြေဝါရောင်၊ မြက်စိမ်းတွေနဲ့ အိမ်က ဖောင်းဖောင်းကစ်ကစ် ငါ့ကလေးလေး၊ လုံးလုံးဝိုင်းဝိုင်းလေး...”

ကျန်းမြန့်မြန့်ကလည်း ဝူးဝါးဝူးဝါးနဲ့ လိုက်ဆိုချင်ခဲ့တယ်။

“တကယ်လို့ နောက်ဘဝသာရှိခဲ့ရင် ငါ မင်းဖြတ်သန်းမဲ့လမ်းပေါ်မှာ ကျွင်းတူးထားပေးချင်တယ်....”

625 words

ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်Where stories live. Discover now