(Unicode)
" ဗျာ...မောင်းထုတ်လိုက်တယ် ဟုတ်လား...."
"ဟုတ်တယ်...."
"ဘာလို့လဲ....ခန့်မှာ ဘာအပြစ်ရှိလို့လဲ...."
"သားZမင်း အချစ်မှာ နှစ်မွန်းပြီး အ သွားတာလား...ခန့်မှာ ကိုယ်ဝန်ရှိနေတာလေ..."
"သိတယ်လေ ကျွန်တော်က ကလေးတွေ အတွက် နာမည်တောင်စဉ်းစားပြီးပြီ..."
"ဘာ နာမည်တောင် စဉ်းစားပြီးပြီဟုတ်လား....ရူးနေပြီလား သား..."
"ဘာကိုလဲဗျာ အမေရာ..."
"ဟဲ့ အဲ့ဒါ နင့်ကလေးမှ မဟုတ်တာ နင်က လှည်းကျိုးထမ်းချင်လို့လား...ဘယ်သူနဲ့ရမှန်းမသိပဲ...."
"ဗျာ....အမေဘာပြောလိုက်တယ်....ကျွန်တော့ကလေး မဟုတ်ဘူး ဟုတ်လား အမေပြောတာ ဘာအဓိပ္ပါယ်လဲ..."
"ဟဲ့ နင်က ပန်းသေနေတာလေဟဲ့ ဘယ်လိုလို့ ကလေးရနိုင်မှာလဲ...တစ်ခြားသူနဲ့ ဖောက်ပြန်တာ မဟုတ်လို့ သူ့အလိုလို ဗိုက်ထဲရောက်လာမလား...."
"ဟာ အမေတော့ အလွဲကြီးလွဲနေပြီ....ကျွန်တော့်ရောဂါက သက်သာနေပြီဗျ ဆေးဝါးအစုံနဲ့ ကုသပြီးပြီ..ပျောက်သွားပြီဗျ.... အမေ့ကို မပြောတာကလည်း အရေးမကြီးဘူး ထင်လို့....ဟာဗျာ အလွဲကြီးတွေတော့ လွဲကုန်ပါပြီ...."
"ဟယ် စောစောက ပြောထားလေဟယ် ...အခုတော့ ဒုက္ခပါပဲ...သားခန့် အမလေး သားခန့်ကို ငါနှင်ထုတ်မိပြီ....ရှာရမယ် သားလေးကို ရှာရမယ်....ကိုယ်ဝန်ကြီးနဲ့ မပေါ့မပါးနဲ့ ဘယ်တွေများ ရောက်နေလဲ မသိဘူး...."
Zမင်းခမျာ စိတ်ဆိုးရအခက် မဆိုးရအခက်...။အမေ ခန့်ကို ချစ်မှန်းလည်း သူသိနေတာကြောင့် စိတ်လဲ မဆိုးရက်...။
"ဟူး... ဘယ်ဆီများရောက်နေပါလိမ့်....နေဦး....ဟိုကောင် အာကာဟိန်းဆီ မေးဦးမှ....."
အာကာဟိန်းထံ ဖုန်းဆက်ရန် စဉ်းစားတုန်းပင် အချိန်ကိုက် ဝင်လာတဲ့ ဖုန်း....
"Hello... ဘာ ခန့်လေး မင်းတို့ဆီမှာလား...."
"....."
"Ok ငါအခုလာခဲ့မယ် ကျေးဇူးပဲကွာ...ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး"