part 5

113 10 0
                                    

        မြငွေငန်းတစ်ယောက် ပတ်ဝန်းကျင်အသစ်နှင့်အသားကျရန် အချိန်သိပ်မယူလိုက်ရပေ။ တစ်နေ့ခင်းလုံး အပေါ်ထပ်ရှိအခန်းငယ်လေးထဲတွင်အောင်းကာ တစ်စုံတစ်ရာကို လျှို့ဝှက်စွာဖြင့် ပြုလုပ်နေခဲ့သည်။ အခန်းပိုင်ရှင်၏သဘောထားကတော့ ငန်းရိုင်းတစ်ယောက် သူ့အား ကပ်တွယ်ပြီး သူနှင့်စကားများများပြောစေချင်တာဖြစ်သည်။ သို့သော် တစ်ဖက်လူက ဤကဲ့သို့တက်ကြံပျော်ရွှင်နေတာမျိုးကို မြင်ရခဲလေရာ ကြာရွက်လည်း သွားမနှောင့်ယှက်ဝံ့တော့ပေ။

      တစ်နေ့ခင်းလောက် ငြိမ်းချမ်းစွာဖြင့် ကိုင်တွယ်စရာရှိသည့် လုပ်ငန်းတာဝန်တို့ကို စီမံဆောင်ရွက်ပြီးချိန်တွင် ကြာရွက်မှာ အနည်းငယ်ပျင်းရိလာတော့သည်။ ငန်းရိုင်းတစ်ယောက် ဘာလုပ်နေသလဲ မသိရခြင်းက သူ့ကို ပိုပြီးနေမထိထိုင်မသာဖြစ်လာစေသည်။ မျက်စိအောက်တွင် ငန်းရိုင်းရှိမနေသည့်အခါ သူ့ကမ္ဘာကလည်ပတ်သည့်အရှိန်နှေးသွားပြီး နည်းနည်းငြီးငွေ့စရာကောင်းလာ၏။

     ထိုအချိန်တွင် မြငွေငန်းသည် အချောသတ်ပြီးစီးသွားသော သူမ၏လက်ဆောင်ကို နေရောင်အောက်တွင် ဘယ်ပြန်ညာပြန်ကြည့်ရင်း သဘောအကျကြီးကျနေတော့သည်။ အခု မြငွေငန်းတို့ နေနေသည့်အိမ်မှာ ကြာရွက်၏မိဘများ အသက်ရှိစဉ်က နေထိုင်ခဲ့သည့်အိမ်ဖြစ်ပြီး ဒီရွာထဲတွင် အခမ်းနားဆုံးအိမ်ဟု ဆိုလို့ရသည်။ အပြင်အဆင်၊ အသုံးအဆောင်တွေကတော့ ကြာရွက်၏ထိန်းသိမ်းပြုပြင်မှုတွေအောက်တွင် ရိုးရှင်းကာ သာမာန်ဆန်လွန်းနေ၏။ ရုတ်တရက် မြငွေငန်းသည် အိမ်ကြီးရှင်က သူမ၏လက်ဆောင်ကို သဘောကျပါ့မလားဟု တွေးပူလာတော့သည်။

     လက်နှစ်ဖက်ကိုနောက်ပစ်ရင်း လှေကားပေါ်မှ ဆင်းလာသည့် ငန်းရိုင်းကို မျက်လုံးထောင့်စွန်းမှ လှမ်းမြင်လိုက်လေရာ ကြာရွက်လည်း လက်ထဲက ချဉ်ပေါင်ရွက်တို့အား အသာဘေးချကာ ထရပ်လိုက်သည်။

      "ဗိုက်ဆာပြီလား ခဏစောင့်ဦးနော်။"

     လှစ်ခနဲ မီးဖိုချောင်ထဲကို ပြေးဝင်သွားသည့်အိမ်ကြီးရှင်ကြောင့် မြငွေငန်းလည်း အငြင်းစကားတို့ကို ပြန်မျိုချလိုက်ရသည်။ အိမ်ကြီးရှင်အား လှမ်းဆွဲရန် မြှောက်ထားသည့် လက်တစ်ဖက်မှာလည်း လေထဲတွင် တန်းလန်းတောင့်ခဲနေတော့၏။ တစ်နပ်လောက်မစားရရုံနဲ့ ဗိုက်ဆာပြီး သေသွားမှာမဟုတ်တာကို ဘယ်လိုဖြစ်လို့ စကားလေးပြောခွင့်တောင် မပေးရတာလဲ။ အရင်တုန်းကတော့ အိမ်ကြီးရှင်က သူ့ကို ထမင်းခူးကျွေးရန် နောက်ကျခဲ့သဖြင့် အကြီးအကျယ်သောင်းကြန်းခဲ့ဖူးသည်ကို မြငွေငန်းတို့ သေချာပေါက် မှတ်မိခြင်းမရှိတော့ပေ။ အခုချိန်တွင် မြငွေငန်းသည် အလွန်လိမ္မာသည့်ကလေးလိုမျိုး ပြုမူနေလေရာ တစ်ချိန်က ဆိုးသွမ်းခဲ့သမျှတို့ကို အကုန်မေ့ပစ်လိုက်ပုံပင်။ သူမကိုယ်တိုင်ကိုက စိတ်လိုလက်ရဆိုးသွမ်းခဲ့ခြင်းမဟုတ်လေရာ အိမ်ကြီးရှင်ကလည်း သူမကို ခွင့်လွှတ်ဖို့တွန့်ဆုတ်နေမည်မထင်ပေ။

ငန်းဖြူထောင်ချောက်Where stories live. Discover now