part 29

29 3 0
                                    

    "မိန်းကလေးက ဘယ်လိုလဲ။" အသက်အရွယ်အိုမင်းလာပြီဖြစ်သော်လည်း ဩဇာသက်ရောက်မှုမှေးမှိန်မသွားသော ဖခင်ဖြစ်သူကိုကြည့်ရင်း ယုဂန်မှာ ရုတ်တရက် အဖြေစကားမဲ့နေခဲ့သည်။ လေညှင်းပင်လျှင် ညှင်းသွဲ့သွဲ့ မတိုက်ဝံ့ရှာတော့။

     မျိုးရိုးနှစ်ဆက်ဟာ တစ်ချိန်ထဲအတူရှိလို့မရပါဘူးဆိုတာကို ကလေးအရွယ် မနူးမနပ်လေး ကြာရွက်သာ ယုံလိမ့်မည်။ မှောင်မိုက်သည်လည်းမဟုတ် လင်းသည်လည်းမဆိုသာသော လရောင်အောက်တွင် ယုဂန်သည် ဒီအချိန်ကာလ၌ ပထမဆုံးအကြိမ်အဖြစ် ဖခင်အား လာတွေ့ခဲ့သည်။ ထုံးစံအတိုင်း ဒီလူအိုကြီးက သူ့မြေးအတွက် စိတ်ပူပန်နေရှာသည်။

       မြငွေငန်းက ဘယ်လိုလူမျိုးလဲ။ ထိုအမေးကို မဖြေခင် သူတို့က ဘယ်လိုလူမျိုးလဲဆိုတာကို အရင်ပြန်တွေးရလိမ့်မည်။ အဆက်မပြတ်ရွေ့လျားနေသည့်အချိန်၏စီးဆင်းမှုနှင့်အတူ လူသားတွေလည်း လိုက်လံပြောင်းလဲကြသည်မှာ နိယာမဖြစ်သည်။ ထိုပြောင်းလဲမှုတွေ သက်ရောက်ခြင်းမခံရသည့် သူတို့မျိုးနွယ်အတွက်‌ကတော့ ကျိန်စာလော ကောင်းချီးလော ဝေခွဲ၍မရပါ။ မိစ္ဆာလိုဖြစ်တည်မှုနှင့်လည်းခပ်ဆင်ဆင်တူသည်။ ထာဝရရှင်သန်နေနိုင်တာမျိုး မဟုတ်သော်လည်း ကိုယ်နေထိုင်ချင်သည့်ကာလအပိုင်းအခြားကို ရွေးချယ်နိုင်ကြသည်။ သူ့အဖေက သူ့သက်တမ်းတစ်ခုလုံး ကြာရွက်၏ငယ်ဘဝတစ်လျှောက် စောင့်ရှောက်ရင်းနေချင်သလိုမျိုး သူကလည်း လက်ရှိဒီကာလကို ထားရစ်ခဲ့ပြီး အနာဂတ်တွင် မြငွေငန်းကြီးပြင်းလာမည်ကို အဖော်ပြုရန် ရွေးချယ်ခဲ့သည်။

      "အဲ့ကလေးက ငါ့မြေးနဲ့နေချင်တာ သေချာရဲ့လား။" မျက်မှောင်ကြုတ်ထားသည့်လူအိုကြီးက အဖြေကိုမစောင့်ဘဲ ဆက်တိုက် မေးမြန်းနေခဲ့သည်။

       တကယ်ဆို ယုဂန်တစ်ယောက် သူ့ဖခင်ကို နားမလည်ပါ။ ကြာရွက်သာ မွေးဖွားမလာခဲ့ဘူးဆိုလျှင် သူ့ဖခင်က သွေးသားအပေါ် ဒီလောက် ချစ်ခင်တတ်ကြောင်း သိခွင့်ရလိမ့်မည်မထင်ပါ။ ပါးစပ်ကနေ ဖွင့်ဟပြီး တစ်ခါမှမပြောဖူးပေမယ့် ဒီအဖေရဲ့လက်ထဲမှာပဲကြီးပြင်းလာရသည့် ယုဂန်ကတော့ ကြာရွက်အပေါ်ဆက်ဆံပုံဟာ သူတို့ကိုဆက်ဆံသည်နှင့်မတူကြောင်း လုံးဝသတိထားမိသည်။ မျိုးနွယ်စုထဲက တစ်ခုတည်းသော မိန်းကလေး။ နောက်ဆုံးမျိုးဆက်မှန်းသိနေရက်နှင့် ကံကြမ္မာဆိုးကိုသယ်ထားပါကြောင်း သိနေရက်နှင့် မုန်းတီးခြင်းလည်းမရှိသလို စွန့်ပစ်ရန်လည်း တွေးဖူးလိမ့်မည်မထင်ပါ။

You've reached the end of published parts.

⏰ Last updated: Nov 15 ⏰

Add this story to your Library to get notified about new parts!

ငန်းဖြူထောင်ချောက်Where stories live. Discover now