(Unicode)
" တာ့တာ ပြပါဦး ဖေကြီးကို..."
"ဘာလို့လဲ ဦးရဲ့ သားတွေကို အတူ မခေါ်ဘူးလား..."
"Baby ကလည်းကွာ..ဒီညက ကိုယ်တို့ မင်္ဂလာဦးညလေ ...သားတွေကို ကိုယ်တို့နဲ့ အတူခေါ်လို့ ဘယ်ဖြစ်မလဲ..."
"အာ..ဦး ဘာတွေ ပြောနေတာလဲ....ကလေးတွေ မခေါ်ရင် ဘယ်သူနဲ့ ထားခဲ့မှာလဲ..."
"အန်တီ ကေသီရှိတယ် ကလေးတွေ ခဏကြည့်ပေးပါဆိုတော့ ခေါ်ခဲ့တဲ့ သူထိန်းပေးမယ်တဲ့ နှိုင်းမရလေးလဲ အဖော်ရတယ်တဲ့..."
"ဒါပေမယ်..."
"လုပ်ပါbabyရဲ့... နော်..."
"ဦး...လူတွေ ရှိသေးတယ်..."မိုးမာန် မချင့်မရဲဖြင့်..Kရဲ့ ဖင်လုံးလုံးလေးကို ညစ်ပြီး
" အိပ်ရာထဲကျရင် တွေ့မယ်... baby..."
"ဦး.!!!"
ဧည့်သည်တွေ အကုန်ပြန်သွားတော့ ကလေးတွေကို Zမင်းရဲ့ မိခင်စီသွားပို့ထားလိုက်သည်။
"ဟီး အန်တီ ဒုက္ခပေးမိပြီ..."
"မဟုတ်ရပါဘူးကွယ် မြေးငယ်လေးတွေက ချစ်စရာလေးတွေပါ လူလဲယဉ်တယ် တော်ရုံမငိုဘူး...စိတ်ချလက်ချသွားပါကွယ် ကလေးအတွက် မပူနဲ့..."
"ဟုတ် အန်တီ...."
နောက် Kတို့ကားက သူတို့ရဲ့ မင်္ဂလာဦး အခန်းအဖြစ် hotel၌ ချိတ်ထားသော အခန်းဆီသို့.....။
နေအိမ်၌ ရိုးအီနေပြီဟူသော အကြောင်းပြချက်ဖြင့် သူတို့အားလုံးရဲ့ မင်္ဂလာကားက Hotel တစ်ခုဆီသို့.....။နောက် ၄တွဲလုံး ဆိုင်ရာ ဆိုင်ရာ အခန်းတွင်းသို့....။
"မောင်....."
"ဟင်...ဟိန်း.."
"မောင်မှတ်မိလား မောင်ဒီနေ့ ကိုယ့်ကို ဘယ်လိုသိလဲ ပြောပြမယ်ဆို..."
"omm...ဒါပေမယ့်...."
"အခုပြောပြပါလား...မောင်....."
"အင်း နားထောင်နော်...."
"လွန်ခဲ့တဲ့ ၆နှစ် ကိုယ့်မှာ သိပိချစ်ရတဲ့ အမတစ်ယောက် ရှိခဲ့တယ်.....။တစ်နေ့ ကိုယ့်အမက ကိုယ့်ကို လူတစ်ယောက်ရဲ့ ပုံပြတယ်...ဒါအမရဲ့ ချစ်သူတဲ့....။ဟိန်းသိလား မဖြစ်သင့်မှန်းသိပေမယ်...မောင်လေ အဲကောင်လေးကို ချစ်မိသွားတယ်...အမရဲ့ ချစ်သူမှန်း သိနေပေမယ့် အဲကောင်လေးကို ရူးရူးမူးမူးဆွဲလမ်းဖူးတယ်...သူနောက်ကို သူမသိအောင် လျောက်လိုက်....သူ့အလုပ်ကုမ္ပဏီရှေ့မှာ နေ့တိုင်း သူ့ကို သွားသွားချောင်းရတာလည်း အလုပ်တစ်ခုလို ဖြစ်လာတယ်....။ဒါပေမယ့်လေ....တစ်နေ့တော့ မောင့်အမကပြောတယ် သူ့မှာကိုယ်ဝန်ရှိနေပြီတဲ့...... မောင်ချစ်ရတဲ့ သူနဲ့ ရတာတဲ့လေ.....။ကိုယ့်ဘဝကြီးတစ်ခုလုံး ပြိုလဲသွားသလိုပဲ...အဲစကားကိုကြားခဲ့တဲ့ အချိန်တုန်းက......မောင့်ရဲ့ မသိစိတ်ထဲကနေ မဟုတ်ပါစေနဲ့ မောင်တို့ မဝေးရပါစေနဲ့ဆိုတဲ့ စိတ်နဲ့ ...မောင်......မောင်ဆုတောင်းခဲ့တယ်...ကလေးပျက်ကျပါစေလို့.....တကယ်ပဲ...တကယ်ပဲ မောင့်အမကကလေးဖျက်ကျပြီး ကိုယ့်ကိုကိုယ် သက်သေသွားတယ်...."