အပိုင်း(၄၁)

247 6 0
                                    

(Unicode)

" ဘာ ကောင်းပြီ အခုလာခဲ့မယ်.."

"ဘာဖြစ်လို့လဲ ကို.."

"ခန့်လေး ကိုယ် အပြင်ခဏ သွားစရာရှိလို့ အိမ်မှာပဲ နေနော် ဘယ်မှ မသွားနဲ့..."

"ဟုတ်ကို.."

ခန့်ထည်ဝါ ကိုယ်ဝန်က မီးဖွားရက် နီးလာပြီမို့ ဗိုက်ကလေးက ပူပြီးလုံးဝန်းနေတာကို Zမင်း ဖွဖွလေး နမ်းပြီး

"ကလေးလေးရေ .. ဖေဖေ အပြင်သွားမလို့ ကလေးရဲ့ ပါးပါးကို ဂရုစိုက်နော်.."

"ဟဟ ကိုရာ စိတ်ချ ခန့်ဘယ်မှ မသွားဘူး ဟုတ်ပြီလား.."

"အွင်း ကိုယ်သွားပြီ ခဏပဲ တစ်နာရီလောက်ပဲ ပြန်လာခဲ့မယ်.."

Zမင်း ရဲတွေထံမှ dadကို ခြေရာခံမိပြီဆိုတာကြောင့် ထွက်သာထွက်လာရသည် ။အိမ်က ဗိုက်ပူလေးကို စိတ်မချ။ သို့သော် သူ့ဖခင်ဖြစ်သူက အရမ်း ဉာဏ်များလွန်းတာကြောင့် ရဲတွေကြီးသာ လိုက်ဖမ်းလျှင်လည်း မမိနိုင်။

ချိန်းထားတဲ့ နေရာရောက်တော့...

"မိုးမာန်ပိုင်..မိုးထက်ပိုင်..?? ဘယ်လိုဖြစ်ပြီး..."

"အေး ငါတို့ကိုလည်း ရဲစခန်းက ဦးထွန်းမြတ်ကို ခြေရာခံမိတယ် ဖမ်းစီးဖို့ အကူညီလိုလို့ ကူညီပါဆိုတာနဲ့ ထွက်လာတာ မင်းကော.."

"အတူတူပဲ အခုပဲ ဖုန်းရလို့ ထွက်လာတာ ဒါနဲ့..ရဲတွေကော..."

" မသိဘူး မင်းနဲ့ ရှေ့ဆင့်နောက်ဆင့်ရောက်တာ မကြာသေးဘူး မတွေ့ဘူး သူတို့ နောက်ကျနေတယ် ထင်တယ်.."

"ဟုတ်မယ် ခဏ စောင့်ကြည့်ရအောင်.."

၅မိနစ်..။၁၀မိနစ်...။

တစ်ဖြည်းဖြည်း မိနစ်၂၀ကျော်လာပြီ..။ရဲတွေရဲ့ အရိပ်ယောင် မမြင်သေး ...။

"တစ်ခုခုတော့ မှားနေပြီထင်တယ်.."

"ဟုတ်တယ် ကိုယ့်စိတ်တွေလေးလာပြီ..ဖုန်းပြန်ဆက်ကြည့်ပါလား.."

Zမင်း စခန်းကို ဖုန်းပြန်ဆက်မေးလိုက်သည်။

"ဗျာ... ကျွန်တော်တို့ မခေါ်ပါဘူး..."

"ဘာ.."

"မခေါ်ပါဘူး အခုမှပဲ အကိုတို့လဲ သတင်းရလားလို့ လှမ်းမေးမလို့ကို တိုက်တိုက်ဆိုင်ဆိုင် အကို့ဆီက ဖုန်းဝင်လာတာဗျ..."

I Love Both Of You Two (Complete)Where stories live. Discover now