အပိုင်း(၆၅) ဇာတ်သိမ်း

734 7 1
                                    

(Unicode)

"K ရေ သားလေးတို့ကို တစ်ချက်ကြည့်ထားဦးနော် ကိုယ်တို့ ရေချိုးဦးမယ်..."

"ဟုတ် ဦး..."

မိုးမာန်နှင့် မိုးထက် ရေချိုးခန်းထဲ ဝင်သွားတော့ K ကလေး၂ယောက်နှင့် အတူ ဆော့နေလိုက်သည်။တစ်ကယ်ပါ K ဘဝကြီးက အရမ်း ကံကောင်းလွန်းပါသည်။ ကလေးတွေ အတွက် ဘာမှ စိတ်ညစ်စရာ မလိုအောင် ဦးတို့ ၂ယောက်က အကုန် ထောင့်စေ့အောင် လုပ်ကိုင်ပေးကျသည်။ကလေးတွေ စားသောက်ဖို့လား ...နှို့မှုန့်လား နို့ဘူးဖျော်တာလား....? K က ကလေး ဗိုက်ဆာလျှင် ရင်ခွင်တွင်း ပွေ့ပြီး နို့ဘူးလေး ကိုင်ပြီး တိုက်ရုံသာ။ နှို့ ပမာဏ ၊အပူအအေး ၊ ဘယ်အချိန် တိုက်ရမလဲ ဆိုတာ စိတ်ပူစရာမလို...။ဦးတို့က အကုန် အဆင်သင့် လုပ်ပေးထားပြီးသား...။ငယ်စဉ်ကတည်းက ကလေး အနှီးလား အဝတ်စားလား....ညစ်ပတ်နေပြီ ..အညစ်ကြေးတွေ စွန့်ထားပြီဆိုလျင် ..K အနံ့တောင် မရလိုက်..ဦးတို့က အကုန် သန့်ရှင်းပေး သေးခံလဲပေးပြီးသားပင်...။ကလေးတွေ ကျန်းမာရေးအတွက်လည်း ဘယ်နေ့က ဆေးရုံပြရမယ့်နေ့ ဘယ်နေ့က ကာကွယ်ဆေးထိုးရမယ့်နေ....။တကယ်ပါ အကုန်အကုန် K ဘာမှ လုပ်စရာမလိုအောင် အကုန် စီစဉ်သွားပါသော ဦးတို့....။ကလေးတွေ ညဖက် ထထငိုမလား စိုးရိမ်စရာမလို...။ကလေးငိုသံကြားတာနှင့် K စောင်ထဲက မထွက်သေး သူတို့ ၂ယောက် ကလေး ကောက်ချီပြီး ချော့မြူနေပြီ....။ K အတွက် လုပ်စရာဆိုလို့ ကလေးတွေနှင့် အဖော်ပြု ဆော့ကစားခြင်းနှင့် ဦးတို့ ၂ယောက်ကို ချစ်ပေးနေရခြင်း တစ်မျိုးတည်းသာ....။

"ပြီးပြီ K ရေ အဝတ်သွားလဲတော့နော် ခဏနေ သွားကြည့်ရအောင်...."

"ဟုတ် ဦး....မွ..မွ..."

အတွေးတွေနှင့် နစ်မွန်းနေသည့် K ဦးတို့ ခေါ်သံကြားမှ သတိပြန်ဝင်လာရသည်။ပါးတွေကို တစ်ဖက်ချင်းဆီ နမ်းကာ ရေချိုးခန်းထဲ ပြေးဝင်ခဲ့သည်။ဘယ်လောက်ပဲ ရင်းနှီးနေသည့် အနေထားဖြစ်ပါစေ K အတွက်ကတော့ ရင်ခုန်သံတွေ လတ်ဆတ်ဆဲ....။ရေမြန်မြန်ချိုးကာ ဆေးရုံသွားဖို့ မြန်မြန် ပြင်ဆင်လိုက်သည်။ဒီနေ့က ဈာန်နှင့် ခန့်ထည်တို့ ဆေးရုံစတင်သည့်နေ့လေ....။ဈာန်နှင့် ခန့်ထည်ဝါတို့ မွေးရက်က သိပ်မကွာတာကြောင့် အားလုံးရဲ့ အကြံပြုချက်ဖြင့် ဈာန်နှင့် ခန့်ထည်ဝါကို ဆေးရုံတင်လိုက်သည်။ မည်သည့် အချိန် မွေးမွေး ဆေးရုံတွင် ဖြစ်၍ အနည်းဆုံးတော့ စိတ်အေးရသည်လေ...။

I Love Both Of You Two (Complete)Where stories live. Discover now