(Unicode)
" ကိုကို ..သမီးလေး..."
"ထားလိုက်ပါ ဟိုကောင်တွေ ကြည့်ထားပေးလိမ့်မယ် ပြီးတော့ သမီးက လိမ္မာပါတယ် သူ့ဖေဖေတွေ အတွက် အလိုက်သိပါတယ်..."
"အာ ကိုကိုနော် ...ဘာတွေပြောနေတာလဲ..."
"လုပ်ပါ ကလေး ကိုယ့်ကို မသနားဘူးလားဟင် ကိုယ်တို့တွေ တစ်ခေါက်ပဲ လုပ်ဖူးသေးတယ်လေ.. ကိုယ်တို့ ပြန်တွေ့တော့လဲ နှိုင်းမရလေးကို ထိခိုက်မှာ ဆိုးလို့ ကိုယ် စောင့်ထိန်းခဲ့တယ် အခုနှိုင်းမရလေးလဲ ကြီးနေပြီလေ နော် ...နော်...."
"အာ သမီးက အခုမှ လသားအရွယ်ပဲရှိသေးတာကို ကိုကလည်း...."
"အင်းပါ ကိုယ်နားလည်ပြီ...."
Zမင်း ခန့်ထည်ဝါကိုယ်လေးကို အိပ်ရာပေါ် ချပေးပြီး သူ့ကိစ္စ ဖြေရှင်းရန် ရေချိုးခန်းထဲသာ ဝင်လိုက်သည်။
"ငါမှားသွားပြီလား တကယ်လဲ ကို က ငါ့အပေါ် လုံးဝ ကောင်းပေးတာပဲ ကိုယ်ဝန်နဲ့တုန်းကလည်း ရှောင်တယ် ကလေး ငယ်တုန်းကလဲ ငယ်လို့ တကယ်ဆို သူလည်း အသွေးသားနဲ့မလို့ တစ်ခါတစ်လေ လိုအပ်မှာပဲ....."
ခန့်ထည်ဝါ တွေးပြီး စိတ်မကောင်းဖြစ်သွားသည်။
*တစ်ခါလောက်တော့ လိုက်လျောသင့်ပါတယ်လေ*
နောက် ရေချိုးခန်းထဲဝင်သွားတဲ့သူနောက် လိုက်ဝင်သွားလိုက်တော့သည်။
အဲနောက်မှာတော့ နေမဝင်ခင်ကတည်းက အိပ်ခန်းထဲ ဝင်သွားတဲ့ အတွဲဟာ ညစာပင် ဆင်းမစားနိုင်ပဲ hotel ဝန်ထမ်းတွေတောင် ထို အခန်းရှေ့က ဖြတ်မလျောက်ရဲလောက်အောင် ပန်းနုရောင်လေထုဟာ အခန်းပြင်ထိ ဖိတ်စင်လျက်..။
"တော်သေးတာပေါ့ ငါတို့ hotel က နာမည်သိပ်မရှိသေးလို့ တည်းတဲ့ လူလဲ မရှိသေးဘူး...မဟုတ်ရင် ဒီအခန်းက ဧည့်သည်တွေ လုပ်ပုံနဲ့ ငါတော့ ဘယ်နားမျက်နှာသွားဖွက်ထားရမလဲ မသိဘူး..."
ဧည့်ကြို ကောင်လေးကတော့ ထိုသို့ မှတ်ချက်ပေးကာ ထွက်သွားလေတော့သည်။
********************************
"အားး.... "
baby ... baby...ဘာဖြစ်တာလဲ..."