မနေ့က ညနေက သွေးအေးတိုက်ပွဲသည် ပြင်းထန်လွန်းခဲ့သည်။ အပွင့်ဟူ၍ တစ်ပွင့်တစ်လေတောင်မရှိသည့် အထီးကျန်ကြာကန်ထဲကနေ ကြာရွက်တစ်ရွက်အား အမှုမဲ့အမှတ်မဲ့ ချိုးယူခဲ့ခြင်းကြောင့် အိမ်ကြီးရှင်က သူမကို ထိုမျှအထိစိတ်ဆိုးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အမှန်တော့ သူမလည်း တမင်တကာ ဖျက်ဆီးခဲ့ခြင်းတော့မဟုတ်။ သို့သော် တစ်လျှောက်လုံးသည်းခံလာခဲ့သည့်အိမ်ကြီးရှင်က အရွက်တစ်ရွက်အတွက်နှင့် သူမကို ဆူပူကြိမ်းမောင်းလာသောအခါ မြငွေငန်းလည်း မတရားသလို ခံစားလိုက်ရတော့သည်။
"မင်းစိတ်ပျော်ဖို့အတွက် သူများတန်ဖိုးထားတာတွေကို မဖျက်ဆီးလို့ရမလား။" အိမ်ကြီးရှင်၏ဆူပူအပြစ်တင်မှုက အဆုံးမသတ်သွားခဲ့ပေ။ တကယ်တော့ ထိုကြာကန်အသေးလေးကို အိမ်ကြီးရှင် တန်ဖိုးထားမှန်း မြငွေငန်းလည်း သိပါသည်။ နေ့တိုင်း သူမကို ဖိအားပေး နွားစာစဉ်းခိုင်းထားပြီး အိမ်ကြီးရှင်ကတော့ ထိုကြာကန်အား ဂရုစိုက်နေတာကို မြင်တွေ့နေရသောကြောင့်ဖြစ်သည်။
မြငွေငန်းသည် သူမ၏အဒေါ်ထံမှ လိမ်လည်လှည့်ဖျားခံရကာ အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် ဒီရွာသို့ ရောက်လာခဲ့သည်။ သေချာပေါက်ကို သူဝတ်ဆင်ထားသမျှ အသုံးအဆောင်တိုင်းက အိမ်ကြီးရှင် ဆင်ပေးထားတာဖြစ်သည်။ အိမ်ကြီးရှင်က သူမထက် အသက်ပိုကြီးသလို ခန္ဓာကိုယ်လည်းပိုဖွံဖြိုးလေရာ မြငွေငန်းအတွက်တော့ အင်္ကျီ ဖိနပ် အကုန်လုံးက ကွက်တိမဖြစ်ဘဲ ကြီးနေခဲ့သည်။ ဆိုဒ်ကြီးနေသည့် သားရေဖိနပ်က လူကို သတိမထားမိသည်နှင့် ချော်လဲမိအောင် တွန်းပို့နိုင်သည်။ မနေ့က ဖြစ်ရပ်မှာလည်း မြငွေငန်းသည် ဖိနပ်ကြောင့် ချော်သွားပြီး ခန္ဓာကိုယ်ပစ်လဲမကျသွားအောင် နီးစပ်ရာကို လှမ်းဆွဲလိုက်ခြင်းသာဖြစ်သည်။ မမျှော်လင့်ဘဲ ကြာကန်ထဲကနေ ထိုးထွက်နေသည့် ကြာတစ်ရွက်ကို လှမ်းဆွဲလိုက်မိရာ အရွက်ကိုချိုးမိသလိုဖြစ်သွားရုံသာမက သူမကိုယ်တိုင်လည်း ဖင်ထိုင်ရက်ပြုတ်ကျသွားတော့သည်။
ဒါကို အကြောင်းစုံမသိဘဲ ဖြေရှင်းခွင့်လည်းမပေးဘဲ သူမကို တရစပ်ဆူနေသည့် အိမ်ကြီးရှင်ကြောင့် မြငွေငန်းလည်း ဝမ်းနည်းသွားကာ စိတ်တိုတိုဖြင့် ကြာကန်ထဲမှ နောက်ထပ်ကြာရွက်တွေကိုပါ ဖျက်ဆီးဖို့လက်လှမ်းလိုက်သည်။ အကုန်လုံးက သူ့ကို လူဆိုးဖြစ်စေချင်နေမှတော့ သူ လူဆိုးမပဲလုပ်တော့မယ်။
YOU ARE READING
ငန်းဖြူထောင်ချောက်
Romance"ငန်းတစ်ကောင်ကို ဘာနဲ့မျှားရမလဲ" "ကြာတစ်ရွက်နဲ့ပေါ့" ကြာရွက်+မြငွေငန်း GL တောရွာ type ပါ။ pic crd to the original ower coz I downloaded it from Pinterest.