(Unicode)
" ဗျာ...မဖြစ်နိုင်တာ ..."
"အမှန်ပါပဲ ကျွန်တော်လည်း အစကတော့ မယုံနိုင်ဘူး ဒါပေမယ့် ဆီးစစ်ချက်က တစ်ကယ်ပဲ ကိုယ်ဝန်ရှ်ိနေပါပြီ ခင်ဗျားက တော်တော် ကံထူးတဲ့သူပဲ သားအိမ်ပါလာတယ် congratulationပါဗျာ ခင်ဗျားခင်ပွန်းသိရင်တော့ တော်တော်ပျော်သွားမှာပဲ "
*ခင်ပွန်း....? ဟ ဟ ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်း မသိတဲ့သူလား*
"ကျေးဇူးတင်ပါတယ် ဒေါက်တာ ကျွန်တော် ဆေးရုံဆင်းလို့ရပြီလား အခု"
"ဪ ရပါပြီ ဒါပေမယ့် တစ်ပတ်တစ်ခါလောက် OGနဲ့ လာပြရမယ် အခု ကိုယ်ဝန်ဆောင်က normalလည်း မဟုတ်တော့ တော်တော်လေးကို ဂရုစိုက်နိုင်ရင် ပိုကောင်းပါတယ်"
"ကောင်းပါပြီ"
ခန့်ထည်ဝါ ဆေးရုံဆင်းပြီးတော့ boss က အိမ်လိုက်ပို့ပေးသည်။
"ကျေးဇူးတင်ပါတယ် boss"
အိမ်ပြန်ရောက်သည်နှင့် ငိုကျွေးမိသည်။
"ဘာလို့လဲ ဘာလို့ငါလဲ ...!!!!ဘာလို့လဲ"
စိတ်တိုစွာဖြင့် နံရံကို ထိုးချလိုက်သည်။ လက်တွေလဲ စုတ်ပြတ်ကာ သွေးအတိဖြင့်။
"ဘာလို့လဲ ငါက ယောကျာ်းလေးတစ်ယောက်လေ ကိုယ်ဝန်ရှိတယ်ဆိုတာက ဘာလဲ ဖျက်ချရမယ် ဒီကလေးကို "
ခန့်ထည်ဝါ အမြဲဆောင်ထားတတ်တဲ့ အိပ်ဆေးကို ယူပြီး
"ဟုတ်တယ် ငါပါသေသွားရင် ဒီကလေးလဲ မွေးလာစရာမလိုဘူး ငါသေသွားရင် အားလုံးပြီးပြီ"
"ဟာ ဘာလုပ်နေတာလဲ ခန့်ထည် မင်းရူးနေပြီလား အဲဆေးတွေ ငါ့ကိုပေးစမ်း "
အာကာဟိန်း အိမ်ထဲဝင်သွားတဲ့ ခန့်ထည် မူမမှန်သဖြင့် ပြန်လှည့်လာကြည့်ချင်းပင်။ သူစိုးရိမ်ေနသလိုပင် ဒီကောင်လေးက ကိုယ့်ကိုကိုယ် သက်သေဖို့ ကြိုးစားနေသည်တဲ့လေ...။
" လွတ်ဗျာ boss လွတ် သေပါရစေ ကျွန်တော် သေပါရစေ လွတ်ပေးပါ"
"ရူးနေလား ကိုယ့်ကိုကိုယ်သတ်ရအောင် မင်းဗိုက်ထဲက ကလေးကို စဉ်းစားဦး.."
"ဟား ဟား ကလေးတဲ့လား အဲကေလးကြောင့်ပဲ သေချင်နေတာ အဲကလေးကြောင့် ကျွန်တော်က ယောကျာ်းတစ်ယောက် ဒီကလေးကို ဘယ်လိုမွေးရမှာလဲ သဘာဝနဲ့ ဆန့်ကျင်ပြီး"