part 22

46 4 1
                                    

       သို့သော် သူမ၏မိထွေးကတော့ သရုပ်မှန်ကို ဖုံးကွယ်ထားချင်ဆဲပင်။ သူမထက် အရပ်အနည်းငယ်ပိုမြင့်သည့် အမျိုးသားက စိတ်တိုဟန်ဖြင့် သူမ၏လက်ကို ဆုပ်ကိုင်ထားသည်။ အပ်ချောင်းတွင် သွေးစရှိနေဆဲဖြစ်ပြီး သစ်ပင်မှသစ်ရွက်တို့ကလည်း မလှုပ်ရှားတော့ပေ။ လေပြေညှင်းပင်လျှင် ငြိမ်သက်သွားလေရာ မြငွေငန်းလည်း အမှန်တရားကို ရိပ်မိသွားပြီး မျက်ဝန်းဝိုင်းတွေ ပြူးကျယ်သွားတော့သည်။ မိထွေးက အမျိုးသားတစ်ယောက်ဖြစ်နေခဲ့သည်ပဲ။

     မြမဒီက ဒီအတောအတွင်း အရာအားလုံးကို သူမလက်အတွင်း၌ ကောင်းကောင်းကြီး ကိုင်တွယ်နိုင်ခဲ့တယ်လို့ ထင်နေပေမယ့် သူငယ်ချင်းနှစ်ယောက်ကြား သားအမိနှစ်ယောက်ကြားက နှောင်ကြိုးတွေကို လစ်လျူရှုထားခဲ့မိသည်။ မြငွေငန်းက သူမ၏အမေဖြစ်သူအကြောင်းကို မေးမြန်းဖော်ပင်မရရခြင်းမှာ ထိုကလေးက အသည်းနှလုံးမရှိသည့်ကလေးဖြစ်သောကြောင့်ဟု ထင်နေရှာသည်။ တကယ်တမ်းတွင် မြငွေငန်းက ထိုမျှသွေးအေးသူ မဟုတ်ခဲ့ပေ။

     သူမ၏မိထွေးက သူမအမေ၏ သူငယ်ချင်းကောင်းဖြစ်နေပြီး တစ်ချိန်တည်းမှာ ထိုအမျိုးသမီးက သူမကို ကာကွယ်ပေးဖို့ ရောက်လာသည်ဟု ပြောနေခဲ့သည်။ အခုချိန်တွင် ပြန်တွေးကြည့်မိတော့ သူ့ကိုကယ်တင်ဖို့အတွက် အိမ်ကြီးရှင်က မိဘတွေနှင့်အတူ ကြီးပြင်းလာရမည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။

     "ယုဂန် ရှင်အဲ့လိုမလုပ်ခဲ့သင့်ဘူး။"

     "သူက အဲ့လိုလုပ်ဖို့ ဆန္ဒရှိတယ်။ ပြီးတော့ နောက်ဆုံးမျိုးဆက်ဆိုတာက ကျိန်စာပဲ။ ဒါပြီးရင် ဒီရွာမှာ ဒီလိုမျိုးဖြစ်တည်မှုတွေ နောက်ထပ်မရှိတော့သလို သူကိုယ်တိုင်ကလည်း တစ်ဘဝလုံးစာ ပျော်ရွှင်နိုင်မှာမဟုတ်ဘူး။ မွေးဖွားလာမှုကိုက ကျိန်စာသင့်နေတာ။" ယောက်ျားပျိုက သူ့ဝမ်းဗိုက်သူကိုင်ထားရင်း ဝမ်းနည်းရိပ်သန်းနေသည့် မျက်လုံးတွေဖြင့် စကားဆိုနေသည်။ သူ့ကလေးကကျိန်စာဆိုရင်တောင်မှ တစ်ဘဝလုံး ပျော်ပျော်ရွှင်ရွှင်နေသွားဖို့ မထိုက်တန်ဘူးလား။

     "ဘာလို့ သူက ပျော်ရွှင်လို့မရရမှာလဲ" မြငွေငန်း၏မျက်လုံးထဲတွင် အိမ်ကြီးရှင်က ခြွင်းချက်မရှိ ကောင်းမွန်သည့်လူဖြစ်သည်။ လူကောင်းတွေက အသက်ရှည်ရှည်မနေရတာ ထုံးစံပေမယ့်လို့ အိမ်ကြီးရှင်အစား သူမက ဆိုးသွမ်းပေးနေရင်ရော မရနိုင်ဘူးလား။

ငန်းဖြူထောင်ချောက်Where stories live. Discover now