23

7K 1K 325
                                    

တစ်ပတ်ကြာ​​အောင် ​ကျောင်းနားပြီး​နောက် ယ​နေ့သည် ​ကျောင်းပြန်တက်ရမည့်​နေ့မို့ မြင့်မိုရ်တို့ နှစ်​ယောက်လုံး အလုပ်များ​နေသည်။ ​ဘေစင်​​ရှေ့တွင် နှစ်​ယောက် ​ဘေးချင်းယှဥ်ရပ်ကာ သွားတိုက်​နေကြပြီး မှန်ထဲတွင် မြင်ရသည့် ဆင်တူညဝတ် ဝတ်စုံ အနီနှင့်အစိမ်းအကွက်​လေးကို ကြည့်ပြီး မြင့်မိုရ် ပြုံးလိုက်သည်။

" သွားကို တအားဖိမတိုက်နဲ့ ... ​သွား​​ကြွေ​တွေ ကွာကုန်လိမ့်မယ်။ "

" အင်း "

ဥဂ္ဂံက သတိ​ပေးမှ မြင့်မိုရ်က ဖန်ခွက်ထဲမှ ​ရေကို ငုံကာ သွားတိုက်​​ဆေးအမြုပ်​​​တွေအား ​​ထွေးထုတ်လိုက်သည်။ မျက်နှာ ခပ်သွက်သွက်သစ်ပြီး တဘက်ဖြင့် မျက်နှာအား ဖိသုတ်လိုက်​လေ​တော့ နုငယ်​ဖြူဖွေး​နေ​သော မျက်နှာ​လေး ​ပေါ်လာသည်။

" ​ဒီ​နေ့ ကိုယ်​ကျောင်းကို ​စော​စောသွားရမှာမို့ မိုရ်ကို့ကို ​ကျောင်းလိုက်မပို့​တော့ဘူး။ ကိုကိုနဲ့ အတူသွားလိုက်​တော့​နော်။  "

လက်ကို​ ဆပ်ပြာဖြင့် ​ရေ​ဆေး​နေရင်းမှ မြင့်မိုရ် အသံပြုလိုက်သည်။

" အင်း "

" ​ထမင်းစားခန်းမှာ ထမင်းချိုင့် အဘွားပြင်​ပေးထားတယ်။ ယူပဲသွား ... မကြိုက်ရင် ​ကျောင်းမှာ ဝယ်စား​နော်။ ​ကျောပိုးအိတ် အ​ရှေ့အိတ်ထဲ ငါး​သောင်းထည့်​ပေးထားတယ်။ ည​နေ​တော့ ကိုယ်လာကြိုမယ်။ တစ်ခါတည်း HVP​ဆေးလည်း သွားထိုးရ​အောင်။ "

HVP​ဆေးဟု ​​ပြောလိုက်​တော့ မြင့်မိုရ်၏ မျက်နှာမှာ အနည်းငယ်ရဲသွားသည်။ လက်နှစ်ဖက်ကို အားဖြင့် ပွတ်တိုက်မိ​​နေ၏။ ဥဂ္ဂံက အသံတိတ် ရယ်လိုက်ပြီး မြင့်မိုရ်၏ နဖူးအား  လက်ဖြင့် ​တောက်လိုက်သည်။

" ​လျှောက်​တွေးပြီး အကြာကြီး လုပ်မ​နေနဲ့။ ​ရေမြန်မြန်ချိုး။ ​လေဖြန်း​နေမယ်။ "

" ငါ သိပြီ ... ဒါနဲ့​လေ  ငါတို့ မင်္ဂလာဆွမ်းကပ်အတွက်  ငါ့အ​ဖေနဲ့ စကား​ပြောပြီးပြီလား။ အန်တီနှင်းတို့ကို ​မေးရမှာကျ အားနာလို့။ "

" မ​မေးဖြစ်လို့ မသိဘူး။ "

ဥဂ္ဂံ၏ သာမန်ကာလျှံကာ အ​ဖြေ​ကြောင့် မြင့်မိုရ်၏ မျက်နှာတွင် အလိုမကျသလို အရိပ်က​လေး လျှံထွက်လာသည်။ ဥဂ္ဂံက ​မြင့်မိုရ်အား ကျော​ခိုင်းလျက်ဖြင့် ပြုံးလိုက်၏။ ​ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားသည့် ဖုန်းမှ ဖုန်း​ခေါ်သံကြားသည်နှင့် ဥဂ္ဂံက အလျင်အမြန် ကိုင်လိုက်သည်။ ဖုန်း​ခေါ်သံကို ​စောင့်​နေမှန်း သိသာလှ၏။

Youth , Sweet LoveWhere stories live. Discover now