(Unicode)
"အ့"
ပူထွက်သွားတဲ့ ပါးတစ်ဖက်နဲ့အတူ အာကာဟိန်း မူးနေတဲ့စိတ်ကလေးတောင် ဘယ်ချောင် ပြေးကပ်သွားမှန်းမသိလိုက်။
"ဘယ်ခွေးလဲကွ ငါ့ကိုထိုးတာ"
"အေး မင်းအဖေ ငါထိုးတာ"စည်သူ စိတ်တိုတိုဖြင့် နောက်ထပ်ဆွဲထိုးချင်သော်လည်း လွမ်းရိပ်က တားထားသဖြင့် စိတ်လျော့လိုက်ရသည်။
" မင်း ဘာကိစ္စ ငါ့ကိုထိုးရတာလဲ"
"ဪ ငါ့ချစ်သူတစ်ယောက်လုံးကို ပြန်ပေးဆွဲသွားတဲ့သူကို ဆွဲမထိုးလို့ ပြေးနမ်းရမှာလား သူတောင်းစား"
"အော့ ရွံစရာကြီး ""မင်း!!"
"တော်တော့ ဦး သူသားကို ဘာမှ မလုပ်ဘူး စိတ်လျော့နော်"
"လွမ်းလေး သေချာလား သူဘာမှ မလုပ်တာ"
"ဟုတ်""အမလေး ငါလားသူ့ကို လုပ်ရမှာ။ ဘာလုပ်ရမှာလဲ ငါ့ပြန်ပြီး မချသွားတာတောင် ကံကောင်း မင်းဟာလေးက "
"ဒါဆိုဘာလို့ လွမ်းလေးကို ဖမ်းထားရတာလဲ""သူ့ကို ဖမ်းတာမဟုတ်ဘူး ငါက .ငါ...."
" သူက ကိုကို့ကို ဖမ်းချင်နေတာ သားကိုမဟုတ်ဘူး"
"ဘာကွ"*ခွပ်*
လွမ်းရိပ်စကားလဲဆုံး မိုးမာန် အာကာဟိန်းကို ဆွဲထိုးပစ်သည်။
"မင်းကများ ငါ့babyကို ဖမ်းချင်တယ် ဟုတ်လား သေချင်နေပြီထင်တယ်"
" ဘောမလို့ ငါ့ပဲ လာထိုးနေတာလား မင်းတို့က ငါ့အိမ်ထဲလဲ ဝင်လာသေး ငါ့ကိုလဲ အနိုင်ကျင့်သေးတယ် ရဲတိုင်မယ်"
"တိုင်လေ မင်းကိုလဲ ငါတို့က ပြန်ပေးဆွဲမှုနဲ့ ထောင်ထဲထည့်ပစ်မယ်"
"ငါ..."K သူဝင်မပါလျှင် ပြီးတော့မည့်ပုံ မပေါ်သောကြောင့်
"ဦး စိတ်လျော့ဦး baby ခဏ စကားပြောချင်လို့"
"...."
" ကိုအာကာဟိန်း ဘာလို့ ကျွန်တော့်ကိုဖမ်းချင်ရတာလဲ ကျွန်တော်နဲ့ ဘာအငြိုးရှိလို့လဲ"
"မဟုတ်ဘူး...ငါက...."အာကာဟိန်းတစ်ယောက် မင်းကိုချစ်လို့ပြန်ပေးဆွဲတာလို့ ပြောဖို့ကို အံကြိတ် မေးကြောတွေ ထောင်ကာ သူ့ကို စိုက်ကြည့်နေသည့် မိုးမာန်ကြောင့် ပြောရမည့်စကားဆိုတာ ပါးစပ်ထဲက ထွက်မလာတော့...။