လူကြီးမင်းမာက ခပ်တိုးတိုးပြောသည်တွင် ချန်ချီးက မျက်မှောင်ကြုတ်လိုက်ပြီး ခဏတာခန့် စဉ်းစားနေသယောင် ဟန်ဆောင်လိုက်ကာ ပြီးနောက်မှသာ သဘောတူညီမှုအား ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ။"
လူကြီးမင်းမာက ချန်ချီးလက်ခံလိုက်သည်နှင့် ချက်ချင်းဆိုသလို သူ့တွင်ပါလာသမျှ ငွေစသုံးတုံးစာ ငွေကြေးများအပြည့်ရှိသော ရှုံ့အိတ်လေးကို ထုတ်ပေးလိုက်သည်။
"ကျေးဇူးပဲ ယောက်ဖ။ နောက်ရက်ကျရင် ကျုပ်ပြန်ပေးပါ့မယ်။"
ချန်ချီးက အပြုံးကြီးကြီးပြုံးကာ အပေါ်ယံပြောလိုက်သည်။
"ဒါဆိုလည်း သွားတော့လေ။"
လူကြီးမင်းမာက ခေါင်းမော့လိုက်ပြီး မျက်ခုံးများကိုပင့်ကာ တစ်ဦိးနှင့်တစ်ဦး နားလည်မှုရှိသောဟန်ဖြင့် ချန်ချီးဆီသို့ အကြည့်ပို့လိုက်သည်။ ထိုကိစ္စပြီးသည်နှင့် ချန်ချီးက အနောက်လှည့်လိုက်ပြီး မျက်လုံးလှန်လိုက်မိသည်။
'ဘာတွေကိုလာပြီးတော့ အချင်းချင်းနားလည်နေတာလဲ ငတုံးရဲ့။'
သူတို့သုံးယောက်က အေးအေးဆေးဆေး ခြေလှမ်းများဖြင့် သွေးနီဝတ်ရုံဂေဟာမှ ထွက်လာခဲ့ကြပြီး ဂေဟာအပြင်သို့ရောက်သည်နှင့် ချန်ချီးက ညစ်ထေးထေးလူနှစ်ယောက်အား အဓိပ္ပာယ်ပြည့်ဝသော အကြည့်တစ်ချက်ကို ပေးလိုက်သည်။ ရှောင်ချန်က ရုတ်တရက်ဆိုသလို ချန်ချီးကို ကောက်ချီလိုက်ပြီး လေအလျင်အလား ထွက်ပြေးလိုက်သည်။ သူတို့ကပြေးနေရင်း လူပြတ်လပ်သော လမ်းကြားတစ်ခုအတွင်းသို့ ရောက်ရှိသွားပြီး ပုန်းအောင်းရန်အတွက် နေရာရှာတွေ့ပြီးမှသာ အပြေးရပ်လိုက်ကြသည်။
"ဟားဟားဟား ဟိုအရူးကတော့..."
သူတို့သုံးယောက်က အူခေါက်သွားမတတ် ရယ်မောလိုက်ကြပြီး ချန်ချီးက သူဝတ်ထားသော ပိုးသားဝတ်ရုံအား ပြန်ချွတ်လိုက်ကာ ရှောင်ချန်ဆီသို့ ပစ်ပေးလိုက်သည်။ ပြီးနောက်တွင်တော့ ငွေတုံးသုံးတုံးစာ ငွေပမာဏအား ၃ ယောက်စာ ညီတူမျှတူခွဲဝေလိုက်သည်။
YOU ARE READING
မက်မွန်သီးလေး
Romanceနွေလယ်ခေါင်တွင်ဖြစ်၏။ ရွှေဉာဏ်တော််စူးရောက်လှသော ဧကရာဇ်မင်းကြီးက ရှေးဟောင်းအခမ်းအနားတစ်ခုကို ကျင်းပမည်ဟုဆိုကာ သားတော်များကိုစုဝေးစေပြီး အရွယ်မရောက်တစ်ရောက် မင်းသားပေါက်စတစ်အုပ်အား ခံတွင်းထဲ၌ မက်မွန်သီးများငုံ၍ ဘုံကျောင်း၌ ညအိပ်စေသည်။ ချန်ကျစ်ချီးက ရ...