အပိုင်း(၂၅)

111 8 0
                                    

(Unicode)

Zမင်း ဒီည လူကုန်ကူးရန် ရောက်ရှ်ိနေသည်။
သူ့dad က လူရှေ့တွင် ကုမ္ပဏီ ဘန်းပြပြီး နောက်ကွယ်တွင် လူကုန်ကူးခြင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးခြင်း စတဲ့ ဥပဒေနှင့်မလွတ်ကင်းတဲ့ အရာတွေကို ချုပ်ကိုင်ထားသူ။

သူအရင်က ဒီလိုပြစ်မှုတွေ မျက်တောင်တစ်ချက်မခတ် ပြုလုပ်နိုင်သော်လည်း အခုဒီနောက်ပိုင်း ထိုအလုပ်တွေ လုပ်ကိုင်ရတာ စိတ်မလုံ ။ အခုဒီတစ်ခေါက်က ပိုဆိုးသည်။ သူထွက်လာခါနီး တားစီးချင်‌ဟန်ပေါ်သော မျက်ဝန်းလေးတွေကြောင့် သူ့စိတ်တွေ နေလို့ထိုင်လို့မကောင်း။

"Boss ဟိုဘက်က သင်္ဘောရောက်ပါပြီ"
"ကောင်းပြီ သေချာစောင့်ကြည့်ထား ရဲတွေ သတင်းရထားနိုင်တယ် ဒီတစ်ခေါက် နည်းနည်းများတယ် ။ဒါကြောင့် ပိုဂရုစိုက်"

"ဟုတ်ကဲ့"

Zမင်းတို့ ထိုင်းဖက်က ဂိုဏ်းတစ်ဂိုဏ်းနှင့် လူကုန်‌ကူးနေခြင်းပင်။

Zမင်းတို့ အရောင်းအဝယ်စကားပြောကျပြီးနောက် သူ့ဖက်က ဖမ်းစီးထားတဲ့ မိန်းကလေးတွေကို လွှဲပေးလိုက်သည်။

"ပိုက်ဆံပေးတော့ "

လက်ဆွဲအိတ်နှင့် စားပွဲပေါ်တင်လာပေးတော့ ငွေစစ်ရန် သူဖွင့်ကြည့်လိုက်သည်။ Zမင်းမျက်လုံးတွေ ပြူးသွားသည်။ သူမြင်လိုက်တာက....

ပေါက်ကွဲရန် နာရီဝက်သာလိုသည့် ချိန်ကိုက်ဗုံး တစ်လုံး။

"သတိထားကျ...!!!။ထိုင်းကောင်တွေ သစ္စာဖောက်ပြီ သတိထားကျ.....!!!"

Zမင်းတို့ တစ်ဖက်က လူတွေကို အထင်သေးမိသွားသောကြောင့် အားလုံးက ဝိုင်းခံထားရပြီ။

"မင်းတို့ ဘာလိုချင်လို့လဲ "

ထိုင်းဖက်က ခေါင်းဆောင်က

" ဘာမှတော့မဟုတ်ပါဘူး မင်းတို့ဆီက တစ်ခါတစ်လေတော့ အလကားရဖူးသည်ရှိအောင် လိုချင်လို့ပါ"

Zမင်း စိတ်တိုသွားသည်။ သူ့လူတွေ အားလုံးကို

" ဖောက်ထွက်ကျ ကိုယ့်အသက်ရှင်အောင်သာ ကိုယ်ဂရုစိုက် ဘယ်သူ့အတွက်မှ မစိုးရိမ်နဲ့ ထွက်!!!!"

I Love Both Of You Two (Complete)Where stories live. Discover now