ကားထဲမှာပဲ နေခဲ့မည်ဆိုသည့် ဥဂ္ဂံကို ဥက္ကာက အတင်းဆွဲခေါ်လာသည်မို့ နိုင်မင်းသော်၏ ဆိုင်ရှေ့ထိ ပါလာရသည်။နိုင်မင်းသော်ကို တွေ့သည်နှင့် ဥက္ကာက ထိုအနားသို့ ပြေးသွားလိုက်သည်။ အိမ်တွင်းအလှဆင် မီးဆိုင်းပုံတွေ ကပ်ထားသည့် စင်နားတွင် နိုင်မင်းသော် မတ်တတ်ရပ်နေကာ လက်ထဲ၌ ငါးထောင်တန် အထပ်လိုက်ကို ကိုင်ရင်း ရေတွက်နေသည်။
" ဘဲကြီး ... ကျွန်တော် ... "
ဥက္ကာ၏ စကားသံကြောင့် နိုင်မင်းသော်က တစ်ချက် အကြည့်ပို့လိုက်သော်ငြား ဆင်တူနေသည့် မျက်နှာ နှစ်ခုကြောင့် ရုတ်တရက် အကြည့်မလွှဲနိုင်လိုက်ပေ။ အနည်းငယ် မျက်နှာထား မာသည့် တစ်ယောက်ထံမှ မျက်နှာရွှင်ပြီး စကားပြောချင်ဟန် ဖြစ်နေသည့် တစ်ယောက်သို့ တစ်လှည့်စီ ကြည့်လိုက်မိသည်။
" အမြွှာရှိတာ မယုံမှာစိုးလို့ ညီညီကိုပါ ခေါ်ပြီး လာပြတာ။ ပြီးတော့ ဒီတစ်ယောက် ... "
မြင့်မိုရ်၏ လက်ကိုပါ ဆွဲကာ ဥဂ္ဂံနှင့် လူချင်းကပ်ပေးလိုက်သေးသည်။
" ညီညီနဲ့ သူက မင်္ဂလာဆွမ်းကပ်ပြီး ထိမ်းမြားပြီးသား။ ဟိုနေ့က ဘဲကြီးတွေ့ခဲ့တာ သူတို့အတွဲ။ ကျွန်တော် မဟုတ်ဘူး။ "
ဥက္ကာက သူပြောပြီးသည်နှင့် မြင့်မိုရ်၏ ပခုံးကို နှစ်ချက်လောက် တွန်းကာ အချက်ပြသည်။
" မနေ့ညက ဟိုစာကြောင်း ... နှစ်ယောက်တည်း သီးသန့် ... အဲဒါလေ ... ကျွန်တော် ရေးမိတာ။စိတ်မရှိဘူးမလား။ "
နိုင်မင်းသော်က ခေါင်းညိတ်လိုက်သည်။
" မနေ့က ကိုယ်မဟုတ်ဘူး။ ကိုယ့် အစ်ကိုပါ ... စာရင်း ကူလုပ်ပေးရင်း သူယူသုံးနေတာ။ ဘာရေးလိုက်လဲ မသိပေမယ့် ကိုယ်စိတ်ထဲမထားပါဘူး။ "
စကားပြောနေရင်းပင် ဝန်ထမ်းလေးတွေမှာ အတန်းလိုက် တန်းစီနေကြသည်မို့ နှစ်တိုင်း၏ ထုံးစံအတိုင်း မွေးနေ့တိုင်း နိုင်မင်းသော်က မုန့်ဖိုးပေးတတ်သည်။ နှစ်သောင်း အများဆုံး ပေးမည်ဟု ထင်ထားသော်ငြား နိုင်မင်းသော်က တစ်ယောက်လျှင် ငါးထောင်တန် ဆယ်ရွက်စီပေး၏။
YOU ARE READING
Youth , Sweet Love
RomanceMyanmar×OC Fic cover crd to pinterest နုနုပျိုပျို ချစ်ခြင်းလေးတစ်ခု နုနုပျိုပျို ချစ်ခြင်းလေးတစ်ခု 11.4.2024 _