(Unicode)
"သား အဆင်ပြေလား.."
"ဟုတ် ကလေး လန့်သွားလို့ထင်တယ် အထဲက ကန်နေလို့..အ့.."
" မွေးချင်နေပြီထင်တယ် ဒုက္ခပါပဲ.."
"စကားများနေတာ တော်တော့ သူဌေးကတော် တစ်ချိန်က ကျွန်တော်တို့အပေါ်ကောင်းခဲ့ဖူးတာ ထောက်ထားတဲ့ အနေနဲ့ အတင်းကျပ် မဆွဲသွားချင်ဘူး ဒါကြောင့် ကားပေါ်က ဆင်းခဲ့ပါလား.."
"သား သူတို့ပြောတဲ့ အတိုင်း လုပ်ရအောင် နောက်မှ သူဘာလိုချင်လဲ ဆွေးနွေးကျတာပေါ့..လမ်းေလျှာက်နိုင်လား.."
"ဟုတ် မေမေ ကျွန်တော်ရပါသေးတယ်"
"ကောင်းပြီ ဖြေးဖြေးဆင်းသား.."
ခန့်ထည်ဝါနဲ့ ဒေါ်ကေသီရှင်း ထိုလူတွေရဲ့ ခေါ်ဆောင်ရာသို့ လိုက်သွားလိုက်သည်။
"ဘယ်လိုထင်လဲ အခု ကလေးတွေ ဘယ်မှာ ဖမ်းထားနိုင်လောက်မယ် ထင်လဲ.."
"ငါ..ငါမသိတော့ဘူး..ငါ့စိတ်တွေ ရှုပ်နေတယ်..ငါ..ငါ..."
"Zမင်း မင်းစိတ်ကို ငြိမ်အောင်ထားစမ်း မင်းလက်ထဲမှာ အသက်၃ချောင်းနော် မင်းအခုလိုလုပ်နေတာနဲ့ မင်းအဖေက ဟိုမှာ ဘာတွေ လုပ်ပစ်မလဲမသိဘူး."
" ငါ..ငါ..."
*🎵🎵*
Zမင်းရဲ့ ဖုန်းတစ်ပြိုင်ထဲ မည်လာတာကြောင့်
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး"Hello.."
"Hello သား နေကောင်းလား.."
"Dad.. ?"
"ဟားဟား ဘာလဲ မင်းတို့ကငါ့ကို ထောင်ထဲပို့ ငါ့ရဲ့ စည်းစိမ်တွေကို အပိုင်သိမ်းပြီး ပျော်ပျော်ကြီးနေမယ်ပေါ့..ဟားဟား မရဘူးကွ...ဘယ်သူမှ ငါ့ပိုက်ဆံတွေကို ယူသွားလို့မရဘူး. မင်းကြောင့်...မင်းကြောင့် ငါအခုလိုဖြစ်ရတာ ကျွေးတဲ့ လက်ကို ပြန်ကိုက်တဲ့ခွေး.."
"Dad ကျွန်တော့် အမျိုးသားကို ဖမ်းထားတာလား ဘာလို့လဲ dadသတ်ချင်ရင် ကျွန်တော့ကို သတ်ပါ. ခန့်ကို ဘာမှ မလုပ်ပါနဲ့..."
"ဟားဟား မင်းက ငါပိုင်တဲ့ အရာကို လာထိတာကိုး ငါလည်း မင်းပစ္စည်းကို ပြန်ယူထားတာလေ မင်းက ငါပိုင်တဲ့ အရာတွေကို ဖျက်စီးပစ်တော့ မင်းပိုင်တဲ့ အရာလည်း ငါပြန်ဖျက်စီးပစ်ရမှာပေါ့ မင်းကို အဲဒါ လာပြောတာ ခဏနေရင် မင်းရဲ့ ကောင်လေးနဲ့ ကလေး အလောင်းကို ငါပို့လိုက်မယ်... ဟားဟား.. ဒါပေမယ့်..."