အပိုင်း(၃၁)

205 4 0
                                    

(Unicode)

" စာလာပို့တာပါခင်ဗျာ..."
အိမ်ရှေ့မှ လူခေါ် bellကြောင့် Kထွက်ယူလိုက်သည်။
"ဘယ်သူပို့တာပါလိမ့်"

"K baby ဘယ်ရောက်နေလဲ babyရေ"
"ကျွန်တော် ဒီမှာ ဦး "

စာအိတ်ကို ‌ဧည့်ခန်းတွင်ချထားလိုက်ကာ မိုးမာန်ဆီ သွားလိုက်သည်။

"Baby ရာ လန့်သွားတာပဲ ဘယ်များရောက်နေတာလဲလို့"
" ဘယ်မှ မသွားပါဘူး ဦးရာ ပိုလိုက်တာ "
"မပိုပါဘူး ချစ်တာကိုး ဒီbabyကို"
"ဟဟ ကျွန်တော်လည်း ချစ်တယ် ဦး"

" ဟွင်း အကိုနဲ့ babyပဲ သာယာနေကျ ညီကိုတော့ ပစ်ထားတယ်ပေါ့ baby ကောပဲ ဒီကလူကို မချစ်ဘူးလား"
"ချစ်တာပေါ့ ဦးတို့ နှစ်ယောက်လုံးက ကျွန်တော့် အသက်။ ဦးတို့သာ ကျွန်တော့်နား မရှိရင် ကျွန်တော်လည်း အသက်ဆက်ရှင် ဖို့မသေချာလို့"
"ဟား ဟား ချစ်လိုက်တာ babyရာ "

"အဟွတ် အဟွတ် ချောင်းဆိုးလိုက်တာဗျာ ဟုတ်တယ်မလား ဦး စည်သူ"
"ဟုတ်ပါ့ဗျာ "
"ညီ..!!"
" ကိုကိုကလည်း ညီက စတာကို ဟွန့် "
"ဟုတ်ပါပြီ ကိုကိုက ဘာပြောလို့လဲ"
"အာ မသိဘူး မသိဘူး ကိုကို ညီကို စိတ်မရှည်တော့ဘူး မလား မချစ်တော့ဘူးမလား သွား စိတ်ကောက်ပြီ"

မိုးထက် စိတ်မရှည်တော့။ သူတို့တွေ သာယာနေတာကိုလည်း ဝင်ဖျက်သေး။ သူ့babyကိုလည်း လာပြီး စိတ်ကောက်သေး။

"စည်သူ မင်းဟာလေးကို ကြည့်ထိန်းဦး ငါ့babyကို မောင်ပိုင်စီးထားတာ ကြည့်မရတော့ဘူး"
"ကြည့်မရတော့ဘာဖြစ်လဲ ဦးလေးကြီး ။ခင်ဗျားက ကိုကို့ရဲ့ ပိုင်ရှင်ဆိုပြီး ဘာအနိုင်မကျင့်နဲ့နော် ဟွင်း..."
"အနိုင်ကျင့်တော့ ဘာလုပ်ချင်လဲ ကြည့်ပါဦး ဒီလောက်ပိန်တာ ငါ့ကို ဘာလုပ်နိုင်မှာတဲ့လဲ.."

လွမ်းရိပ် ဘေးက စည်သူရဲ့ လက်ကို ဆွဲကိုင်လိုက်ပြီး
"ကျွန်တော် မလုပ်နိုင်လဲ ဒီမှာ ကျွန်တော့်အချစ် ရှ်ိတယ် နော် အချစ် ကျွန်တော့်ကို ကာကွယ်ပေးမယ်မလား"
" အာ မသေချာဘူး ပေါက်စရ ကိုယ်က 1by 1ဆို မမှုပေမယ့် သူတို့က ၂ယောက်ကြီးတောင်မှ ကိုယ်မနိုင်လောက်ဘူး"
"တော်ပြီ ဦးစည်သူကြီး ခင်ဗျား အဲမှာ သွားပဲ ဖြဲပြနေ ဒီည အခန်းထဲ ဝင်မလာနဲ့"
" အာ မဟုတ်ဘူးလေ ကလေး၊ ပေါက်စ၊ ချစ်တုန်းလေး"
"မသိဘူး လာမခေါ်နဲ့!!"

I Love Both Of You Two (Complete)Where stories live. Discover now