အပိုင်း(၆၀)

222 4 0
                                    

(Unicode)

"Happy birthday to you 🎶🎶 happy birthday to you 🎶🎶 happy birthday to you for... happy birthday to you နှိုင်းမရလေး..."🎶🎶🎶

"Happy birthday မီးမီးလေးရေ တစ်နှစ်ပြည့်မွေးနေ့မှစ နောက်နှစ်ပေါင်းများစွာ ပျော်ရွှင်ခြင်းအပြည့်နဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေနော်..."

"ဟားဟား K ရာ သမီးလေးက အဲလောက်ကြီးနားမလည်သေးဘူးလေ..."

"ဘာပဲဖြစ်ဖြစ်ပေါ့ သမီးလေးကို ဆုပေးတာပဲ နားလည်လည် မလည်လည်ပေါ့.."

"အမြွှာလေးတွေကော..."

"သူတို့ဖေဖေတွေ လက်ပေါ်မှာ အိပ်ပျော်နေတယ်..."

"aww.."

" ကိုယ့်ကို ထိုင်ဦးကွာ တစ်ခြားဧည့်သည်တွေ ဧည့်ခံဦးမယ်..."

"Ok..."

Kလည်း မိုးမာန်တို့နား ပြန်လာကာ ထိုင်လိုက်သည်။

" သားလေးတွေကိုလည်း ၅လပြည့်ကျရင် မွေးနေ့လေး လုပ်ပေးရအောင်နော်..."

"Baby သဘော..."

"omm.."

" အင်း..."

အမြွှာလေး ၂ယောက် သူတို့ဖေဖေလက်ထဲက ကိုယ်စီကိုယ်စီလူးလွန့်ကာ နှိုးလာကျသည်။

"ပါးပါရဲ့ အသဲတုံးလေးတွေ နှိုးလာပြီပေါ့...ဗိုက်ဗိုက်ဆာပြီလား..."

အမြွှာလေးတွေက မျက်လုံးတောက်တောက်လေးတွေနှင့် ဘေးပတ်ဝန်းကျင်ကို စူးစမ်းနေသည်။

"လူတွေ အများကြီးနဲ့ဆိုတော့ အထူးဆန်းဖြစ်နေတယ်ထင်တယ်..."

"ဟုတ်မယ် သားတို့က ပါးပါးကို ဂရုလည်း မစိုက်ဘူး ပါးပါးစိတ်ကောက်ပြီနော်..."

K မျက်နှာလွှဲကာ ပြောတော့ အမြွှာလေးတွေက နားလည်သည့်အလား မျက်လုံးလေးတွေ ပြူးကာ ကြည့်လာသည်။

"ဟဟ သူတို့ပါးပါးကို မျက်နှာတစ်ချက် အညိုးမခံဘူး တွေ့လား..."

"ဟုတ်တယ် ဘယ်သူနဲ့ တူလို့ပါလိမ့်..."

"ကိုယ်တို့နဲ့ တူလို့လေ..."

မိုးမာန်နှင့် မိုးထက်က ကော်လံ ထောင်ကာ ဆံပင်သပြီး ဝင်ပြောသည်။

"ဟဟ..."

"ဒါနဲ့ စည်သူတို့ကော အဲကောင်တွေ ဟန်းနီးမွန်းထွက်သွားတာ ဒီမနက်ပြန်ရောက်ရမှာ မဟုတ်လား နှိုင်းမရလေး မွေးနေ့အမှီပြန်လာပါဆိုတာကို..."

I Love Both Of You Two (Complete)Where stories live. Discover now