အပိုင်း(၂၂)

222 7 0
                                    

(Unicode)

"Hello ကိုယ်ဝင်လာမယ်နော် "

ခန့်ထည်ဝါ တစ်ယောက် boss၂ရက်လုံး အလုပ်မတက်သဖြင့် ရုံးခန်းထဲတွင် တစ်ယောက်ထဲ အလုပ်လုပ်နေချိန် တံခါးဝဆီမှ အသံကြားသဖြင့် ကြည့်လိုက်တော့

"ခင်ဗျား..."
"Oh ကိုယ့်ကို မမှတ်မိဘူးလား ဟိုနေ့က တစ်ခါလာသွားသေးတယ်လေ မင်းလေးရဲ့bossဆီ"
"ဟုတ်ကဲ့ မှတ်မိပါတယ် အခု bossမရှိဘူးခင်ဗျ ဘာမှာထားပေးရမလဲ ခင်ဗျာ "
"No no ကိုယ်မင်းbossဆီလာတာမဟုတ်ဘူး မင်းဆီလာတာ"
"ဗျာ..ကျွန်တော့်ဆီ?"
"ဟုတ်တယ်"
"ဘာကိစ္စ?..."
"လုပ်ချင်လို့ "

ခန့်ထည်ဝါ ထိုသူ၏ တည့်တိုးစကားကြောင့် မျက်နှာကြီးတစ်ခုလုံးရဲပြီး ရှက်သွားသည်။

"ခင်ဗျား.. ၊ မမိုက်ရိုင်းနဲ့ဗျ"
"အာ ကိုယ်က နမ်းချင်တယ် ပြောရုံပါဗျာ။ ပေးနမ်းမလား "

အစထဲက ထိုသူက ခန့်ထည်ဝါ ရင်ခုန်သလိုလို ။လူက ဝေခွဲမရဖြစ်နေသဖြင့် တော်တော်လေး စိတ်ထိန်းထားနေရသည်။

*သတိထားစမ်း ငါဘာဖြစ်နေတာလဲ ယောကျာ်းလေးအချင်းချင်းကို သူပြောတာ စိတ်မဆိုးပဲ မင်းက ဘာဖြစ်နေတာလဲ *

ဟန်ကိုယ့်ဖို့ ဆိုသလိုပင် ခပ်တည်တည်ဖြင့်

"ခင်ဗျား တော်တော် အရှက်မရှိဘူးပဲ ထွက်သွား ကျွန်တော် အလုပ်ရှုပ်နေတယ်"
"မသွားဘူး"
"ခင်ဗျား ..!! ခင်ဗျားမသွားရင် ကျွန်တော်သွားမယ် "

ခန့်ထည် ထိုလူကို ကျော်ပြီး အခန်းပြင်ထွက်ရန် ပြင်လိုက်သည်။

"ဘယ်ပြေးမလို့လဲ ကိုယ့်အပိုင်လေး"

သူ့ကို ဖြတ်ပြီး အပြင်ထွက်ရန်ပြင်နေသောကောင်လေးကို အနောက်မှ လှမ်းဆွဲပြီး လက်ကို အနောက်မှ လိမ်ချိုးကာ ချုပ်ထားလိုက်သည်။

"Fuckကို ခင်ဗျားအပိုင်လား "

"အာ ကိုယ်ပြောတာမဟုတ်လို့လား"
"လွတ်ဗျာ ခင်ဗျား"
" နေပါဦး ကောင်လေးရဲ့ ပျော်စရာတွေ အများကြီးဖန်တီးရဦးမယ်လေ"

ပြောပြောဆိုဆို Zမင်း နောက်လက်တစ်ဖက်က ခန့်ထည်ဝါရဲ့ လည်တိုင်ကို ထိကပ်နမ်းလိုက်သည်။

I Love Both Of You Two (Complete)Where stories live. Discover now