မြင့်မိုရ်မှာ ညက တစ်ညလုံး ဖုန်းတစ်လုံးဖြင့် အလုပ်များနေသည်။ ဒေါ်နွယ်နွယ်အောင်နှင့် ပြောနေသည်မို့ ဥဂ္ဂံလည်း ဘာမှမမေးဖြစ်ပေ။ နံနက်မှ မေးမည်ဟုသာ တွေးပြီး ညဥ့်နက်သည်အထိ စာကြည့်ပြီးမှ အိပ်ပျော်သွား၏။
ကျောင်းဖွင့်ရက်မို့ ခြောက်နာရီခွဲတွင် အိပ်ရာမှ ထပြီး ရေဝင်ချိုးလိုက်သည်။ဥဂ္ဂံ ရေချိုးပြီးသည်အထိ မြင့်မိုရ်က အိပ်နေတုန်းပင်။ လည်ပင်းလေး လိမ်နေသည်မို့ ဇက်နာသွားမည်စိုး၍ ဥဂ္ဂံက မြင့်မိုရ်၏ ခေါင်းလေးကို အသာပွေ့ကာ ခေါင်းအုံးပေါ် နေရာတကျ တင်သည်။ ဆတ်ခနဲ ဖြစ်သွားပြီး မြင့်မိုရ်၏ မျက်လုံးနှစ်ဖက်လုံး ပွင့်လာသည်။
" Sorry ... ကိုယ် မင်းကို နှိုးလိုက်မိတာလား။ "
မြင့်မိုရ်က စောင်လေးကို လှပ်ကာ ထထိုင်လိုက်ရင်းမှ ပြောသည်။
" ရပါတယ်။ ငါလည်း ထတော့မှာ။ "
မြင့်မိုရ် ခုတင်ပေါ်မှ ဆင်းပြီးသည်နှင့် နှစ်ယောက်အတူ စောင်ခေါက်ပြီး ခေါင်းအုံးနှစ်လုံးအား နေရာတကျ ထား၏။ ပြီးနောက် ဥဂ္ဂံက ဗီရိုထဲမှ ရှပ်လက်ရှည် အဖြူဘက်သန်းသည့် ပန်းဖျော့ရောင်နှင့် အနက်နုပ်နုပ် အကွက် ပုဆိုးကို ထုတ်လိုက်သည်။
ဥဂ္ဂံ အင်္ကျီဝတ်နေသည့်အခါ မြင့်မိုရ်လည်း မျက်နှာသစ်ပြီး ထွက်လာ၏။ မြင့်မိုရ်၏ မျက်နှာလေးမှာ မဝံ့မရဲ ဖြစ်နေဟန်ဖြင့် ဥဂ္ဂံဘေးတွင် တောင့်တောင့်လေး လာရပ်သည်။
" ကိုလင်း ... ငါ ပြောစရာ ရှိလို့။ "
ဥဂ္ဂံက ရှပ်လက်တို အဖြူဝတ်ပြီးနောက် အပေါ်မှ ပန်းဖျော့ရောင် ရှပ်အင်္ကျီလက်ရှည် ထပ်ဝတ်ရင်း နားထောင်ပေးနေသည်။ အခြား အိမ်ထောင်သည်တွေမှာ အခုလို တစ်ခုခု တောင်းဆိုစရာရှိလျှင် ပြောသည့် အသံချိုချိုမျိုးမှာ ကြည်နူးစရာဆိုသော်ငြား မြင့်မိုရ်ကိုမင်း၏ ယခုအသံဆိုလျှင် ပြသနာနတွေ တန်းစီရှာတော့မည့် ကြိုတင် အချက်ပေးသံဖြစ်သည်။
" ငါ နောက်နှစ်ကျရင် အဝေးသင်ပြောင်းမလို့။ "
အင်္ကျီကြယ်သီးတပ်နေရင်းမှ ဥဂ္ဂံက မြင့်မိုရ်အား ကြည့်သည်။
YOU ARE READING
Youth , Sweet Love
RomanceMyanmar×OC Fic cover crd to pinterest နုနုပျိုပျို ချစ်ခြင်းလေးတစ်ခု နုနုပျိုပျို ချစ်ခြင်းလေးတစ်ခု 11.4.2024 _