အပိုင်း(၁၂)

291 7 0
                                    

(Unicode)

K အခုဆို Zမင်းတို့ သားအဖရဲ့ ပိတ်လှောင်ခြင်း  ခံထားရတာ တစ်လရှိပြီ။ K ထွက်ပြေးရန်ကြံတိုင်း ထိုသားအဖက ခြေတစ်လှမ်းသာကာ ပြန်ဖမ်းမိမြဲ။ ဖမ်းမိတိုင်း K ကို မြေအောက်ခန်းထဲ ပိတ်ကာ ကြိုးတုတ်ပြီး ခါးပတ်နှင့် ရိုက်နှက်သည်။ ၂ရက်ခန့် နေရောင်မြင်ခွင့်မပေးပဲ အစာမကျွေးပဲ ပိတ်လှောင်ထားတတ်သည်။
ပြန်လွတ်ပေးပြန်လျှင်လည်း သူတို့သားအဖရဲ့ လူမဆန်မှုများက ကြိုဆိုလို့နေသည်။

K ၌ အသိတရားဆိုတာ ဘာမှန်းမသိတော့။ တစ်ခါတစ်လေ သားအဖ နှစ်ယောက်လုံး K ကို အခန်းတွင်းပိတ်ကာ နှိပ်စက် တတ်သည်။ ထိုနေ့မျိုးဆို K မျက်တောင်ခတ်ရန်ပင် အားမရှိတော့သလောက်။ အိမ်ဖော် အဒေါ်ကြီး ဒေါ်မြင့်ကို ပြန်လွတ်လိုက်ကာ သူတို့သုံးယောက်ထဲသာ အိမ်ကြီးထဲ၌ ။

K အတွက် အစက ငရဲခန်းဖြစ်ခဲ့သော်လည်း နောက်တော့ K ကိုယ်တိုင်စွဲလမ်းလာသည်။ Zမင်းတို့ သားအဖရဲ့ အမိန့်တိုင်းကို မငြင်းဆန်နိုင်အောင် သူ့စိတ်က လွမ်းမိုးခံနေရပြီ။ ငြင်းဆန်လျှင်လည်း ရလာမယ့် အပြစ်ဒဏ်တွေ သူမခံစားနိုင်တော့ ။ တစ်နေကုန် ကြိုးတုတ် ခါးပတ်နှင့်အရိုက်ခံရပြီး နေမမြင် လမမြင် အလုံပိတ်ခန်းထဲက ငရဲကို ဘယ်သူကကော နှစ်သက်နိုင်ပါလိမ့်မလဲ။

ဘယ်လိုပဲဖြစ်ဖြစ် K အတွက် သူ့ဘဝကြီးက ပျက်စီးသွားပြီမို့ ဘာမှလည်း မျော်လင့်ချက်မရှိတော့ သူ့ဘဝကြီးက အသက်ရှင်နေပေမယ့် သေဆုံးသွားခဲ့ပြီမို့။ Zမင်းတို့ သားအဖ ကြိုးဆွဲရာကကာ နေမထူးသေမထူးတော့တဲ့ K ဘဝ ..။

********************************

"သား မင်းအမေ နောက်အပတ်ထဲ ပြန်ရောက်မယ်တဲ့ "

"Mom လား ဘာလို့လဲ နိုင်ငံခြားမှာပဲ နေပျော်ပါတယ် မြန်မာကို ပြန်မလာချင်ဘူးဆို အခုက ဘာလို့လဲ "

"မင်းကို လွမ်းလို့တဲ့ကွာ နောက်အပတ်ပြန်လာမယ်တဲ့ အဲဒါ ဟန်လေး ကိစ္စ ဘယ်လိုလုပ်မလဲ "

" ဘယ်လိုလုပ်ရမှာလဲ သားချစ်သူဆိုပြီး မိတ်ဆက်ပေးလိုက်ရင် ရပြီလေ "

"သား မင်းတစ်ကယ် သူ့ကို မင်းအမေနဲ့ မိတ်ဆက်ပေးမလို့လား အဲလိုကောင်ကို"

I Love Both Of You Two (Complete)Where stories live. Discover now