(Unicode)
" ဈာန်..!!!?"
"ဟုတ်ပါတယ် ကျွန်တော့်နာမည် ဈာန်ပါ.. .."
" Baby လွမ်းရိပ် ဘာတွေ ပြောနေတာလဲ...ဈာန်ဆိုတာက ဘာလဲ ... ဟိုရဲကလဲ ဘာလို့ babyကို အလေးပြုသွားတာလဲ..."
" ကိုစည်သူ ကျေးဇူးပြုပြီး ကျွန်တော့်ကို babyလို့ မခေါ်ပါနဲ့ ကျွန်တော့်နာမည်က ဈာန်ပါ... လွမ်းရိပ်က ကျွန်တော့်ချစ်သူပါ..."
"ဘာ"
အားလုံး အံ့အားသင့်သွားကျသည်။ စည်သူကတော့ ဒူးများပင် ညွတ်ကျသွားတော့သည်။
" လူနာရှင်ရှိပါသလား ..လူနာရှင်..."
အဲတော့မှ Zမင်းတို့ သတိပြန်ဝင်ကာ
"ရှိပါတယ် ဆရာမ ကျွန်တော်ပါ..."
" ဟုတ်ကဲ့ ဒီမှာ လက်မှတ်ထိုးပေးပါရှင် .. မွေးလူနာက ပုံမှန်မဟုတ်တော့ ခွဲမွေးဖို့ လူနာရှင် ခွင့်ပြုချက်လိုပါတယ်..."
" ဟို ဘေးထွက် ဆိုးကျိုးရှိနိုင်လား ကလေးကို ခွဲမွေးရင်..."
"မရှိပါဘူးရှင် တစ်ချို့ အမျိုးသမီးတွေလဲ ခွဲမွေးတာတွေ ရှိပါတယ် စိတ်ချပါ အကောင်းဆုံး ကြိုးစားပေးမှာပါ..."
"ကောင်းပါပြီ..."
Zမင်း လက်မှတ်ထိုးပေးလိုက်တော့ သူနာပြုမလေး မွေးခန်းထဲပြန်ဝင်သွားသည်။ဒေါ်ကေသီရှင်းလည်း ဘုရားစာတွေရွတ်ဖတ်ကာ ဆုတောင်းပေးနေသည်။
"Baby ဘယ်လို အခြေနေရှိလဲ မသိဘူး.."
"မသိဘူး ခုထိ မထွက်လာသေးဘူး..."မွေးခန်းနှင့် အရေးပေါ်ခန်းက မျက်နှာချင်းဆိုင်မို့ သူတို့အကုန်လုံး လမ်းတစ်လျောက် ပြည့်နေပြီ..။
" မဟာ ခန့်လေး အဆင်ပြေမှာပါနော်..."
"ပြေမှာပါ ဟိန်းရာ စိတ်အေးအေးထား ကိုယ်တို့ ခန့်လေးအတွက် ဆုတောင်းပေးကျတာပေါ့...."နာရီဝက်ပင် ကျော်လာပြီ..နှစ်ယောက်လုံး အခြေနေမသိရသေး..။
"အူဝဲ...အူဝဲ..."
Zမင်း ပျော်လွန်းပြီး မျက်ရည်များပင် စီးကျလာသည်။ဒေါ်ကေသီရှင်းကို ဖက်ကာ
"Mom သား အဖေ ဖြစ်ပြီဗျ သားကလေး ...ကလေးလေး လူ့လောကကို ရောက်လာပြီ...mom..."
" အမေ့မြေးလေး... ကလေးလေး..."