အပိုင်း(၆)

345 12 0
                                    

(Unicode)

"မတွေ့တာ ကြာပြီနော် K ။ K ကိုကြည့်ရတာ ကိုယ့်ကို ပြန်တွေ့ရတာ ဝမ်းမသာဘူးထင်တယ်"

"ခင် ..ခင်ဗျား!"

*ဖြောင်း !!*

K မျက်နှာကို လွှဲရိုက်ခံလိုက်သဖြင့် နှုတ်ခမ်းထောင့်မှ သွေးထွက်သွားသည်။

" Ohh!! sorry K အားနည်းနည်း များသွားတယ် နာသွားလား"

K၏ နှုတ်ခမ်းထက်မှ သွေးကို လက်မလေးနှင့်ပွတ်ဆွဲကာ သူ့လက်က သွေးတွေကို နမ်းလိုက်ပြီး

"အရသာက အရင်အတိုင်းပဲ မပြောင်းလဲသေးဘူး အရသာရှိလိုက်တာ "

K ခန္နာကိုယ် တစ်ခုလုံး တုန်ကာ ဘာမှ ပြန်မပြောနိုင် ။ အခု သူ့လက်ချောင်းလေးတစ်ချောင်းတောင် မြှောက်ဖို့ အားမရှိတော့သလို။သူ့ရှေ့က လူက ထိုမျှထိ သူ့ပေါ် လွှမ်းမိုးနိုင်ပါလေသော သူ့ရဲ့......အိမ်မက်ဆိုး...

"ကိုယ်ဘာလို့ ရိုက်လဲ K သိလား ၊ဟဟ K မသိရင် ကိုယ် ပြောပြမယ် ဘာလို့ရိုက်လဲ ဆိုတော့ ကိုယ့်ကို ခင်ဗျားလို့ခေါ်လို့။ K ကိုယ်ဘယ်လိုသင်ပေးထားလဲ ကိုယ့်ကို ခေါ်ဖို့။ ပြီးတော့မင်းလေးရဲ့ K ဆိုတဲ့ နာမည်လေးကိုကော ကိုယ်‌ပေးထားတာလေ မမှတ်မိဘူးလား ။၄နှစ်ပဲရှိသေးတယ် ကိုယ့် ကလေးက ကိုယ့်စကားတွေ အရေးမထားတော့ပါလား ဘဝမေ့နေပြီပေါ့လေ ပြန်ဖော်ပေးရမလား"

"ခင်ဗျားကြီး!!"

*ဖြောင်း!!*

"ထပ်ခေါ်ကြည့်ပါဦး ကိုယ့်ကို"

"ခင်ဗျား"

"ဟဟ ကိုယ့်ကလေး အရမ်းဆိုးနေပြီ ကိုယ့်စကားနားမထောင်တော့ဘူးပဲ ပြန်မှတ်မိအောင် လုပ်ပေးရမှာပေါ့ "

ပြောပြောဆိုဆို K ကို ဆွဲထူကာ ကားထဲ ပစ်သွင်းလိုက်ပြီး ကားတံခါး lockချလိုက်သည်။

K သတိဝင်လာကာ

" မ..မလုပ်နဲ့ ..မထိနဲ့ ကျွန်တော့်ကို လွတ်"

"ငြိမ်ငြိမ်နေစမ်း K !! "

"ဟင့်အင်း မဟုတ်ဘူး  ဖယ် ...လွှတ် မထိနဲ့။ ဦးမိုးထက်က တခြားလူတွေနဲ့ ထိတာမကြိုက်ဘူး"

"ဪ.... ဦးဟုတ်လား ဦးမထိခိုင်းလို့ဟုတ်လား ဦးကိုကတိပေးထားတယ်ပေါ့လေ !!! မင်းကိုယ့်ကိုလာစမ်းနေတာလား K ရတယ်လေ ကိုယ်က တားရင် ပိုလုပ်တတ်တယ်ဆိုတာ မင်းသိပါတယ်နော် ။အေး မင်းမထိနဲ့လို့ ပြောလို့ ငါမထိဘူး ဒါပေမယ့်.....မင်းကိုယ်တိုင် ငါ့ကို တောင်းဆိုလာစေရမယ် "

I Love Both Of You Two (Complete)Where stories live. Discover now