part 9

87 9 0
                                    

       "အဲ့ကလေးမလေးက လိမ္မာလား။" လက်ဖက်အညွန့်လေးတွေချည်းခွဲထုတ်နေရင်းမှ မြငွေငန်းက စကားစလိုက်သည်။ သိချင်လွန်းလို့ မရိုးမရွဖြစ်နေသည့်တိုင် ဟန်ကိုယ်ဖို့လည်းရှိသေးလေရာ မြငွေငန်းလည်း လမ်းကြုံ အပျင်းပြေစပ်စုသလိုမျိုး ဟန်ဆောင်နေ၏။

       ကြာရွက်က သူမ၏နှုတ်ခမ်းထောင့်စွန်းတွေအပေါ်သို့ ကွေးတက်မသွားအောင် ထိန်းထားရင်းမှ ငန်းရိုင်း၏‌အမေးကို ဘယ်လိုဖြေရင်ကောင်းမလဲ စဉ်းစားလို့နေသည်။ သူမအနေနှင့် ကောင်းပေးဖို့ကြိုးစားခဲ့သည့်တစ်စုံတစ်ယောက်ရှိခဲ့ကြောင်း စကားစပ်မိရာကနေ ငန်းရိုင်း၏ထူးထူးဆန်းဆန်းမေးခွန်းတွေက တစ်ခုပြီးတစ်ခု တရစပ်ထွက်ပေါ်လာတော့တာဖြစ်သည်။ ဘယ်လောက်ပဲ မသိသာစေရန် ဖုံးကွယ်ထားပါစေ ကြာရွက်သည် ငန်းရိုင်း၏အသံအတွင်းကိန်းအောင်းနေသော အလိုမကျမှုကိုဖြင့် ဖမ်းဆုပ်လို့ရနေဆဲဖြစ်သည်။

     ထိုအလိုမကျသည့်စိတ်ခံစားချက်ကို အမည်တပ်ရလျှင် မနာလိုခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုလို့ရသည်။ အဆိုပါခံစားချက်က လက်ရှ်ိအချိန်တွင် မြငွေငန်းအား အတော်လေး လွှမ်းမိုးလို့ထား၏။ အိမ်ကြီးရှင်က ကလေးမလေးတစ်ယောက်အပေါ်ကိုတော့ ခြွင်းချက်ထားကာ ကောင်းပေးခဲ့သည်ဟု ပြောလာချိန်တွင် မြ‌ငွေငန်း၏ပထမဆုံးအတွေးမှာ ခါဥဖြစ်သည်။ သို့သော် အိမ်ကြီးရှင်က ငြင်းဆန်ခဲ့၏။ လက်ရှိတွင် အိမ်ကြီးရှင်နှင့်နီးကပ်နေပြီး ထိုကလေးဟုထင်ရသည့်သူကလည်း အခြားတစ်ယောက်ထပ်ရှိမနေပေ။

     "ခါဥလို့ ထင်နေတုန်းလား။" အိမ်ကြီးရှင်၏အမေးကို မြငွေငန်းက ခေါင်းရမ်းပြကာ အဖြေပေးလိုက်သည်။ အိမ်ကြီးရှင်က မဟုတ်ဘူးဆိုရင် မဟုတ်လို့ပဲပေါ့။ ပြောရမယ်ဆို သူမကတောင် ခါဥထက်ပိုပြီး အရေးပေးခံရသေးတာ ဘယ်လိုမှ ခါဥမဖြစ်နိုင်ဘူး။

     "မေးတာသာ ဖြေပါ။" အလိုမကျသည့်အခါ ငန်းရိုင်း၏စကားသံက အခုလိုမျိုး တိုတိုတုတ်တုတ်ဖြစ်သွားတတ်ပြီး ရိုင်းစိုင်းသည်ဟု ထင်ရက်စရာရှိသည်။ သို့သော် ကြာရွက်၏အမြင်တွင်တော့ ငန်းရိုင်းက နဂိုထဲက စိတ်မရှည်တတ်သည့်လူမို့ လောနေရုံသာဖြစ်သည်။

ငန်းဖြူထောင်ချောက်Where stories live. Discover now