(Unicode)
K သူ့ရှေ့က ပန်းခင်းလမ်းလေးကို မနင်းရက်သော်လည်း သူ့ကို စောင့်ကြိုနေမည့် ဦးတို့ကို တွေးကာ ပန်းပွင့်ချပ်လေးတွေ ပေါ်မှ ဖြေးညင်းစွာ လှမ်းခဲ့သည်။
သူ အထဲဝင်ရန် အပေါက်နားရောက်တော့ ကောင်လေး ၂ယောက် ရောက်လာကာ ကလေးတွန်းလှည်းလေးဖြင့် သူ့လက်ထဲက အမြွှာလေးတွေကို ခေါ်ဆောင်သွားတော့သည်။
"အဟက် ...ဦးတို့ကတော့ အကုန် ဒေါင့်စုံအောင် ပြင်ဆင်ထားတာပဲ..."
Kနောက်မှ ခန့်ထည်ဝါ က အူကြောင်ကြောင်ဖြင့် နှိုင်းမရလေးကို ပွေ့လျက် လိုက်လာသည်။
နှိုင်းမရလေးကိုလည်း ထိုနည်းတူစွာ လူတစ်ယောက်က လှည်းလေးဖြင့် လာခေါ်သွားလေသည်။
သူ့နောက်တွင်တော့ အာကာဟိန်း....။
"မောင် ...အရင်ရက်က မောင်တို့ ဘာတွေ စီစဉ်နေလဲ ဟိန်း ရိပ်မိပြီ...ချစ်ဖို့ကောင်းလိုက်တာ မောင်က....ဟီး..."
အာကာဟိန်း ရင်ကိုကော့လျက် မြောက်ကြွ မြောက်ကြွ ဝင်သွားလိုက်သည်။
"ကျစ် ဒီလူကြီး မဟုတ်မှလွဲ ငါတို့အားလုံးကို သတို့သား အရန်လုပ်ခိုင်းမလို့လား...နေနှင့်ဦး ပွဲဖျက်ပြမယ် ..ခင်ဗျားကို ကျုပ်ပိုင်တာ ဘယ်သူ့ကိုမှ မပေးနိုင်ဘူး...."
ဈာန် စူပုတ်ပုတ်ဖြင့် ပွဲဘယ်လို ဖျက်ရင် ကောင်းမလဲဟု စဉ်းစားကာ ဝင်သွားတော့သည်။
"သတို့သား လေးယောက် ကြွရောက်လာပါပြီ...."
"ဘာ..??ဘာ??သတို့သား ၄ယောက် ..."
ဈာန် ကြောင်သွားကာ စင်ပေါ် လှမ်းကြည့်တော့ Kနှင့် ပုံစံတူ အရောင်တူ ဝတ်ထားတဲ့ မိုးမာန်ပိုင်နှင့် မိုးထက်ပိုင်...။ခန့်ထည်ဝါနှင့် ဆင်တူ ဝတ်ထားသည့် Zမင်း...။အာကာဟိန်းနှင့် အတူက...မြတ်မဟာမောင်.....။
ဒါဖြင့် .....??
"သတို့သားက..ငါလား....???ဘာတွေ ဖြစ်ကုန်တာလဲ..သဇင်ဆိုတဲ့ တစ်ယောက်ကကော...ဘာလဲ နားမလည်နိုင်တော့ဘူး...."
K ရင်ခုန်စွာဖြင့် သူ့ကို စောင့်ကြိုနေသော ဦးတို့ရှိရာ စင်မြင့်ဆီသို့ ဦးတည်လိုက်သည်။ မိုးမာန်နှင့် မိုးထက် ကတော့ သူ့ကို အပြုံးပန်းတွေဖြင့် လက်ကမ်း ကြိုလင့်သည်။