(Unicode)
" Welcome back စည်သူ တော်ရုံနဲ့ မမှတ်မိလိုက်ဘူး..."
" ဟုတ်တယ် ကျွန်တော်လဲ ဒေသအစုံ ခရီးသွားနေတာဆိုတော့ ကိုယ့်ပုံစံကို ထိန်းသိမ်းဖို့ကို စိတ်မရောက်ဘူး ဖြစ်နေတာ အရမ်းကြီး ပြောင်းလဲသွားလို့လား..."
"omm ကျွန်တော်စစတွေ့တုန်းက ဘယ်က ကုလား အဘိုးကြီးလဲလို့ ဟဟ တစ်ကယ် မုတ်ဆိတ်တွေ နှုတ်ခမ်းေမွှးတွေ ဗရပွ ... ဆံပင်ကလည်း ပုခုံးတောင် ကျော်နေပြီ ဒီတိုင်း မစီးမနှောင်ပဲ ချထားတော့ ဟ ဘာလား ဒီကုလား ဦးလေးကြီးကို ကိုမဟာတို့ ဘာလို့ အိမ်ထဲ ခေါ်လာတာလဲပေါ့..."
" အောင်မလေး ဗျာ K ပြောတာနဲ့ ကျွန်တော်ရစရာ မရှ်ိတော့ဘူး..."
" ဟီး အဲလို ဖြစ်သွားလား...ဒါနဲ့ ဒီတစ်ခါပြန်လာတာ အပြီးလား ထပ်ပြီး ခရီးတွေ ထွက်ဦးမှာလား..."
"အွင်း ကိုယ်စဉ်းစားထားတာက ရှမ်းပြည်ဘက်မှာ ကိုယ့် အဘိုးဖွားဘက်က လက်ဖက်ခြံတွေ လယ်တွေ ရှ်ိတယ် အဲမှာပဲ သွား အခြေချနေမလားလို့....."
"ကောင်းပါတယ် ဒါပေမယ့် ကျွန်တော် မွေးပြီးမှ သွားရမှာနော် ဒီအတောတွင်း ဒီမှာပဲနေ...."
"ကောင်းပါပြီ ကိုယ်လဲ အဲလိုပဲ စဉ်းစားထားတယ် ကိုယ့်တူလေးတွေကို ကြည့်ပြီးမှ သွားမလို့...."
"ဟုတ်...."
ထိုသို့ဖြင့် မင်းမာန် တို့ စည်သူကို အခန်းတစ်ခန်း ထပ်ပြင်ပေးလိုက်သည်။
စည်သူ တစ်ချိန်က သူနဲ့ ဈာန် နေခဲ့ဖူးတဲ့ အခန်းလေးကို တစ်ချက်ငဲ့ကြည့်ပြီး
" အဆင်ကော ပြေရဲ့လား ကိုယ့်သဲငယ်...."
K မမွေးဖွားမီ တစ်လျောက်လုံး Kရဲ့ အိမ်က တစ်နေကုန် အပျော်တွေ အပြည့်ဖြင့်....။
" Oh yes !! Ready.? Start..."
K ပါးစပ်က ဝီစီ မှုတ်လိုက်တာနဲ့ Zမင်း မြတ်မဟာမောင် စပြီး ပြေးတော့သည်။
"ရေးးး မောင်ရေ ပြေးထား ပြေးထား ... ဒီပွဲနိုင်တာနဲ့ ဟိန်းတို့ ဒီည ကိုယ်တို့ ညပဲ..."
"ကိုကို ပြေးထား နိုင်ရင် ဆုအကြီးကြီး ချမယ်..."
"ဖေ..ဖေ...."