အပိုင်း(၃၂)

259 6 0
                                    

(Unicode)

"ခဏ ......။ခဏ မသွားပါနဲ့ ကိုZ ဟုတ်တယ်မလား"

စကားပြောနေရင်း တိတ်ဆိတ်သွားသူကြောင့်

" ကိုခန့် ဘာဖြစ်လို့လဲ"

ခန့်ထည်ဝါ မဖြေအား ။သူ့မျက်စိရှေ့မှ ပျောက်သွားသော မျက်ဝန်းတစ်စုံကိုသာ လိုက်ရှာမိသည်။

"ကိုခန့် ...ကိုခန့် သတိထားဦး"
" K ..K ကျွန်တော် နောက်မှ ရှင်းပြမယ် ခဏက ကလေးရဲ့ အဖေကို တွေ့လိုက်လို့ ‌ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ကူရှာပေးပါလား "
"ကလေးလေးရဲ့ အဖေ..?။ အာ ဘယ်လိုပုံလဲ"
"တစ်ကိုယ်လုံး အနက်ဝတ်ထားတယ် အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်းနဲ့ "
"အာ...တွေ့ပြီ တွေ့ပြီ ဟိုမှာ ....ဟိုအနက်နဲ့ တစ်ယောက်လား"

နောက်ကျောကနေသာ ရိပ်ခနဲ မြင်လိုက်ရသော်လည်း ခန့်ထည်ဝါအဖို့ သေချာသည်ထက် သေချာပါသည်။ ကလေးလေးရဲ့ အဖေ ဖြစ်သူဆိုတာ။

"လိုက်...လိုက်သွားရအောင်..."
"ကောင်းပြီလေ ဦး...."
"ကိုယ်သိပြီ ကိုယ်ကားသွားထုတ်ဦးမယ် "

Zမင်း ခန့်လေးကို သွားကြည့်ရာ လမ်းတွင် ခန့်လေးကို တွေ့လိုက်သဖြင့် အနောက်က ‌တိတ်တဆိတ် လိုက်ခဲ့သည်။ ခန့်လေးဘေးက ကောင်လေးက ရင်းနှီးနေသော ကိုယ်အနေထားဖြစ်သော်လည်း ခန့်လေးသာ စိတ်ထဲ ပြည့်နေသဖြင့် သတိမထားမိ။ ဗိုက်ကလေး အနည်းငယ်ဆူကာ ဗိုက်လေးကို မပြီး လမ်းလျောက်နေပုံက ချစ်ဖွယ်အတိ ။

"ခန့်လေး ချစ်ဖို့ ကောင်းတယ်"
တီးတိုးရေရွတ်မိသည်။ ထိုချိန် ဖျတ်ကနဲ လှည့်လာတဲ့ ခန့်လေးကြောင့် သူလဲ မရှောင်မိပဲ မျက်ဝန်းချင်း စုံသွားသည်။

"သွားပြီ ငါ့ကိုမှတ်မိသွားပြီထင်တယ် "

လူအုပ်ကြားထဲ အမြန် ဝင်ရောလိုက်ကာ ကိုယ်ယောင်ဖျောက်လိုက်သည်။
"Sorry ခန့် အခုလို သာယာနေတဲ့ ဘဝထဲ ကိုယ်ဝင်မရှုပ်သင့်ဘူး"

နောက်သူ ဟန်လေးနှင့် ချိန်းထားတဲ့ ဂိုထောင်ပျက်စီသို့သာ ဦးတည်လိုက်သည်။ဂိုထောင်ရောက်တော့ အလင်းရောင်မိန်ပျပျထဲ၌ လူတစ်ယောက်ပုံက ထင်ရှားစွာ။

I Love Both Of You Two (Complete)Where stories live. Discover now