(Unicode)
မိုးမာန် ကလေး၂ယောက်ကို ချီပြီး....
"Babyရေ ထပါဦး မိုးမခလေးနဲ့ မြင့်မိုရ်တောင် ခါးခါးလူးပြီးပြီလို့ ဖေဖေသေးသေးလေးက ထသေးဘူးလားလို့ ...."
"အင်း ဦး...ခဏပဲ ငါးမိနစ်...ငါးမိနစ်ပဲ...."
K အရင်ရက်တွေက မိုးမခနဲ့ မြင့်မိုရ်လေး နေမကောင်းဖြစ်ပြီး ညည ထထ ငိုနေတတ်တာကြောင့် အမြဲ အိပ်ရေးပျက်ပြီး အမြွှာလေးတွေကို ထထချီပြီး ချော့သိပ်ရသဖြင့် အိပ်ရေးပျက်ထားသောကြောင့် မျက်လုံးပင် မဖွင့်ချင်..။သို့သော်......
"ကဲပါ babyရယ် ဒီနေ့တစ်ရက်ပဲလေနော် သားသားလေးတို့အတွက် အမည်တပ်ကင်ပွန်းတပ်ပွဲ အတွက် အလှူသွားလုပ်မယ်ဆို ..."
"အာ ဟုတ်သား ကျွန်တော် အဲဒါမေ့သွားတယ်...."
K အလူးအလဲထပြီး
"Morning ဖေ့သားလေးတွေ ခါးခါးလေးနဲ့ လှနေလိုက်တာ...မွ..."
K ကလေးတွေကို ပါးလေးတွေ လိုက်နမ်းတော့ Kမရိပ်ဖြစ်တာ ကြာပြိီဖြစ်တဲ့ မုတ်ဆိပ်မွှေး အတိုလေးတွေက စူးပြီးယားသဖြင့် အမြွှာလေးတွေက တခိခိရီလာကျသည်။
"အား ဖေ့ အားဆေးလေးတွေ ဖေ အိပ်ချင်စိတ်တောင်ပျောက်သွားပြီ..."
မိုးထက်က
"ကဲလာ..ဖေဖေ အသေးလေး..ကိုယ် သန့်ရှင်းရေး လုပ်ပေးမယ်.."
Kကို အိပ်ရာပေါ်က ဆွေ့ကနဲ ပွေ့ချီသွားသည်။
"ဟာ..ဦး...သားတို့ ရှိတယ်လေ.."
"ဟောbaby ဘာတွေ တွေးနေတာလဲ..ကိုယ်က babyကို ရေချိုးခန်းထဲ ခေါ်ပြီး မျက်နှာသစ်ပေးမလို့လေ...."
"အာ မသိဘူးကွာ..."
"ဟားဟား...ကဲညီဒါဖြင့် အကို သားတွေကို နို့ဘူးဖျော်တိုက်လိုက်ဦးမယ် babyကို ပြင်ဆင်ပေးပြီး ဆင်းလာခဲ့နော်..."
"Ok..."
မိုးထက် Kကို ဘေစင်ပေါ် ပွေ့ပြီးထိုင်ခိုင်းကာ သွားတိုက်တံပေါ် သွားတိုက်ဆေးလေး ညစ်ပြီးပေးလိုက်သည်။
"ကဲ အဖေသေးသေးလေး ..သွားတိုက် ..ပြရင် ကိုယ် မုတ်ဆိတ်ရိတ်ပေးမယ် ကြည့်ပါဦး ကိုယ်တို့ babyက မုတ်ဆိတ် ရေးရေးလေးနဲ့ ခန့်လာလိုက်တာ..ဘယ်သူ့ယောကျာ်းပါလိမ့်...."