(Unicode)
"သား...သူက...?"
"သူက....သူက.....ကျွန်တော့် အိမ်ထောင်ဖက်ပါ.."
"ဘာ..."
ခန့်ထည်ဝါ လက်တွေ ခြေတွေ ပိုပြီး အေးစက်သွားသည်။
ဒေါ်ကေသီရှင်း သူမသားဖြစ်သူထံ တစ်လှမ်းချင်း လျောက်သွားလိုက်သည်။
Zမင်း လန့်လာသည်။"Mom ဘာလုပ်မလို့လဲ"
"ဖယ်စမ်းပါ သားနဲ့ မဆိုင်ဘူး"သားဖြစ်သူကို ဘေးတွန်းပို့ကာ ထိုကောင်လေးကို ကြည့်လိုက်သည်။
ခန့်ထည်ဝါ လူက ချွေးစီးတွေပင် ထွက်လာသည်။ လက်တွေပင် တုန်လာသလို။"အမလေး ချစ်စရာလေး သားရယ် ... ဒါအမေ့မြေးလေးပေါ့ ဟယ် ချစ်ဖို့ကောင်းလိုက်တာ သားလေး နာမည်ဘယ်လိုခေါ်လဲဟင်"
"အွင်"
Zမင်း အပါအဝင် အကုန်ကြောင်သွားသည်။
"Mom... စိတ်မဆိုးဘူးလား"
"အမလေး ဆိုးစရာလားတော် ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကလေးကို ဆိုးစရာလား နှမျောဖို့ကောင်းလိုက်တာ သားလို ချစ်စရာလေးနဲ့ အန်တီ့သားနဲ့ မလိုက်ဘူး.."ခန့်ထည်ဝါ ကြောင်သွားသည်။ အနည်းဆုံးတော့ သူ့ကို ရုပ်ရှင်တွေထဲကလို ပါးလာရိုက်လောက်မည် တွေးကာ လန့်နေရခြင်း ။အခုတော့....။
"သားလေး အန်တီ့ကို လန့်နေတာလား အာ မှားလို့ အမေ့ကို ကြောက်နေတာလား မကြောက်ပါနဲ့ကွယ်"
"Mom သားတို့ကို သဘောတူတယ်ပေါ့ "
"အမလေး ဖြစ်နိုင်ရင် မတူဘူးဟေ့"
"အန်..အန်တီ တောင်းပန်ပါတယ် ကျွန်တော် .."
"အမလေး မငိုပါနဲ့ သားရယ် အန်တီ သဘောမတူဘူးဆ််ိုတာက သားလို လိမ္မာရေးခြား ရှိတဲ့သူနဲ့ အန်တီ့သားလို လူနဲ့မတန်လို့ပါ သားရယ်...စိတ်ချ သားတို့ကို အန်တီ မခွဲပါဘူး ""Mom ...ချစ်တယ် .. ကျေးဇူးတင်ပါတယ် သဘောတူပေးလို့"
"ကောင်းပြီ ဒါနဲ့ သားလေး နာမည်က .."
"ခန့်ထည်ဝါပါ အန်တီ"
"ဟုတ်ပြီ သားခန့် ... နောက်ဆို အမေပဲခေါ် အန်တီမဟုတ်ဘူး အမေလို့...ခေါ်ကြည့်ပါဦး..."
"အ...အမေ.."
"အမလေး ချစ်စရာလေး သားခန့်ရယ် ဒါနဲ့ ကလေးက ဘယ်နှလ ရှိပြီလဲ ..."
"၇လ ပါ အမေ .."
"ဟယ် တော်တော်ထွားတာပဲ ကလေးက အခုကစပြီး သားခန့်ကို အမေ စောင့်ရှောက်မှာမလို့ အမေတို့နဲ့ လိုက်နေနော်.."
"ဟို.. boss.."