အပိုင်း(၄၅)

86 4 0
                                    

(Unicode)

" အခြေနေဘယ်လိုလဲ.."
"မသေသေးဘူး ဆရာ."
"ကောင်းပြီ ဆိုင်ဝမ်း ငါသူ့ကို မင်းလက်ထဲ အပ်မယ် .. ပြီးရင် အရင်က မင်းပြစ်မှုတွေကို ငါအကုန်ရှင်းပေးမယ်..."
" Ok deal!"

ဈာန် ဆေးရုံသို့ ပြန်လာလိုက်သည်။

"တောင်းပန်ပါတယ် လွမ်းလေး ကိုယ် မင်းအကိုကို သေချာ မကာကွယ်ပေးနိုင်ခဲ့ဘူး ဒါပေမယ့် စိတ်ချပါ မင်းအကို ခံစားခဲ့ရတာထက် ငါပိုပြီး သူတို့ကို ခံစားရစေမယ် .."

သူ့စိတ်တွေက လွန်ခဲ့တဲ့ ၅နှစ်စီသို့ .......

"ဈာန်ရေ....ဈာန်...ဈာန် လာပါဦး ဒီကို .."

"မပြေး‌နဲ့လေ လွမ်းရာ အသက်ကဖြင့် ၁၅နှစ်ရှိပြီ ကလေးလို လုပ်တုန်း...."

"အဲဒါအရေးမကြီးဘူး ဒီမှာကြည့် ဒါငါ့ကိုကို...."
"ဘာ!!! လွမ်းမင်း ပြောတော့ ..!!"
" အာ မဟုတ်ဘူး မဟုတ်ဘူး သူက ငါ့ရဲ့ ဦးဦးနဲ့ ဒေါ်ဒေါ်ရဲ့သား ကိုကို ဟန်နိုင်ဦးတဲ့ ငါ့ရဲ့ တစ်ဦးတည်းသော ကိုကို...."
"ဪ အဟမ်း မသိပါဘူး... ငါအဖြေတောင်းထားတာကျတော့ မပေးပဲနဲ့ ဘယ်ကကိုကိုလဲလို့..."
"ဟာ မင်းကလည်း ပြောပြီးပြီလေ ငါတို့တွေ ငယ်ပါသေးတယ်လို့...နောက်မှပေါ့..."
"အင်းပါ....ဒါနဲ့ဒီဓာတ်ပုံက ဘယ်က ရလဲ.."
"ဟီး ငါကိုကို့အကြောင်း စုံစမ်းဖို့ လူလွတ်ထားတာ သူပို့လာပေးတာ...ငါလည်း မတွေ့တာကြာတော့ သတိရလို့ ...ပြီးတော့ ငါငယ်ငယ်လေးထဲက ကွဲသွားတာဆိုတော့ ဆွေမျိုးဆိုလို့ ကိုကို တစ်ယောက်ပဲရှိတာ ...အဲဒါကြောင့်..."
"အင်းပါ ဟုတ်ပါပြီ... ဒါနဲ့ သူ့ပုံက...."
"ဈာန်နဲ့တူတယ်မလား...ဟီး လွမ်းကောပဲ ပုံစစတွေ့တွေ့ချင်း အံ့ဩသွားတာ ကိုကိုနဲ့ ဈာန်က တူလှ ချည်လားလို့....."
"ဟုတ်တယ်နော် သဲငယ်ရဲ့ ကိုယ်နဲ့ ဆင်တယ်..."
"ဈာန်နော် အဲလိုမခေါ်ပါနဲ့ဆို..."
"ဟားဟား ကြည့်ပါဦး ...မျက်နှာတွေ နီ‌‌ေနပြီ..."

" သားရေ သား...ကဲ ဒီနှစ်ယောက်ကတော့လေ ခြံချင်းကပ်နေပြီး အမြဲတွေ့နေတာကို ပြောစရာတွေ မကုန်သေးဘူးလား ... လာ ထမင်းစားရအောင်...သားဈာန် သားလဲ လာစားလေ ...ခဏနေ သား အလုပ်သွားတော့မယ် မဟုတ်လား..."
"ဟုတ် မေမေ..."
"ဘာမေမေလဲ...ငါ့မေမေနော် အဲဒါ..."
"ဘာဖြစ်လဲ မင်းမေမေလဲ ငါ့မေမေပဲ..."
" ဟုတ်ပါပြီရှင် နှစ်ယောက်လုံးရဲ့ မေမေပါ...လာတော့ အထဲကို..."
"ဟုတ်.."

I Love Both Of You Two (Complete)Where stories live. Discover now