(Unicode)
"မောင်..""ဟင် ဟိန်း ပြော..."
"မောင်အရင်က ပြောဖူးတယ်လေ မှတ်မိလား.."
"ဘာကိုလဲ ဟိန်း.."
"မောင်ပြောတာလေ မောင် ဟိန်းကို ဟိုးအရင်ထဲက သိတယ်ဆို ဘယ်က ဘယ်လို သိတာလဲ အဲဒါပြောပြပါလား သိချင်လို့..."
"ဟဟ အဲဒါလား ...အခုမပြောပြချင်သေးဘူး နောက်အပတ်ကျရင် ပြောပြမယ်.."
"ဟင်..ဘာလို့ နောက်အပတ်လဲ.."
"အာ.. လျှို့ဝှက်ချက်..."
"ဟွန့် မောင်ဟာလေ တစ်ကယ်ကိုပဲ.."
"အင်း ပြီးရင် မောင် ကျောင်းဆက်မတက်တော့ဘူး ဒီမှာပဲ နေတော့မယ် ကျောင်းကို ထွက်စာတင်လိုက်ပြီ.."
"ဘာလို့လဲ..တစ်နှစ်ကြီးတောင် အချိန်ပေးထားပြီးပြီကို..."
"ဘာလို့လဲဆိုတော့ မောင်လဲ အဖေ ဖြစ်ချင်လို့...ဟိုမှာဆိုရင် ကျောင်းစာတစ်ဖက်နဲ့ မောင် တို့ အချိန်တိုင်း အတူမနေရဘူး... မောင်က အချိန်ပြည့် ဟိန်းနားပဲ နေချင်တာ..."
"ဟာ ဘာတွေ ပြောနေမှန်းမသိဘူး..."
"ဒါဆို မောင်သိအောင်လုပ်ပေးမယ်လေ..."
မြတ်မဟာမောင် အာကာဟိန်းကို ငုံ့နမ်းရန်ပြင်သည်။
"ဒီမှာ..ဒီမှာ နေ့ခင်းကြောင်တောင် လူမြင်ကွင်းမှာ နည်းနည်း ပါးပါး ထိန်းသိမ်းနေကျပါဦး ဖြစ်ပျက်နေလိုက်တာ အော့..."
"အွင်!!! "
ဈာန်ရဲ့ စကားကြောင့် မြတ်မဟာမောင်နဲ့ အာကာဟိန်း မျက်လုံးပြူးသွားသည်။အစက သူတို့ ၂ယောက်ကို ပြောသည်ထင်၍ ပြန်ပြောမယ်ပြင်သော်လည်း ဈာန်ရဲ့ အကြည့်တွေက သူတို့နဲ့ တစ်ဝိုင်းကျော်တွင် ထိုင်နေသော စည်သူနဲ့ သဇင်စီ....။
"ဟဟ...ကဲ စပါပြီဗျာ ဂျေဒိုးနက်ကြီး စတင် စားသုံးပါပြီဗျာ..."
ဈာန်နားထဲ ဘာမှ မကြား ...။သူ့အကြည့်တွေက သူ့ကို နောက်ကျောပေးထိုင်နေသော စည်သူနှင့် သူ့ချစ်သူဆိုသည့် အမကြီးဆီ၌ပင်...။
"ဦး ဒါလေးစားကြည့် ဒီဟင်းပွဲက သဇင်ကိုယ်တိုင် ပြင်ထားတာ..."