အပိုင်း(၆၂)

203 4 0
                                    

(Unicode)

"အို့ အို့ သမီးလေးရေ အိပ်ပါကွယ်....အိပ်တော့နော် ဖေ့သမီးလေး....."

Zမင်း ဘယ်လောက်ပင် ချော့မြူနေပါစေ ငိုမြဲတိုင်းသာ ငိုနေတဲ့ သမီးလေးကြောင့် လူက ထိုင်မရ ထမရ..။
ခန့်လေးသာ ရှိရင် ချက်ချင်း ‌သမီးလေး အငိုတိတ်သွားအောင် ချော့မြူနိုင်မှာ....

"အို့ အို့ သမီးလေးရယ်...ပါပါးခန့်က နေသိပ်မကောင်းလို့ သမီးလေးကို လာမချော့နိုင်ဘူးတဲ့ ဖေဖေနဲ့ပဲ အိပ်ရအောင်နော် ..ပါပါးက မီးလေး အတွက် မောင်လေးလား ညီမလေးလား မသိဘူး အဖော်ခေါ်လာပေးမှာတဲ့ ဒါကြောင့် မငိုနဲ့တော့နော်...."

မောင်လေး လား ညီမလေးလား မသိ ခေါ်‌လာပေးမယ်ဆိုသည့် အသံကြားတာနှင့် တိခနဲ အသံတိတ်ကျသွားသော သမီးလေး.....

"အမလေး ဖေဖေ့သမီးက အငယ်လေး ခေါ်လာပေးမယ်ဆိုတာနဲ့ ချက်ချင်းလိမ္မာသွားလိုက်တာ ..ဖေဖေ့ချစ်တုန်းလေး....အိပ်ရအောင်နော်....."

သမီးလေးကို ချော့မြူပြီး အိပ်ပျော်သွားမှ သမီး ဘေး ဝင်လှဲကာ

"ခန့်လေးရေ မနက်ဖြန် တွေ့ရင်လေ သားသားလေး မွေးရင် ထက်ကာရံမှူးလို့ ပေးမယ် သမီးလေး မွေးခဲ့ရင် နှိုင်းမရလေးနဲ့ ကာရံညီအောင် ခြူးခေတ္တလို့ ပေးမယ်....."

အတွေးတွေနှင့်ပင် ပျော်စရာကောင်းလွန်းလှတဲ့ မိသားစုဘဝလေး.....

"ကျေးဇူးတင်ပါတယ် ခန့်ရေ ကိုယ့်ဘဝထဲ ဝင်လာပေးလို့...သမီးလေးနဲ့ အငယ်လေး‌ကို ခေါ်ဆောင်လာပေးလို့....ချစ်တယ်...."

"မဟုတ်ဘူး..မသွားပါနဲ့...မသွားပါနဲ့ ကိုယ်နဲ့ သမီးလေးကို ထားမသွားပါနဲ့....အား...."

ဝုန်းကနဲ အိပ်ရာပေါ်က အလန့်တကြားနိုးထလာပြီမှ အိမ်မက်ဆိုတဲ့ အသိနဲ့ ပြန်ဖြေသိမ့်လိုက်ရသည်။အိမ်မက်ဆိုသည့် အသိဝင်နေပေမယ့် ခွဲခွာရမယ်ဆို့သည့် အိမ်မက်ကြောင့် မျက်ရည်က အလိုလို ကျလာသည်။

"ဟား အိမ်မက်ကြီးကကွာ... ခန့်လေးက ဘာလို့ ငါ့ကို ထားခဲ့ရမှာလဲ ပေါက်ကရတွေ ငZရေ မင်းလဲ ....."

ကိုယ့်ကို ကိုယ် ပြန်အားပေးကာ နာရီကြည့်တော့ မနက်ရောက်နေပြီ။

I Love Both Of You Two (Complete)Where stories live. Discover now