24

7.7K 1K 256
                                    

သူငယ်ချင်း​တွေကို နံနက်စာ လိုက်​ကျွေးမည်ဟု ​ပေးထားသည့် ကတိအတိုင်း ​ကျောင်းထဲမဝင်ခင် ​ကျောင်းနားရှိ Cafeဆိုင်သို့ ဥဂ္ဂံ သွားလိုက်သည်။ ဒုတိယထပ်သို့ ဥဂ္ဂံတက်သွားလိုက်​တော့ လူစုံ​နေပြီ ဖြစ်သည့် သူငယ်ချင်း​တွေထဲမှ ​မေသန္တာက ဥဂ္ဂံကို လက်လှမ်းပြကာ ​ခေါ်သည်။

" ​ငါတို့ဒီမှာ။ "

ဥဂ္ဂံက ထို​နေရာသို့သွားကာ ​ကျောပိုးအိတ်​လေးကို ချွတ်လိုက်ရင်း ​​သူငယ်ချင်း အုပ်စုကြားမှ လွတ်​နေသည့် ​နေရာတွင် ဝင်ထိုင်လိုက်သည်။ မြင့်မိုရ်ကိုယ်တိုင် ဥဂ္ဂံ၏ ​ကျောပိုးအိတ်ဇစ်တွင် ချိတ်​ပေးလိုက်​သော ​သော့ချိတ်​လေးကို မြင်​တော့ ပြုံးလိုက်သည်။ထို​သော့ချိတ်​​လေးတွင် ညအိပ်ဝတ်စုံဖြင့်ဥဂ္ဂံနှင့်မြင့်မိုရ် ပါးချင်းကပ်ပြီး ရိုက်ထားသည့် ဓါတ်ပုံ​သေး​သေး​လေးလည်း ပါဝင်သည်။

" Sorry နည်းနည်း​နောက်ကျသွားတယ်။ကိုကို​ရော မို့ရ်ကို့ကိုပါ ​ကျောင်းဝင်ပို့​နေရ​တော့ ​ကွေ့​ပတ်ပြီးသွား​နေရလို့။ Coffeeပဲမှာထားကြတာလား။ အခြား​ဟာထပ်မှာကြ​​လေ။ "

ဥဂ္ဂံ လက်​မလေးဖြင့် ခပ်ဖွဖွပွတ်​နေ​သော ​သော့ချိတ်​လေးကို ခန့်သူ​ကျော် မြင်သည်နှင့် တန်းစ​တော့သည်။

" အသက်ပြည့်တာနဲ့ အိမ်​ထောင်တန်းပြုတဲ့ အိမ်​ထောင်သည်ရဲ့ အ​တွေ့အကြုံ​လေး ​ပြောပါဦး။ "

​ခေတ်မင်း​သော်က ခန့်သူ​​ကျော်၏ အ​​ပြောအား အာရုံ​နောက်ဟန်ဖြင့် ဝင်​​ပြောလိုက်သည်။

" ဘာ​​တွေ ​လျှောက်​​မေး​နေတာလဲ။ ဥဂ္ဂံက ရည်မှန်းချက်ကြီးကြီးထားတဲ့သူ ... မ​တော်တဆ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်​​ထောင်ကျတာ ဘယ်လိုလုပ်ပြီး ... "

​ခေတ်မင်း​သော်၏ စကားအား ဥဂ္ဂံက ချက်ချင်းပင်အသံတင်းတင်းဖြင့် ဖြတ်​ပြော၏။​ခေတ်မင်း​သော်၏ စကားကို သ​ဘောမကျသည်မှာ သိသာလွန်းသည်။

" မ​တော်တဆမဟုတ်ပါဘူး။ ငါဘက်က စပြီး မိုရ်ကို့ကို ထွက်​ပြေးဖို့ ​ခေါ်တာ။ ငါ ရည်မှန်းချက် ကြီးကြီး ထားတာ ဟုတ်တယ်။ဒါ​ပေမဲ့ အဲဒီရည်မှန်းချက်​တွေထဲမှာ ငါချစ်တဲ့ မြင့်မိုရ်ကိုမင်းနဲ့ လက်တွဲသွားနိုင်ဖို့ဆိုတာလည်း အခန်းကဏ္ဍအကြီးကြီးက ပါတယ်။ "

Youth , Sweet LoveWhere stories live. Discover now