(Unicode)
မိုးထက် သူ့ ကားလေလံကိစ္စ၊ အိပ်ဖွင့် တင်ဒါ ကိစ္စ ပြီးစီးသွားသဖြင့် အိမ်မြန်မြန်ပြန်ခဲ့သည်။ အိမ်မှာ babyတစ်ယောက်ထဲမလား ။ တွဲခဲ့တဲ့ ၃လအတွင်း မိုးထက်တို့ ညီအကို ၂ယောက် သိခဲ့တာက K က ဒဏ်ရာ ရသည် ဖြစ်ဖြစ် နေမကောင်းသည် ဖြစ်ဖြစ် အရမ်းချွဲကာ စိတ်အားငယ်တတ်သည်။ သူ့နား လူမရှိလျင် တအီအီဖြင့် ငိုနေတတ်သူကြောင့် သူမဟုတ်လျင် အကို တစ်ယောက်လောက်တော့ ဘေးမှာ အဖော် ပြုပေးမှ။
"Baby ရေ baby ကိုယ်ပြန်လာပြီ baby!!"
တစ်အိမ်လုံးလဲ တိတ်ဆိတ်နေသဖြင့် မိုးထက်စိတ်ထဲ တစ်ခုခုကို ထင့်လာသည်။ စိတ်ထဲက တစ်စုံတစ်ခုကို ဆုံးရှုံးရတော့မည့် ခံစားချက်မျိုး ။သူစိုးရိမ်လာကာ တစ်အိမ်လုံး အနှံ့ ပတ်ရှာသော်လည်း Kကို မတွေ့ ။ မိုးမာန် ဆီ ဖုန်းဆက်ကာ မေးတော့လည်း သူ့ဆီလည်း မလာတဲ့ ။
"ဘယ်သွားနေတာလဲ babyရာ ကိုယ်စိတ်ပူအောင် "
သူစိတ်အေးအေးထားပြီး ဧည့်ခန်းထဲ၌ ပြန်ထိုင်ကာ စောင့်နေလိုက်သည်။
"တင်!!"
သူ့ဖုန်းထဲ message ဝင်သံကြားသော်လည်း ဖွင့်ကြည့်ရန် စိတ်မပါ။
"တင်!!""တင်!!"
နောက်ထပ် message 2ခု ထပ်ဝင်လာသဖြင့် အလုပ်က ထင်ကာ ဖုန်းဖွင့် ကြည့်လိုက်သည်။ သူ့မျက်နှာဟာ ဖြူဖျော့သွားကာဖုန်းကို စုပ်ကိုင်ထားတဲ့လက်ဟာ တင်းကြပ်သွားပြီး နောက် နှဘေးက ပန်းအိုးကို ပစ်ပေါက်ခွဲလိုက်မိတော့သည်။K ပြန်နှိုးလာတော့ ခေါင်းက တစ်ဆစ်ဆစ်ကိုက်ကာ မူးဝေနေသေးသည်။ သူသေချာပြန်စဉ်းစားကြည့်တော့
သူ့ကို ကားထဲဆွဲထည့်ကာ လက်ထိပ်ခက်ပြီး ဆေးတိုက်သည်ကိုတော့ မှတ်မိလာသည်။ နောက်ပိုင်းက ဗလာနတ္ထိ။ ဒါပေမယ့် ရင်းနှီးကျွမ်းဝင်နေသည့် နာကျင်မှုနှင့် သာယာမှုအရ သူဘာဖြစ်ခဲ့မှန်း သူသိသည်။" ခင်ဗျားကို မတွန်းလှန်နိုင်ခဲ့တဲ့ ကျုပ်ကို ကျုပ် မုန်းတယ်"
K အိမ်ပြန်ရန်သာ ကြိုးပမ်းလိုက်သည်။
"ဦးတို့ကို ခွင့်တောင်းပြီး ငါ နိုင်ငံခြားမှာ သွားနေတော့မယ် ခင်ဗျားလက်ထဲက လွတ်ဖို့ ဘာပဲ လုပ်ရ လုပ်ရ Zမင်း"