404 67 2
အားမူလေးက ချယ်ရီသီးကို စားလိုက်မိသဖြင့် ချန်ကျစ်ချီး၏ ပျောက်ဆုံးသွားသော ချယ်ရီသီးက သိပ်မထူးဆန်းတော့ရာ အားလုံးက စိတ်ပေါ့သွားပြီး ဆက်လက်ကာ မစုံစမ်းကြတော့သဖြင့် ချန်ကျစ်ချီးမှာ ကြက်ပေါက်စအား ဝတ်ရုံကြားတွင် ဖွက်ထားလျက်မှ ချင်းယွင်နန်းဆောင်သို့ ဘေးကင်းလုံခြုံစွာ ပြန်ရောက်လာခဲ့သည်။ စားပွဲပေါ်သို့ အတင်ခံလိုက်ရသော သမ်းယီးမှာတော့ ဒေါသမပြေသေးသဖြင့် သူ့တစ်ကိုယ်လုံးမှ ရှိရှိသမျှ အမွေးလေးများက ထောင်ထနေကြကာ သူက စိတ်ငြိမ်သွားသည်အထိ စားပွဲပေါ်တွင် ခြေထောက်သေးသေးဖြင့် ဟိုဘက်ဒီဘက်လျှောက်လိုက် လျှောက်နေလေ၏။
ချန်ကျစ်ချီးက ထိုအသေးလေးအား စိုက်ကြည့်လိုက်ရင်း စားပွဲပေါ်သို့ ကိုယ်တစ်ခြမ်းတင်လိုက်သည်။ ပုရောဟိတ်ကြီးက ဤကြက်ကလေး၏ တည်ရှိမှုကို သိရှိနေသည်မှာ ထင်ရှားပေသည်။ မနက်ကလည်း ပုရောဟိတ်ကြီးက သူ့ကိုခေါင်းခါပြခဲ့သည်။ သူ့ထင်မြင်ချက်သာ မမှားပါက ပုရောဟိတ်ကြီးက ဤကြက်လေးအကြောင်းကို ဘာဆိုဘာမှ ထုတ်မပြောရန် အချက်ပြခြင်းဖြစ်သည်။
ချန်ကျစ်ချီးက သူ့အပြုအမူ၏ နောက်ကွယ်မှ အကြောင်းအရင်းကို မသိထားသော်လည်း သူ့ပင်ကိုစိတ်အရ သူ့ချယ်ရီသီးအား ဤအမွေးနီနီနှင့် ကြက်ပေါက်လေး စားလိုက်သည့်အကြောင်းကို ထုတ်ပြောလိုက်သည်နှင့် ကျင်းဝူကိုယ်ရံတော်များ၏ လက်တွင်းမှဓားက သူ့လည်ပင်းကို ခုတ်လိုက်ပြီးသား ဖြစ်သွားလိမ့်မည်ဟု အလိုလိုပင် အာရုံရနေခဲ့သည်။
"ပုရောဟိတ်ကြီး ပြောပြောနေတဲ့ နတ်ဘုရားအရှင်ဆိုတာ မင်းမဟုတ်လား။"
ချန်ကျစ်ချီးက သူ့အား ဖင်ပေးကာ လမ်းလျှောက်နေဆဲဖြစ်သော ကြက်ဖင်လုံးလေးမှ အမွေးတစ်ချောင်းကို လှမ်းဆွဲလိုက်ပြီး မေးလိုက်သည်။ သူက မေးသည်ထက် ဒီအတိုင်းပြောပြီး အတည်ပြုလိုက်ခြင်းသာ။ လမ်းလျှောက်နေသော ကိုယ်တော်ချောက ချန်ကျစ်ချီး၏ ထိုအမေးအား ကြားလိုက်သည်တွင် လုပ်လက်စကိစ္စကို ရပ်တန့်လိုက်ပြီး ဂုဏ်ယူမှုအပြည့်ဖြင့် ခေါင်းလေးကိုမော့ကာ ရင်ကော့လိုက်သည်။
မက်မွန်သီးလေးWhere stories live. Discover now